ယုံကြည်ချက် တစိတ်တပိုင်းကို ဖွင့်အံဖို့နှင့် လေ့ကျက်မိသမျှ မျှဝေဖို့

  • ကြောက်တတ်တဲ့ အစုမှာလား၊ ဖေါက်ထွက်မယ့် အစုမှာလား။

    (သပြေသီးကောက်) ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်။ မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဘူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့ အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ် သွားကွယ်။ (မင်းသုဝဏ်) ...

    Read More
  • The Lord of the Rings: မြန်မာစာတန်းထိုး

    နဂိုထဲက ကောင်းပြီးသား ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။..

    Read More
  • Prison Break Season 1 မြန်မာစာတန်းထိုး

    Prison Break Season 1 မြန်မာစာတန်းထိုး အကြိမ်ပေါင်းများစွာ ဘယ်နှကြိမ်ပဲ ကြည့်ကြည့် ရိုးမသွားနိုင်တဲ့ စီးရီးကောင်းတကားပါ အတော််များများကြည့်ဖူးပြီးပြီးသားဖြစ်တာမို့ ဇာတ်လမ်းအညွှန်းကိုတော့ မရေးပေးထားတော့ပါဘူး အောက်မှာ Season 01 ကို ဒေါင်းယူနိုင်ပါတယ်

    Read More

စာမဖတ်ပဲ လက်နက်ကိုင်ရင် လူမိုက်


 စာမဖတ်ပဲ လက်နက်ကိုင်ရင် လူမိုက်

အမေရိကန်ပြည်ထောင်ဟာ
အေဗရာဟင်လင်ကွန်း လက်ထက်မတိုင်ခင်မှာ လူဖြူတွေဟာ လူမဲတွေကို ကျွန်အဖြစ်
ရက်စက်စွာ ဖိနှိပ်ခဲ့ပါသည်။
လူမည်းတွေကို စာမတတ်အောင်ထားကြသည်။
စာဖတ်တဲ့ လူမည်းတွေကို နှိပ်စက်သည်။
လူဖြူ သခင်တွေဟာ လူမည်းကျေးကျွန်တွေ စာတတ်သွား မှာကို သိပ်စိုးရိမ်ကြသည်။
ဒေါ့ခ်ဒေါင်ဒီဆိုတဲ့ လူမည်းတယောက်၏
ဖွင့်ဟချက်၌
''ခင်ဗျားစာရေးနေတာ စာဖတ်နေတာကို ခင်ဗျားသခင် တွေ့ သွားရင် 
ပထမအကြိမ် နွားသားရေပြားနဲ့ အရိုက်ခံရမယ်။
ဒုတိယအကြိမ် ကျာပွတ်နဲ့ အရိုက်ခံရမယ်။
တတိယအကြိမ် လက်ညှိုးအဖြတ်ခံရမယ်'' ဟူ၏။
စာဖတ်တယ်ဆိုတာ ကျွန်တွေအလုပ်မဟုတ်ဘူး
လို့ လူဖြူ သခင်တွေက သတ်မှတ်ထားကြသည်။
စာအုပ်တွေဖတ်ရင်လည်း ကျွန်စိတ်ပျောက်သွားမယ်ဆိုတာ သူတို့က သိသည်။
အဲဒီအတွက် ကျွန်တွေ စာဖတ်မှာ တွေးကြောက်သည်။
ကျွန်အချင်းချင်းစာပြန်သင်ပေးတာ မြင်ရင်
အမေရိကန်တောင်ပိုင်းမှာ သေဒဏ်အထိအပြစ်ပေးကြသည်။
--------------
ကျနော်တို့ တိုင်းပြည်မှာလည်း အလားတူပါပဲ။
စစ်အုပ်စုဟာ လူတွေစာဖတ်မှာ သိပ်စိုးရိမ်ကြပါသည်။
အဲဒီအတွက် သူတို့နည်းမျိုးစုံနှင့် ကြိုးပမ်းကြပါသည်။
စာဖတ်တာ အပြစ်မယူကြသော်လည်း
စာရေးသူတွေကို အကြောင်းရှာပြီး
ဖမ်းဆီးထောင်ချခဲ့ကြသည့် သာဓကများစွာ ရှိပါသည်။
စာတွေကို ဆင်ဆာအမျိုးမျိုးနဲ့ ဖြတ်တောက်ပုံဖျက်ကြပါသည်။
နောက်ဆုံးအဆင့် စာဖတ်တဲ့သူတွေအပေါ်
ပြစ်တင်ရှုံ့ချတဲ့ ပတ်ဝန်းကျင်ကိုပါ ဖန်တီးပါသည်။
ကျနော်တို့ တိုင်းပြည် စစ်ကျွန်သက်ရှည်ရခြင်းမှာ
လူတွေစာမဖတ်ခြင်းဟာ အကြောင်းတခုဖြစ်သည်ဟု ဆိုချင်ပါသည်။
" မိုင်တထောင် ခရီးသွားသော်လည်း စာမဖတ်ရင်
စာပို့သမားမျှသာ" ဟု
သိုးဆောင်းစကားပုံတခု ကြားဖူးပါသည်။
ကနေ့ တော်လှန်ရေးကာလမှာ စာများများဖတ်ဖို့လိုပါသည်။
ကမ္ဘာမှာ အောင်မြင်တဲ့ တော်လှန်ရေးသမားများသည်
စာအလွန်ဖတ်သူများ ဖြစ်ပါသည်။
လက်နက်ကိုင်ပြီး စာမဖတ်တဲ့
"မအလ စစ်ခွေးလူမိုက်တို့ များလှပါသည်။"
စာမဖတ်ဘဲ သေနတ်ကိုင်ရင် လူမိုက်သာဖြစ်မည်။

05/07/2022
#CN

Beyond Rangoon (1995) မြန်မာစာတန်းထိုး


Beyond Rangoon (1995) မြန်မာစာတန်းထိုး

သူမအမည်က လော်ရာ ၊

ခင်ပွန်းသည် နဲ့ သားဖြစ်သူအသတ်ခံလိုက်ရတဲ့ လော်ရာဟာ သူမရဲ့ စိတ်သောကတွေ

ငြိမ်းအေးဖို့ အစ်မဖြစ်သူနှင့် အတူ ဗမာပြည်ကို

ကမ္ဘာလှည့် ခရီးသည်အနေနဲ့ ရောက်ရှိခဲ့ပါသည်။

ဗမာပြည်မှာ ၈၈၈၈ အရေးတော်ပုံကြီးနဲ့

ကြုံခဲ့ရတာက စပြီး သူမရဲ့ နိုင်ငံကူးလက်မှတ်

ပျောက်ဆုံးခဲ့တဲ့အတွက် ဗမာပြည်မှာ ပိတ်မိနေခဲ့ပါတယ်။

ဒီနောက်မှာ ဒီမိုကရေစီ တိုက်ပွဲဝင် ကျောင်းသားများနှင့် အတူ သူမပါဝင်ခဲ့ပါသည်။  

စစ်အာဏာရှင်များ၏ မတရား ဖိနှိပ်ရက်စက်မှုများကြားမှာ သူမတယောက် ....

ဘာတွေဖြစ်ခဲ့သလဲ ......။

ဒီဇာတ်လမ်းဟာ   ဖြစ်ရပ်မှန်ကိုအခြေခံထားပြီး

၈၈၈၈ ကာလကို တို့ထိဆဝါး ထားပါသည်။

မြန်မာနိုင်ငံသားတယောက်အနေနှင့်

မကြည့်ရသေးရင် ကြည့် ကြည့်ပါလို့ တိုက်တွန်း

လိုက်ပါရစေ။

ကျနော့်ရဲ့ FB အကောင့်ကိုလည်း

Add ထားပေးကြပါဦး။

https://www.facebook.com/channyeinmw

Telegram ကနေလည်း တင်ပေးထားပါတယ်။

ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။

https://t.me/channyeinmw

အောက်မှာ မိမိတို့ အဆင်ပြေမယ့် ဒေါင်းလုတ်လင့် တွေကနေ

ကြည့်ရှုဒေါင်းယူနိုင်ပါတယ်။


  • Download

  • ချမ်းငြိမ်း-မှော်၀န်း

    Gangubai Kathiawadi (2022) မြန်မာစာတန်ထိုး


     Gangubai Kathiawadi (2022) မြန်မာစာတန်ထိုး

    တခါက ရုပ်ရှင်မင်းသမီးသိပ်ဖြစ်ချင်တဲ့
    ဂန်ဂါ ဆိုတဲ့ ကောင်မလေးတယောက်။
    ချစ်သူရဲ့ စကားကို ယုံစားမိရာကနေ
    ပြည်တန်ဆာအိမ်မှာ ရောင်းစားခံလိုက်ရတဲ့ ကောင်မလေးတယောက်။
    သူ့ဘ၀ကံဆိုးမိုးမှောင်ကျတဲ့ ပထမညမှာပဲ
    ဂန်ဂါကနေ ဂန်ဂူးအဖြစ်ပြောင်းလဲခဲ့ရာကနေ
    ဘ၀တူတွေအတွက် တိုက်ပွဲ၀င်ရင်း
    သူမ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို
    ရင့်နင့်ဖွယ်ရာ တွေ့ရမယ့် အပြင်မှာ တကယ်ရှိခဲ့ဖူးတဲ့
    ဂန်ဂူးဘိုင် ဆိုတဲ့ အမျိုးသမီးတယောက်ရဲ့ ဘ၀ကို ရိုက်ကူးထားတဲ့
    အိန္ဒိယ ဇာတ်ကားကောင်းလေးပါ။
    ဒီဇာတ်ကားကို ကြိုက်လွန်းလို့ နှစ်ပတ်လောက်အချိန်ယူပြီး
    ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။
    မကြည့်ရသေးတဲ့ မိတ်ဆွေတွေ ကြည့် ကြည့်ပါလို့
    တိုက်တွန်းလိုက်ပါရစေ။

    ကျနော့်ရဲ့ FB အကောင့်ကိုလည်း

    Add ထားပေးကြပါဦး။

    https://www.facebook.com/channyeinmw

    Telegram ကနေလည်း တင်ပေးထားပါတယ်။

    ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။

    https://t.me/channyeinmw

    အောက်မှာ မိမိတို့ အဆင်ပြေမယ့် ဒေါင်းလုတ်လင့် တွေကနေ

    ကြည့်ရှုဒေါင်းယူနိုင်ပါတယ်။


  • Download

  • ချမ်းငြိမ်း-မှော်၀န်း