3 idiots (2009) မြန်မာစာတန်းထိုး

Posted by ချမ်းငြိမ်း-မှော်ဝန်း on 8:11 PM with No comments

3 idiots (2009) မြန်မာစာတန်းထိုး
---------------------------
ဒီဇာတ်ကားကို ကြည့်ဖူးတဲ့သူတွေ အတော်များများ ရှိမှာပါ။
ကြည့်ဖူးတဲ့ သူတိုင်း တကြိမ်ထက် ပိုကြည့်ဖြစ် ကြမယ်လို့ ထင်ပါတယ်။
ဒီဇာတ်ကားကြည့်ဖူးသူတိုင်း 
ဗိုင်းရပ်စ်၊  ရမ်ချို၊ ဖာဟန်၊ ရာဂျူး ဆိုတဲ့
အဓိကဇာတ်ကောင်တွေကို မေ့နိုင်မယ်မထင်ပါဘူး။
ဗိုင်းရပ်စ်၊
အိန္ဒိယနိုင်ငံရဲ့ အထင်ကရ ICE အင်ဂျင်နီယာကျောင်းရဲ့ ဒါရိုက်တာ၊
ရှေးရိုးဆန်ပြီး စည်းကမ်းကြီးတဲ့ကျောင်းဆရာတယောက်။
မိုနာနဲ့ ပီရာ ဆိုတဲ့ သမီးချောနှစ်ယောက်ရဲ့ ဖခင်။
စနေနေ့ ညနေမှာ သားဖြစ်သူ ရထားပေါ်ကကျပြီး
သေဆုံးခဲ့တာတောင် တနင်္လာနေ့မှာ စာသင်မပျက်ခဲ့တဲ့သူ။
ရာဂျူး၊
ပင်စင်လစာလေး တပဲခြောက်ပြားနဲ့ လေဖြတ်နေတဲ့ အဖေကို ဆေးကုနေရင်း အမေဖြစ်သူ
ချာပါတီရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ ချို့တဲ့စွာ စာသင်ယူနေရတဲ့သူ။
ဖာဟန်၊
ငယ်စဉ်ကတည်းက ဓါတ်ပုံပညာကို ဝါသနာပါပေမယ့် မိဘ ဖြစ်စေချင်တဲ့ 
အင်ဂျင်နီယာကြီးဖြစ်ဖို့အတွက် ICE အင်ဂျင်နီယာကျောင်းကို ရောက်လာခဲ့သူ။
ရမ်ချို၊
ဂြိုဟ်သားဆန်ဆန် ရောက်လာခဲ့သူ။ ရောက်တဲ့နေ့မှာပဲ စီနီယာတွေနဲ့
ကျောင်းအစဉ်အလာတချို့ကို ချိုးဖြတ်ခဲ့သူ။
" မိုက်ကယ်ဂျက်ဆန်ကို သူ့အဖေက
လက်ဝှေ့သမားတယောက် ဖြစ်စေချင်ခဲ့ရင်၊
မိုဟာမက်အလီရဲ့ အဖေက သူ့ကို အဆိုတော်တယောက် 
ဖြစ်စေချင်ခဲ့ရင်" စတဲ့ စကားတွေနဲ့
သူငယ်ချင်း နှစ်ယောက်ကို လမ်းကြောင်းမှန်ပေါ်
ပို့ဆောင်ပေးခဲ့သူ။
ဒီဇာတ်ကားက ...
မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်ကြားက
အခြေခံသဘောထားတွေကို ကိုင်လှုပ်နိုင်ခဲ့သလို
ပညာရဲ့ အသွင်ကို ထိထိမိမိ တင်ပြထားတဲ့
ဇာတ်ကားကောင်း တကားဖြစ်ပါတယ်။

ကျနော့်ရဲ့ FB အကောင့်ကိုလည်း

Add ထားပေးကြပါဦး။

https://www.facebook.com/channyeinmw

Telegram ကနေလည်း တင်ပေးထားပါတယ်။

ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။

https://t.me/channyeinmw

အောက်မှာ မိမိတို့ အဆင်ပြေမယ့် ဒေါင်းလုတ်လင့် တွေကနေ

ကြည့်ရှုဒေါင်းယူနိုင်ပါတယ်။


  • Download

  • ချမ်းငြိမ်း-မှော်၀န်း
    Categories: