ယုံကြည်ချက် တစိတ်တပိုင်းကို ဖွင့်အံဖို့နှင့် လေ့ကျက်မိသမျှ မျှဝေဖို့

  • ကြောက်တတ်တဲ့ အစုမှာလား၊ ဖေါက်ထွက်မယ့် အစုမှာလား။

    (သပြေသီးကောက်) ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်။ မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဘူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့ အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ် သွားကွယ်။ (မင်းသုဝဏ်) ...

    Read More
  • The Lord of the Rings: မြန်မာစာတန်းထိုး

    နဂိုထဲက ကောင်းပြီးသား ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။..

    Read More
  • Prison Break Season 1 မြန်မာစာတန်းထိုး

    Prison Break Season 1 မြန်မာစာတန်းထိုး အကြိမ်ပေါင်းများစွာ ဘယ်နှကြိမ်ပဲ ကြည့်ကြည့် ရိုးမသွားနိုင်တဲ့ စီးရီးကောင်းတကားပါ အတော််များများကြည့်ဖူးပြီးပြီးသားဖြစ်တာမို့ ဇာတ်လမ်းအညွှန်းကိုတော့ မရေးပေးထားတော့ပါဘူး အောက်မှာ Season 01 ကို ဒေါင်းယူနိုင်ပါတယ်

    Read More

12 Years a Slave(2013) မြန်မာစာတန်းထိုး

 

12 Years a Slave(2013) မြန်မာစာတန်းထိုး

---------------------

ကမ္ဘာပေါ်မှာ လုံးဝမပေါ်ပေါက်သင့်တဲ့ 

အင်မတန်မှ ထိတ်လန့် စက်ဆုပ်ဖွယ်ရာ

စနစ်တခု ပေါ်ပေါက်ခဲ့ဖူးပါသည်။

အဲဒါကတော့ ကျွန်စနစ်ပါ။

လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အလံကို

အမြင့်ဆုံးလွှင်ထူနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ

လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က အဲဒီစနစ်ကြီး

အားကောင်းမောင်းသန် ပေါ်ထွန်းခဲ့ဖူးပါသည်။

အမေရိကန်ပြည်ထောင်စုမှာ ကျွန်စနစ်ကို

ဖျက်သိမ်းမယ့် အေဘရာဟမ် လင်ကွန်း

သမတ မဖြစ်မီ ၈ နှစ်၊ ၉ နှစ်ခန့်မှာ

ကျွန်စနစ်ရဲ့ ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တွေကို ဖော်ပြထားတဲ့ စာအုပ် နှစ်အုပ်

ထွက်ရှိခဲ့ပါသည်။

Uncle Tom's Cabin -(1852) နဲ့ 

Twelve Years a Slave -(1853) တို့ ဖြစ်ကြပါသည်။

Uncle Tom's Cabin စာအုပ်ကို ဆရာကျော်လှိုင်ဦးက

"ဦးလေးတွမ်" အမည်နဲ့ မြန်မာဘာသာပြန်ခဲ့ပါသည်။

Twelve Years a Slave ကိုတော့  မြန်မာဘာသာပြန်မရှိဟုထင်ပါသည်။

Twelve Years a Slave  စာအုပ်က

စိတ်ကူးယဉ်ဝတ္ထုမဟုတ်ပဲ 

​" ဆော်လမွန် နော့အက်ပ် " ဆိုတဲ့ လူတယောက်ရဲ့

ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ဖြစ်ပါသည်။


" ဆော်လမွန် နော့အက်ပ်"

နယူးယောက်မြို့က လွတ်လပ်တဲ့ လူမည်းအမျိုးသားတယောက်။

သူဟာ ဇနီးသည်၊ သားတယောက်၊ သမီးတယောက်နဲ့  ဘဝအေးချမ်းစွာဖြတ်သန်းနေသူ။

သူဟာ တယောထိုးကောင်းတဲ့ ဂီတသမားတယောက်။

တနေ့မှာ ယဉ်ကျေးတဲ့ လူဖြူအမျိုးသားနှစ်ယောက်က

ဝါရှင်တန်ဒီစီက ဆပ်ကပ်ပြပွဲရုံတခုမှာ

အလုပ်လုပ်ဖို့ ဌါးရန်းခဲ့လို့ လိုက်ပါခဲ့ရာက ....

လူသားတို့ ဖန်တီးထားတဲ့ ငရဲခန်းကိုရောက်ခဲ့ရပါတော့သည်။

"ဆော်လမွန်နော့အက်ပ်" ဆိုသော လွတ်လပ်သောလူသားတယောက်မှသည်

 "ပလတ်" ဟူသော ငရဲသားတယောက်ဖြစ်ခဲ့ရပုံ။

လူ့ငရဲမှာ ဘဝတူ ကျွန်တွေရဲ့ ငရဲခန်းနဲ့  သူ့ဖြတ်သန်းမှု ရုန်းကန်မှု။

စက်ဆုပ်ဖွယ် လူ့ငရဲကနေ သူ .....

မကြည့်ရသေးရင် ကြည့် ကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။

ကျနော့်ရဲ့ FB အကောင့်ကိုလည်း Add ထားပေးကြပါဦး။

https://www.facebook.com/channyeinmw

Telegram ကနေလည်း တင်ပေးထားပါတယ်။

ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။

https://t.me/channyeinmw

အောက်မှာ မိမိတို့ အဆင်ပြေမယ့် ဒေါင်းလုတ်လင့် တွေကနေ

ကြည့်ရှုဒေါင်းယူနိုင်ပါတယ်။


  • Download

  • ချမ်းငြိမ်း-မှော်၀န်း

    3 idiots (2009) မြန်မာစာတန်းထိုး


    3 idiots (2009) မြန်မာစာတန်းထိုး
    ---------------------------
    ဒီဇာတ်ကားကို ကြည့်ဖူးတဲ့သူတွေ အတော်များများ ရှိမှာပါ။
    ကြည့်ဖူးတဲ့ သူတိုင်း တကြိမ်ထက် ပိုကြည့်ဖြစ် ကြမယ်လို့ ထင်ပါတယ်။
    ဒီဇာတ်ကားကြည့်ဖူးသူတိုင်း 
    ဗိုင်းရပ်စ်၊  ရမ်ချို၊ ဖာဟန်၊ ရာဂျူး ဆိုတဲ့
    အဓိကဇာတ်ကောင်တွေကို မေ့နိုင်မယ်မထင်ပါဘူး။
    ဗိုင်းရပ်စ်၊
    အိန္ဒိယနိုင်ငံရဲ့ အထင်ကရ ICE အင်ဂျင်နီယာကျောင်းရဲ့ ဒါရိုက်တာ၊
    ရှေးရိုးဆန်ပြီး စည်းကမ်းကြီးတဲ့ကျောင်းဆရာတယောက်။
    မိုနာနဲ့ ပီရာ ဆိုတဲ့ သမီးချောနှစ်ယောက်ရဲ့ ဖခင်။
    စနေနေ့ ညနေမှာ သားဖြစ်သူ ရထားပေါ်ကကျပြီး
    သေဆုံးခဲ့တာတောင် တနင်္လာနေ့မှာ စာသင်မပျက်ခဲ့တဲ့သူ။
    ရာဂျူး၊
    ပင်စင်လစာလေး တပဲခြောက်ပြားနဲ့ လေဖြတ်နေတဲ့ အဖေကို ဆေးကုနေရင်း အမေဖြစ်သူ
    ချာပါတီရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ ချို့တဲ့စွာ စာသင်ယူနေရတဲ့သူ။
    ဖာဟန်၊
    ငယ်စဉ်ကတည်းက ဓါတ်ပုံပညာကို ဝါသနာပါပေမယ့် မိဘ ဖြစ်စေချင်တဲ့ 
    အင်ဂျင်နီယာကြီးဖြစ်ဖို့အတွက် ICE အင်ဂျင်နီယာကျောင်းကို ရောက်လာခဲ့သူ။
    ရမ်ချို၊
    ဂြိုဟ်သားဆန်ဆန် ရောက်လာခဲ့သူ။ ရောက်တဲ့နေ့မှာပဲ စီနီယာတွေနဲ့
    ကျောင်းအစဉ်အလာတချို့ကို ချိုးဖြတ်ခဲ့သူ။
    " မိုက်ကယ်ဂျက်ဆန်ကို သူ့အဖေက
    လက်ဝှေ့သမားတယောက် ဖြစ်စေချင်ခဲ့ရင်၊
    မိုဟာမက်အလီရဲ့ အဖေက သူ့ကို အဆိုတော်တယောက် 
    ဖြစ်စေချင်ခဲ့ရင်" စတဲ့ စကားတွေနဲ့
    သူငယ်ချင်း နှစ်ယောက်ကို လမ်းကြောင်းမှန်ပေါ်
    ပို့ဆောင်ပေးခဲ့သူ။
    ဒီဇာတ်ကားက ...
    မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်ကြားက
    အခြေခံသဘောထားတွေကို ကိုင်လှုပ်နိုင်ခဲ့သလို
    ပညာရဲ့ အသွင်ကို ထိထိမိမိ တင်ပြထားတဲ့
    ဇာတ်ကားကောင်း တကားဖြစ်ပါတယ်။

    ကျနော့်ရဲ့ FB အကောင့်ကိုလည်း

    Add ထားပေးကြပါဦး။

    https://www.facebook.com/channyeinmw

    Telegram ကနေလည်း တင်ပေးထားပါတယ်။

    ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။

    https://t.me/channyeinmw

    အောက်မှာ မိမိတို့ အဆင်ပြေမယ့် ဒေါင်းလုတ်လင့် တွေကနေ

    ကြည့်ရှုဒေါင်းယူနိုင်ပါတယ်။


  • Download

  • ချမ်းငြိမ်း-မှော်၀န်း