ယုံကြည်ချက် တစိတ်တပိုင်းကို ဖွင့်အံဖို့နှင့် လေ့ကျက်မိသမျှ မျှဝေဖို့

  • ကြောက်တတ်တဲ့ အစုမှာလား၊ ဖေါက်ထွက်မယ့် အစုမှာလား။

    (သပြေသီးကောက်) ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်။ မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဘူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့ အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ် သွားကွယ်။ (မင်းသုဝဏ်) ...

    Read More
  • The Lord of the Rings: မြန်မာစာတန်းထိုး

    နဂိုထဲက ကောင်းပြီးသား ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။..

    Read More
  • Prison Break Season 1 မြန်မာစာတန်းထိုး

    Prison Break Season 1 မြန်မာစာတန်းထိုး အကြိမ်ပေါင်းများစွာ ဘယ်နှကြိမ်ပဲ ကြည့်ကြည့် ရိုးမသွားနိုင်တဲ့ စီးရီးကောင်းတကားပါ အတော််များများကြည့်ဖူးပြီးပြီးသားဖြစ်တာမို့ ဇာတ်လမ်းအညွှန်းကိုတော့ မရေးပေးထားတော့ပါဘူး အောက်မှာ Season 01 ကို ဒေါင်းယူနိုင်ပါတယ်

    Read More
Showing posts with label Politics. Show all posts
Showing posts with label Politics. Show all posts

သေသူကို ကြောက်ရွံ့နေကြသူများ

သေသူကို ကြောက်ရွံ့နေကြသူများ
---------------------------
၁။
၁၉၅၀ ဩဂုတ်လ ၁၄ ရက်၊မိုးသည်းထန်သောနေ့
ထိုနေ့မှာ ကရင်အမျိုးခေါင်းဆောင်ကြီး
စောဘဦးကြီး တိုက်ပွဲမှာ ကျဆုံးသွားပြီဟု
ကြေညာခဲ့သည်။
စောဘဦးကြီး၏ ရုပ်အလောင်းကို
မော်လမြိုင်ဆေးရုံမှာ ရင်ခွဲစစ်ဆေးပြီး
စစ်လေယာဉ်နှင့်သယ်ကာ
ပင်လယ်အဝေးတနေသို့ သွားရောက်ပစ်ချကာ
အလောင်းကို ဖျောက်ဖျက်ခဲ့ကြပါသည်။
သက်မဲ့ ခန္ဓာကို ဘယ်လိုပဲ ဖျောက်ဖျက်ခဲ့စေကာမူ
ကရင်အမျိုးသားတို့၏ နှလုံးသား၌
စောဘဦးကြီးသည် အစဉ်အမြဲရှင်သန်နေသလို
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲနေသော လူသားတိုင်းကလည်း စောဘဦးကြီးကို
အမြဲအမှတ်ရနေမည်သာ။
၂။
၁၉၆၇ အောက်တိုဘာလ ၉ ရက်၊ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်၊
" မင်း ငါ့ကိုသတ်ဖို့လာတယ်ဆိုတာ ငါသိတယ်။
ကဲ ပစ်စရာရှိတာ ပစ်ကွာ။
သူရဲဘောကြောင်တဲ့ကောင် ပစ်။
မင်းက လူသတ်သတ်ဖို့ဖြစ်လာကောင်ပဲ။"
ရဲဘော်ချေသည် သူ့အားသတ်မည့် အာဏာသားကို ရဲရဲရင့်ရင့်ပြောပြီး မျက်လုံးဖွင့်လျှက်
သေခြင်းကို ရင်ဆိုင်သွားခဲ့သည်။
အောက်တိုဘာလ ၁၁ ရက်၊ ချေ သေဆုံးပြီး
၂ ရက်အကြာ၊ မိုးဖွဲဖွဲကျနေသည့်ည။
လူသတ်သမားတို့သည် ရဲဘော်ချေနှင့်
ပြောက်ကျားစစ်သည်နှစ်ဦး၏ ရုပ်အလောင်းများကို
ထရပ်ကားတစီးပေါ်တင်ပြီး ကင်းဗတ်စများဖြင့် အုပ်ကာ ကားမောင်းထွက်လာ၏။
လေဆိပ်ဟောင်းတခုအနီးသို့ ရောက်သောအခါ
ကားကို ရပ်လိုက်၏။
သူတို့သည် ဘူလ်ဒိုဇာတစီးကို ယူကာ
၁၈ ပေ အနက်၊ ပေ ၃၀ အကျယ် တွင်းတတွင်းကို
တူးလိုက်ကြသည်။
ထိုနောက် တွင်းထဲကို အလောင်းတွေ ပစ်ချ၏။
ဘူလ်ဒိုဇာနှင့် မြေတွေဖို့ပစ်၏။
​ကမ္ဘာကျော်တော်လှန်ရေးသမားကြီးဖြစ်သော
ချေဂွေဗားရား၏ ရုပ်အလောင်းသည်
စိုစွတ်စွတ်၊ အေးစက်စက် အမှောင်ညတွင် ထိုသို့
ဖျောက်ဖျက်ခံခဲ့ရပါသည်။
သို့သော် ...
ထိုအဖြစ်အပျက်ဖြစ်ပြီ နှစ်ပေါင်း ၃၀ အကြာ ၁၉၉၇ ခုနှစ်တွင်၊ ဘူမိဗေဒပညာရှင်များနှင့်
မနုဿဗေဒပညာရှင်များက
ချေ၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
ထိုနည်းတူ
အဖိနှိပ်ခံလူတန်းစားတို့အတွက်
တော်လှန်တိုက်ခိုက်နေကြသည့် မည်သူမဆို
သူတို့၏ နှလုံးသား၌ ချေဂွေဗားရားသည်
ထာဝရရှင်သန်နေမည့် သူရဲကောင်းတယောက်
ဖြစ်ပါသည်။
၃။
လူတချို့သည် အသက်ရှင်စဉ်ကပင်
သေဆုံးနေကြပါသည်။
လူတချို့သည်ကား ရုပ်ခန္ဓာသေဆုံး ဖျောက်ဖျက်ခံရပေမယ့်
နာမည်နဲ့ ဂုဏ်သတင်းသည်ကား
ကမ္ဘာတည်သရွေ့ ထာဝရရှင်သန်နေမည် ဖြစ်သည်။
လူတချို့သည် သေမည်ကို သိသော်လည်း
မကြောက်မရွံ့ရင်ဆိုင်နိုင်ကြသည့်တိုင်
လူတချို့ကမူ သေသူကိုပင် ကြောက်ရွံ့နေကြသည်။
ကနေ့ မြန်မာ့နွေဦးတော်လှန်ရေးသည်
သေဆုံးပြီသူများနှင့် ထာဝရရှင်သန်နေမည့်
သူတို့၏ တိုက်ပွဲဖြစ်သည်။
အဆုံးသတ်မှာ
" တရားတဲ့သူသာ နိုင်ကြေးဟေ့"။

(( စစ်အုပ်စု၏ သတ်ဖြတ်ဖျောက်ဖျက်ခံရသော
သူရဲကောင်းများအား အလေးနီဖြင့်))

ချမ်းငြိမ်း-မှော်ဝန်း
#CN
07/31/2022 


 

ချေ Part One (၂၀၀၈) မြန်မာစာတန်းထိုး


 ချေ Part One (၂၀၀၈) မြန်မာစာတန်းထိုး

-------------------
Telegram ကနေ ဖိုင်ဆိုဒ်နှစ်မျိုးနဲ့ ထပ်တင်ပေးပါတယ်။
ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။
အပိုင်း (၂) ကိုလည်း မကြာခင်တင်ပေးသွားပါ့မယ်။
တော်လှန်ရေးအစစ်ကို ကြီးမြတ်တဲ့ ချစ်ခြင်းတရားရဲ့ ခံစားချက်ကနေ ဦးဆောင်တယ်။
လူသားဆန်မှု၊ တရားမျှတနဲ့ အမှန်တရားကို မြတ်နိုးမှု။
စစ်မှန်တဲ့ တော်လှန်ရေးစစ်စစ်ကို ဒီအရည်အချင်းတခုမှ မရှိဘဲ မဖြစ်တည်နိုင်ဘူး။
(ဒီစကားတွေဟာ ဒီဇာတ်ကားထဲမှာ "ချေ" ပြောသွားတဲ့ စကားတွေပါ)
“ဒေါက်တာ အာနက်စတို ချေဂွေဗားရားဟာ ခရစ်သက္ကရာဇ် ၁၉၂၀ ခုနှစ်
အာဂျင်တီးနားနိုင်ငံ ရိုစာရီယို (Rosario) မှာ မွေးဖွားခဲ့တယ်။
သူ့ဖခင်ဟာ ဗိသုကာ ပညာရှင်တဦး ဖြစ်တယ်။
ဆရာဝန်ဘွဲ့ကို ဆွတ်ခူးရရှိပြီး မကြာခင်မှာပဲ လက်တင်အမေရိကတိုက်
အဖိနှိပ်ခံပြည်သူတွေရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။
ကျူးဘားတော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အောင်ပွဲခံခဲ့တယ်။
အသက် ၃၉ နှစ်မှာ ဘိုလီးဗီးယားနိုင်ငံတွင် ကျဆုံးခဲ့တယ်။
ဒီဇာတ်ကားမှာတော့ ကျူးဘားတော်လှန်ရေးအတွင်းမှ ပြောက်ကျားစစ်နဲ့
သူ၏ တော်လှန်ရေးဖြတ်သန်းမှု ဘဝကိုတွေ့မြင်ရမှာပါ။
သူတို့ မက္ကဆီကို ကနေ ထွက်လာတော့
ရေတွေယိုစိမ့်နေတဲ့ လှေတစီးနဲ့ လူ ၈၂ ယောက်။
အဲဒီအထဲက လူ ၁၂ ကပဲ တော်လှန်ရေးအောင်မြင်တဲ့အထိ အသက်ရှင် ကျန်ရစ်ခဲ့တယ်။
ဒီဇာတ်ကားကို ကျနော်အာရုံကျမိတာက
ပြောက်ကျားစစ်၊ တော်လှန်ရေးနဲ့ "ချေ" ပဲ ဖြစ်ပါတယ်။
"ချေ" ဟာဘယ်လိုလူလဲ။
တော်လှန်ရေးဟာ ဘာလဲ။
ပြောက်ကျားစစ်ဆိုတာ ဘာလဲ ဆိုတာ
ဒီဇာတ်ကားထဲမှာ တွေ့မြင်ရပါမယ်။
အောက်က နှစ်သက်ရာလင့်တွေကနေ
ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။
လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။
One Drive

Usersdrive

GoogleDrive

ချေ Part Two (၂၀၀၈) မြန်မာစာတန်းထိုး


 ချေ Part Two (၂၀၀၈) မြန်မာစာတန်းထိုး

-------------------
Telegram ကနေလည်း တင်ပေးထားပါတယ်။
ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။
အပိုင်း (၁) ကို မကြာသေခင်က တင်ပေးထားပါတယ်။
မကြည့်ရသေးရင် ဒီမှာ ကြည့်ရှုဒေါင်းယူနိုင်ပါတယ်။
​"ချေ" ဟာ ဘယ်လို လူစားလဲ။
ကျူးဘားမှာ ပါတီခေါင်းဆောင်တယောက်၊ ဝန်ကြီးတယောက်၊
ဇနီးနဲ့ သား/ သမီး ငါးယောက်ရဲ့ ဖခင်တယောက်အနေနဲ့ သူ့ဘဝကို အေးချမ်းသာယာစွာ
ဖြတ်သန်းလို့ ရပါလျက်
ဘိုလီဗီးယားတောတွင်းမှာ အငတ်ငတ်၊ အပြတ်ပြတ်နဲ့ တော်လှန်ရေး သမားဘဝကို
ဘာကြောင့်များ ရွေးချယ်ခဲ့ပါသလဲ။
"ချေ" ဟာ ကြီးမြတ်တဲ့ တော်လှန်ရေးသမားတယောက်၊
သန့်စင်တဲ့ လူသားဆန်မှုကြောင့်လို့ ကျနော်ထင်ပါတယ်။
"တော်လှန်ရေးစစ်စစ် ဆိုတာ
နိုင်ရင်နိုင် မနိုင်ရင် သေရမယ်" ဆိုတဲ့ အယူအဆကို လက်ကိုင်ထားပြီး
သူ့ အသက်ကို နုတ်ယူမယ့် မရဏပြောင်းဝကို
တည်ကြည်ရဲဝင့်စွာ စူးစိုက်ကြည့်ခဲ့တဲ့ သူရဲကောင်း တယောက်။
ထိုသူရဲကောင်း ဘာတွေလုပ်ခဲ့သလဲ။ ဘာတွေမှားခဲ့သလဲ။
စတဲ့ စတဲ့ အဖြေတွေ၊ သင်ခန်းစာတွေကို
​ဒီရုပ်ရှင်ကနေ တစိတ်တပိုင်း အကဲဖြတ်နိုင်ပါလိမ့်မယ်။
အောက်က နှစ်သက်ရာလင့်တွေကနေ ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။
လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။

Telegram

Mediafire 360p 500 MB

Mediafire 720p 1.4 GB

GoogleDrive 360p 500MB

GoogleDrive 720p 1.4 GB

OneDrive 720p 1.4 GB

UsersDrive 720


Beyond Rangoon (1995) မြန်မာစာတန်းထိုး


Beyond Rangoon (1995) မြန်မာစာတန်းထိုး

သူမအမည်က လော်ရာ ၊

ခင်ပွန်းသည် နဲ့ သားဖြစ်သူအသတ်ခံလိုက်ရတဲ့ လော်ရာဟာ သူမရဲ့ စိတ်သောကတွေ

ငြိမ်းအေးဖို့ အစ်မဖြစ်သူနှင့် အတူ ဗမာပြည်ကို

ကမ္ဘာလှည့် ခရီးသည်အနေနဲ့ ရောက်ရှိခဲ့ပါသည်။

ဗမာပြည်မှာ ၈၈၈၈ အရေးတော်ပုံကြီးနဲ့

ကြုံခဲ့ရတာက စပြီး သူမရဲ့ နိုင်ငံကူးလက်မှတ်

ပျောက်ဆုံးခဲ့တဲ့အတွက် ဗမာပြည်မှာ ပိတ်မိနေခဲ့ပါတယ်။

ဒီနောက်မှာ ဒီမိုကရေစီ တိုက်ပွဲဝင် ကျောင်းသားများနှင့် အတူ သူမပါဝင်ခဲ့ပါသည်။  

စစ်အာဏာရှင်များ၏ မတရား ဖိနှိပ်ရက်စက်မှုများကြားမှာ သူမတယောက် ....

ဘာတွေဖြစ်ခဲ့သလဲ ......။

ဒီဇာတ်လမ်းဟာ   ဖြစ်ရပ်မှန်ကိုအခြေခံထားပြီး

၈၈၈၈ ကာလကို တို့ထိဆဝါး ထားပါသည်။

မြန်မာနိုင်ငံသားတယောက်အနေနှင့်

မကြည့်ရသေးရင် ကြည့် ကြည့်ပါလို့ တိုက်တွန်း

လိုက်ပါရစေ။

ကျနော့်ရဲ့ FB အကောင့်ကိုလည်း

Add ထားပေးကြပါဦး။

https://www.facebook.com/channyeinmw

Telegram ကနေလည်း တင်ပေးထားပါတယ်။

ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။

https://t.me/channyeinmw

အောက်မှာ မိမိတို့ အဆင်ပြေမယ့် ဒေါင်းလုတ်လင့် တွေကနေ

ကြည့်ရှုဒေါင်းယူနိုင်ပါတယ်။


  • Download

  • ချမ်းငြိမ်း-မှော်၀န်း

    တပ်မတော်နေ့ မရှိခဲ့ပါ


     တပ်မတော်နေ့ မရှိခဲ့ပါ

    -------------------
    ၁၉၅၅ ခုနှစ်မှ ကနေ့အထိ မတ်လ (၂၇) ရက်နေ့
    ရောက်တိုင်း တပ်မတော်နေ့ဟုဆိုကာ
    "မအလ" တို့ ပြည်သူကို " ဂျင်း" ထည့်ကြပါသည်။
    ဗမာ့ တပ်မတော်သက်တမ်းတလျှောက်တွင်
    ဖက်ဆစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သည် ဟူသော
    ကိစ္စမှတပါး အခြားကောင်းသည့် အစဉ်အလာ
    တခုမှ မရှိပါ။
    ထိုဖက်ဆစ်တော်လှန်ရေးတွင်လည်း
    နောက်လိုက်၏ နောက်လိုက်နောက်ပါးမှ
    နောက်လိုက်၏ နောက်လိုက်မျှသာ ဖြစ်ခဲ့ပါသည်။
    "ခါချဉ်ကောင် မာန်ကြီးလို့
    တောင်ကြီးဖြိုရန်" ကြံသကဲ့သို့ " သိန်းဖေတယောက်
    အိန္ဒိယသို့ ခြေကျင်လျှောက်သော
    ခရီးစဉ်သည် ဖက်ဆစ်အကူကိုယူမိသော
    တပ်မတော်ကို ကယ်တင်လိုက်လေသည်။"
    ဟု ရောဘတ်တေလာ၏ မြန်မာ့တော်လှန်ရေး
    သမိုင်းစာအုပ်တွင် ဆိုပါသည်။
    ဖက်ဆစ်တော်လှန်ရေးအကြောင်းပြောရရင်
    ၁၉၄၀ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့မှာ ကျင်းပတဲ့
    တို့ဗမာအစည်းအရုံး ကွန်ဖရင့်( ဗဟိုကော်မတီအစည်းအဝေး) မှာ
    သခင်သန်းမြိုင်(ကျောက်ဆည်) တင်ပြဆွေးနွေးခဲ့ကြသည့်
    အင်းစိန်ထောင်အတွင်းမှာ သခင်စိုးတို့ ရေးသားသည့်
    အင်းစိန်စစ်တမ်း ကနေ အစကောက်ရပါမည်။
    ထိုစစ်တမ်းပါ သဘောတရားမှာ
    "ကမ္ဘာ့ဖက်ဆစ်ဝါဒကို တိုက်ဖျက်ရေး၊
    ကမ္ဘာစစ်ကြီးအတွင်းမှာ မဟာမိတ်များနဲ့
    တွဲဖက်တိုက်ခိုက်ပြီး ဗမာ့လွတ်လပ်ရေးကို
    အရယူရန်" ဖြစ်သည်။
    အင်းစိန်စစ်တမ်း၏ အဆက်လို့ ဆိုရမယ့်
    မြင်းခြံစစ်တမ်းကို မြင်းခြံထောင်မှာ
    သခင်စိုး ရေးပြီး အဲဒီစစ်တမ်းပါ သဘောတရားအတိုင်း သခင်ခေါင်းဆောင်တွေ
    ထောင်ကလွတ်တဲ့အခါမှာ တာဝန်ခွဲပြီး အလုပ်လုပ်ကြပါတယ်။
    သခင်သိန်းဖေက မဟာမိတ်တို့နှင့် ဆက်သွယ်ရန်
    အိန္ဒိယကို သွားပါတယ်။
    သခင်စိုးက ပြည်တွင်းမှာ ကျန်ရစ်ပြီး
    မြေအောက်ဖက်ဆစ်တော်လှန်ရေးလုပ်ပါသည်။
    သခင်သန်းထွန်း၊ သခင်နုတို့က ဂျပန်နဲ့ အာဏာခွဲဝေယူပြီး
    လွတ်လပ်တိုက်ပွဲအတွက် ပြင်ဆင်ရန်တို့ ဖြစ်ပါတယ်။
    ၁၉၄၂ ခုနှစ်ထဲမှာ သခင်စိုး၏
    လွတ်လပ်ရေးကျေညာစာတမ်း အမှတ် (၁) နဲ့ အမှတ် (၂) တို့ ထွက်ခဲ့တယ်။
    ၁၉၄၄ ခုနှစ် ဩဂုတ်လ မှာ
    ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး
    (ဖတပလ) ဖွဲ့စည်းပြီး
    နိုင်ငံရေးတာဝန်ခံ သခင်စိုး၊
    စစ်ရေးတာဝန်ခံ ဗိုလ်ချုပ်အောင်ဆန်း နဲ့
    နိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံ
    သခင်သန်းထွန်း တို့ ပူးပေါင်းပြီး
    ဖက်ဆစ်တော်လှန်ရေးအတွက် တရားဝင်ဖွဲ့စည်းပါတယ်။
    ၁၉၄၄ ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့မှာ
    တော်လှန်ရေးတပ်ဦး ဖွဲ့စည်းပါတယ်။
    ၁၉၄၅ ခုနှစ် မတ်လ (၁) ရက်နေ့
    ဗိုလ်ချူပ်အောင်ဆန်းနေအိမ်၌ ကျင်းပသော
    (ဖတပလ) အစည်းအဝေးမှ
    တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ကို
    မတ်လ (၂၅) ရက်နေ့ဟု
    သတ်မှတ်ခဲ့ကြပါတယ်။
    နောက် ဧပြီလ ( ၂ ) ရက်နေ့ ဟု ပြောင်းလဲသတ်မှတ်ခဲ့ပေမယ့်
    မြန်မာပြည်အထက်ပိုင်းမှာ မတ်လ ( ၈ ) ရက်နေ့မှာ ဗိုလ်မှူးဗထူးက စတင်တော်လှန်ပါသည်။
    မတ်လ (၂၁) ရက်မှာ မန္တလေးကို မဟာမိတ်တို့
    သိမ်းပါတယ်။
    မတ်လ (၂၄ ) ရက်နေ့မှာ ဗိုလ်ကျော်ဇောက
    မတ်လ (၂၇) ရက်နေ့မှာ တော်လှန်ရေးစတင်ရန်
    တင်ပြခဲ့တာကြောင့် မတ်လ (၂၇) ရက်နေ့ကို
    တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။
    သို့ပေမယ့် ၁၉၄၄ ခုနှစ် မကုန်မီကပင်
    ရခိုင်မှာ ၁၉၃၆ ကျောင်းသားခေါင်းဆောင်
    ကိုညိုထွန်း ဦးဆောင်ပြီး ဖက်ဆစ်ဂျပန်ကို
    စတင်တော်လှန်ပါသည်။
    ဖက်ဆစ်တော်လှန်ရေးတွင် "ကရင် မြန်မာ ပြောက်ကျားတပ်များ"က ဖက်ဆစ်ဂျပန် (၁၂,၅၀၀) ကို
    သတ်နိုင်ခဲ့သည်ဟုသာ သမိုင်းမှတ်တမ်း
    ကျန်ရစ်ခဲ့ပေမယ့်
    တပ်မတော်၏ ဖက်ဆစ်တော်လှန်ရေးတွင်
    ထူးခြားပြောင်မြောက်သော လုပ်ဆောင်ချက်များ
    ကိုမူ သမိုင်းတင်စရာ မရှိခဲ့ပေ။
    ထို့ကြောင့်ပင် တပ်မတော် ဖွဲ့စည်းပြီး
    (၁၀) နှစ်ကျော်သည်အထိ တပ်မတော်နှင့်
    ပတ်သက်သော နေ့ထူးနေ့မြတ်ဟူ၍ မရှိခဲ့
    မသတ်မှတ် နိုင်ခဲ့ပေ။
    မတ်လ (၂၇) ရက်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့ အဖြစ် ၁၉၄၆ ခုနှစ်မှ စတင် ကျင်းပခဲ့ပါသည်။
    သို့သော် ဖက်ဆစ်တော်လှန်ရေး (၁၀) နှစ်ပြည့်
    ၁၉၅၅ ခုနှစ် အရောက်မှာတော့
    ဖက်ဆစ်တော်လှန်ရေးနေ့ကို " တပ်မတော်နေ့" အဖြစ် လိမ်လည်သတ်မှတ် လိုက်ပါတော့သည်။
    ဘာကြောင့်ဟု ထင်ပါသလဲ ။
    ရှင်းပါသည်
    အထက်မှာ ကျနော် တင်ပြခဲ့သလို
    "ဗမာ့ တပ်မတော်သက်တမ်းတလျှောက်တွင်
    ဖက်ဆစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သည် ဟူသော
    ကိစ္စမှတပါး အခြားကောင်းသည့် အစဉ်အလာ
    တခုမှ မရှိ၍" ဖြစ်ပါသည်။
    တပ်မတော်သည် စိန်နားကပ်အရောင်ကြောင့်
    ​ပါးပြောင်နေသော ပြည်တန်ဆာမ တဦးနှင့်
    တူပါသည်။
    ထိုစိန်နားကပ် (ဝါ) ဖက်ဆစ်တော်လှန်ရေး
    ကိုသာ တသသ လုပ်နေရပါသည်။
    အနီးကပ်ကြည့်မှ ထိုစိန်နားကပ် သည်ပင်
    စိန်အစစ် မဟုတ် ပုလင်းကွဲ တစသာ
    ဖြစ်နေပါတော့သည်။
    ကိုးကား -
    ဝင်းတင့်ထွန်း - အမှောင်ကြားကဗမာပြည်
    ကြေးမုံဦးသောင်း - ခေတ်ပြိုင်၏ စစ်ဝါဒီတိုက်ပွဲ
    ဗိုလ်မှူးဘရှင် - သမိုင်းစာတမ်းများ
    သခင်တင်မြ - ဘုံ ဘဝမှာဖြင့်


    မီးလျှံပြင်က ဆောင်းရာသီ၊ ယူကရိန်း လွတ်လပ်ရေး တိုက်ပွဲ


     Winter on Fire: Ukraine's Fight for Freedom (2015) မြန်မာစာတန်းထိုး

    -----------------------

    မီးလျှံပြင်က ဆောင်းရာသီ၊ ယူကရိန်း လွတ်လပ်ရေး တိုက်ပွဲ ....
    ကနေ့ လူတိုင်း စိတ်ဝင်စားနေတဲ့ ယူကရိန်းနိုင်ငံဟာ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ယူနီယံ လက်အောက်ကနေ လွတ်လပ်တဲ့ နိုင်ငံအဖြစ်
    ခွဲထွက်ခဲ့ပေမယ့် ရုရှားရဲ့ နှောင်ကြိုးကနေ
    တကယ်လွတ်မြောက်ခဲ့တာတော့ မဟုတ်ပါဘူး။
    ယူကရိန်းနိုင်ငံအနေနဲ့ တကယ်လွတ်လပ်တဲ့
    နိုင်ငံအဖြစ် ရပ်တည်နိုင်ဖို့
    21 နိုဝင်ဘာ 2013 ကနေ 23 ဖေဖော်ဝါရီ 2014 ခုနှစ်၊ မှာ ပေါ်ပေါက်ခဲ့တဲ့ လူထုတော်လှန်ရေးကနေမှ တကယ်လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတခု
    အဖြစ်ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
    ဒီရုပ်ရှင်ကတော့
    ၂၀၁၃ ခုနှစ် နိုင်ဝင်ဘာ ၂၁ ရက်နေ့က
    Maidan ( ကိယက်ဗ်မြို့တော်ရှိ လွတ်လပ်ရေးရင်ပြင်) ကနေစတင်တဲ့ ရက်ပေါင်း (၉၀) ကျော်ကြာ ဖြစ်ပျက်ခဲ့တဲ့ ယူကရိန်းလွတ်လပ်ရေးတိုက်ပွဲအခြေအနေတွေကို စုစည်းထားတဲ့
    မှတ်တမ်းရုပ်ရှင် ဖြစ်ပါတယ်။
    ဒီရုပ်ရှင်ကို ၂၀၁၆ ခုနှစ်တုန်းက ကျနော်တင်ပေးခဲ့ဖူးပါတယ်။
    အခုအချိန်မှာ တစုံတရာ စိတ်ဝင်စားမှု ရှိကြမယ်ထင်လို့ ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။
    ကျနော့်ရဲ့ FB အကောင့်ကိုလည်း
    Add ထားပေးကြပါဦး။
    Telegram ကနေလည်း တင်ပေးထားပါတယ်။
    ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။
    အောက်က နှစ်သက်ရာလင့်တွေကနေ
    ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။
    လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။
    Mediafire 720p 1.4 GB

    GoogleDrive 720p 1.4 GB

    OneDrive 720p 1.4 GB

    UsersDrive 720p 1.4 GB

    Braveheart (1995) မြန်မာစာတန်းထိုး


     Braveheart (1995) မြန်မာစာတန်းထိုး

    -------
    " လူတိုင်းသေရမှာပဲ။
    ဘယ်လိုသေတယ်က အရေးမကြီးဘူး။
    ဘာကြောင့်သေတယ် ဆိုတာကသာ
    အရေးကြီးတယ်" ဆိုတဲ့ သဘောတရားကို
    လက်ကိုင်ပြုလို့ " လွတ်လပ်ရေး" ကို
    နောက်ဆုံး ထွက်သက်အထိ ဟစ်ကြွေးခဲ့သူ။
    သူ့အမည်က ဝီလျှံဝေါလက်စ်။
    စကော့လူမျိုးတို့၏ ဒဏ္ဍာရီဆန်ဆန်သူရဲကောင်း။
    ရှိုင်းယားနယ်သား လယ်သမားတဦး။
    အင်္ဂလိပ်ကို ဆန့်ကျင်တိုက်ခိုက်ရင်း
    သူ့ဖခင်နှင့် အကိုတို့ ၏ သေဆုံးမှုကို
    ကိုယ်တိုင်ကြုံတွေ့ရသည့်တိုင်
    ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်သူ။
    မတရားမှုတွေက သူ့ဘဝနဲ့ သူ့ပတ်ဝန်းကျင်ကို
    ထိပါးလာတဲ့အခါမှာတော့ ....
    သူ့မျိုးနွယ်စုကို ဦးဆောင်ပြီး
    သူဇာတိမွေးရပ်မြေက အင်္ဂလိပ်မြို့စောင့်တပ်ကို
    စတင်တိုက်ခိုက်ပြီး အင်္ဂလိပ်နန်းတွင်းအထိပါ
    ခြောက်ခြားစေခဲ့တဲ့သူ။
    ဒီဇာတ်ကားကို အတော်များများကြည့်ဖူးကြပါလိမ့်မည်။
    ကျနော်ကိုယ်တိုင် သုံးကြိမ်ထပ်မနည်း
    ကြည့်ခဲ့တဲ့ ဇာတ်ကားပါ။
    ကျနော့်စာမျက်နှာလေးကို
    ​ဖျော်ဖြေရေးသက်သက်ထက်ပိုချင်တဲ့
    ရည်ရွယ်ချက်ရှိပါတယ်။
    ဒါကြောင့်လည်း တော်လှန်ရေးအတွက်
    အကျိုးသက်ရောက်နိုင်မယ်လို့
    ယူဆတာတွေကိုသာ မျှဝေပါတယ်။
    ဒီရုပ်ရှင်ဟာ ၃ နာရီ နီးပါးရှည်ပါတယ်။
    ဒါကြောင့် ဖိုင်ဆိုဒ်ကို ဘယ်လိုမှ လျှော့လို့မရတာမို့
    ဖိုင်ဆိုဒ် ကြီးနေတာ နားလည်ပေးကြဖို့
    မေတ္တာရပ်ခံပါတယ်။
    ကျနော့်ရဲ့ FB အကောင့်ကိုလည်း
    Add ထားပေးကြပါဦး။
    Telegram ကနေလည်း တင်ပေးထားပါတယ်။
    ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။
    အောက်က နှစ်သက်ရာလင့်တွေကနေ
    ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။
    လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။
    Mediafire 1080p 3.3 GB

    Mediafire 720p 1.7 GB

    UsersDrive 1080p 3.3 GB

    UsersDrive 720p 1.7 GB

    GoogleDrive 720p