ယုံကြည်ချက် တစိတ်တပိုင်းကို ဖွင့်အံဖို့နှင့် လေ့ကျက်မိသမျှ မျှဝေဖို့

  • ကြောက်တတ်တဲ့ အစုမှာလား၊ ဖေါက်ထွက်မယ့် အစုမှာလား။

    (သပြေသီးကောက်) ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်။ မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဘူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့ အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ် သွားကွယ်။ (မင်းသုဝဏ်) ...

    Read More
  • The Lord of the Rings: မြန်မာစာတန်းထိုး

    နဂိုထဲက ကောင်းပြီးသား ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။..

    Read More
  • Prison Break Season 1 မြန်မာစာတန်းထိုး

    Prison Break Season 1 မြန်မာစာတန်းထိုး အကြိမ်ပေါင်းများစွာ ဘယ်နှကြိမ်ပဲ ကြည့်ကြည့် ရိုးမသွားနိုင်တဲ့ စီးရီးကောင်းတကားပါ အတော််များများကြည့်ဖူးပြီးပြီးသားဖြစ်တာမို့ ဇာတ်လမ်းအညွှန်းကိုတော့ မရေးပေးထားတော့ပါဘူး အောက်မှာ Season 01 ကို ဒေါင်းယူနိုင်ပါတယ်

    Read More

The Batman (2022) မြန်မာစာတန်းထိုး

The Batman (2022) မြန်မာစာတန်းထိုး

ဒီဇာတ်ကားကိုတော့ အထွေအထူး မညွန်းတော့ပါဘူး။

ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။

ရာနှုန်းပြည့် အကြည်တော့မဟုတ်ပါဘူး။

လက်ရှိ အကြည်ဆုံး HDRip ကို ရှာပြီးတင်ထားပါတယ်။

ကျနော့်ရဲ့ FB အကောင့်ကိုလည်း

Add ထားပေးကြပါဦး။

https://www.facebook.com/channyeinmw

Telegram ကနေလည်း တင်ပေးထားပါတယ်။

ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။

https://t.me/channyeinmw

အောက်မှာ မိမိတို့ အဆင်ပြေမယ့် ဒေါင်းလုတ်လင့် တွေကနေ

ကြည့်ရှုဒေါင်းယူနိုင်ပါတယ်။


  • Download

  • ချမ်းငြိမ်း-မှော်၀န်း

    The Lady (2011) မြန်မာစာတန်းထိုး


     

    The Lady (2011) မြန်မာစာတန်းထိုး

    ဒီအမျိုးသမီး အကြောင်းကိုတော့ အထွေအထူး

    ပြောဖို့ မလိုဘူး ထင်ပါတယ်။

    အရင်ကလည်း တင်ပေးဖူးပါတယ်။

    ဒီဇာတ်ကားကတော့ ဒီအမျိုးသမီးရဲ့

    ဘဝဇာတ်ကြောင်းတွေထဲက 

    လူသိနည်းတဲ့ သူမရဲ့ ဘဝအစိတ်အပိုင်းတချို့နဲ့

    မြန်မာ့ နိုင်ငံရေး တစိတ်တဒေသကို တွေ့မြင်ရမှာဖြစ်ပါတယ်။

    ကျနော့်ရဲ့ FB အကောင့်ကိုလည်း

    Add ထားပေးကြပါဦး။

    https://www.facebook.com/channyeinmw

    Telegram ကနေလည်း တင်ပေးထားပါတယ်။

    ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။

    https://t.me/channyeinmw

    အောက်မှာ မိမိတို့ အဆင်ပြေမယ့် ဒေါင်းလုတ်လင့် တွေကနေ

    ကြည့်ရှုဒေါင်းယူနိုင်ပါတယ်။


  • Download

  • ချမ်းငြိမ်း-မှော်၀န်း

    The Lord of the Rings: The Return of the King (2003) မြန်မာစာတန်းထိုး

     



    The Lord of the Rings: The Return of the King (2003) မြန်မာစာတန်းထိုး

    The Lord of the Rings: ရဲ့ 
    ဇာတ်သိမ်းပိုင်းဖြစ်သလို IMDb မှာ Rating အမြင့်ဆုံး 
    ဇာတ်ကားလည်း ဖြစ်ပါတယ်။
    The Lord of the Rings: The Two Towers (2002) နဲ့ 
    The Lord of the Rings: The Fellowship of the Ring( 2001) ကိုကြည့်ပြီးကြပြီဆိုရင်
    အထွေအထူး မပြောတော့ပါဘူး။
    လောလောဆယ် ဇာတ်ကားအဟောင်းတွေချည်းပဲ
    တင်နေလို့ အပြစ်တင် မစောကြပါနဲ့။
    ကျနော့်စာမျက်နှာလေးကို
    အခုလို ဂန္တဝင်ဇာတ်ကားတွေ မရှိဘဲ မပြည့်စုံဘူးလို့ ယူဆမိလို့ အခုလို 
    ဖြည့်စွက်မှုလေးတွေ အရင်လုပ်နေတယ်လို့  မှတ်ယူပေးပါ။
    ပြီးတော့ The Lord of the Rings ဇာတ်ကားတွေကို
    အွန်လိုင်းမှာ ကျနော်အရင်ဆုံး တင်ဆက်ပေးခဲ့ပြီး
    ကျနော့်အတွက် အမှတ်ရစရာဖြစ်ခဲ့လို့ပါပဲ။


    အပိုင်း ၁ နဲ့  ၂ ကို မကြည့်ရသေးရင် ဒီမှာ ကြည့်ပါ။

    အောက်မှာ ဒေါင်းလုတ်လင့် ၃ နေရာရှိပါတယ်။

    မိမိတို့ အဆင်ပြေမယ့် နေရာကနေ

    ကြည့်ရှုဒေါင်းယူနိုင်ပါတယ်။


  • Download

  • ချမ်းငြိမ်း-မှော်၀န်း

    The Lord of the Rings: The Two Towers (2002) မြန်မာစာတန်းထိုး

     

    The Lord of the Rings: The Two Towers (2002) မြန်မာစာတန်းထိုး

    The Lord of the Rings: The Fellowship of the Ring ကိုကြည့်ပြီးကြပြီဆိုရင်

    အထွေအထူး မပြောတော့ပါဘူး။

    လောလောဆယ် ဇာတ်ကားအဟောင်းတွေချည်းပဲ

    တင်နေလို့ အပြစ်တင် မစောကြပါနဲ့။

    ကျနော့်စာမျက်နှာလေးကို

    အခုလို ဂန္တဝင်ဇာတ်ကားတွေ မရှိဘဲ မပြည့်စုံဘူးလို့ ယူဆမိလို့ အခုလို 

    ဖြည့်စွက်မှုလေးတွေ အရင်လုပ်နေတယ်လို့ 

    မှတ်ယူပေးပါ။

    ပြီးတော့ The Lord of the Rings ဇာတ်ကားတွေကို

    အွန်လိုင်းမှာ ကျနော်အရင်ဆုံး တင်ဆက်ပေးခဲ့ပြီး

    ကျနော့်အတွက် အမှတ်ရစရာဖြစ်ခဲ့လို့ပါပဲ။


    အပိုင်း ၁ ကို မကြည့်ရသေးရင် ဒီမှာ ကြည့်ပါ။

    အောက်မှာ ဒေါင်းလုတ်လင့် ၃ နေရာရှိပါတယ်။

    မိမိတို့ အဆင်ပြေမယ့် နေရာကနေ

    ကြည့်ရှုဒေါင်းယူနိုင်ပါတယ်။


  • Download

  • ချမ်းငြိမ်း-မှော်၀န်း

    The Lord of the Rings: The Fellowship of the Ring (2001) မြန်မာစာတန်းထိုး


     The Lord of the Rings: The Fellowship of the Ring (2001) မြန်မာစာတန်းထိုး

    ဒီကားကတော့ တချိန်က လူကြိုက်များ နာမည်ကြီးခဲ့တဲ့ The Lord of the Ring Trilogy ရဲ့ အစ၊ Middle Earth ကို ရုပ်ရှင် ကြည့်ပရိတ်သတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ နဂိုထဲက ကောင်းပြီးသား ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ Harry Potter လိုကားတောင်မှ တကယ့် စာအုပ်ကို အားပေးတဲ့ပရိ်တ်သတ်တွေ သိပ်မကြိုက်ကြပါဘူး။ ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းအကြောင်း ပြောပြရာမှာ အသေးစိတ်ပြောဖို့ မလွယ်သလို၊ အသေးစိတ်ပြောရင် ဇာတ်လမ်း ရဲ့အဓိကအချက်တွေ ပါကုန်မှာဖြစ်လို့၊ အနည်းငယ်ပဲ တင်ပြမှာဖြစ်ပါတယ်။ ဒါပေမယ့် အောက်ကအကြောင်းအရာက ဇာတ်လမ်းမှာ သိကိုသိသင့်တဲ့ အကြောင်းအရာတွေ လည်းဖြစ်ပါတယ်။ အတတ်နိုင်ဆုံး Spoiler မပါအောင်ရေးထားပေးပါတယ်။ ဒီကားမှာတော့ The Dark Lord, Sauron ရဲ့ Spirit က တဖန်ပြန် လည်နိုးထလာပြီး၊ သူရဲ့ လက်စွပ်ကို ပြန်ရှာနေတဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ Bilbo Baggins ကလည်း တချိန်တုန်းက သူအသုံးပြုခဲ့တဲ့ ကိုယ်ပျောက်လက်စွပ်ကို သူရဲ့ တူဖြစ်တဲ့ Frodo ကို အမွေပေးခဲ့ပါတယ်။
    ဒါကို Gandalf က သတိထားမိသွားပါတယ် ဒီလက်စွပ်ဟာ တချိန်တုန်းက Middle Earth ရဲ့ ရန်သူ Orc တွေရဲ့ခေါင်းဆောင် Sauron ရဲ့ လက်စွပ်ဖြစ်မှန်းသိသွားခဲ့ပြီး Sauron က သူ့ရဲ့ တပည့်တွေကို စေလွှတ်ပြီး လိုက်ရှာနေတာကြောင့် Frodo ကို သူတို့ရဲ့မြို့ကနေ အမြန်ဆုံးထွက်ခွာပြီး Bree ကို အရောက်သွားဖို့ စေလွှတ်လိုက်ပြီး၊ သူကိုယ်တိုင်ကတော့ သူ့ရဲ့ မိတ်ဆွေဟောင်းဖြစ်တဲ့ Saruman ကိုသွားပြီး တိုင်ပင်ဖို့ ထွက်ခွာခဲ့ပါတယ်။ Frodo နဲ့ သူ့ရဲ့ အပေါင်းအပါတွေဖြစ်တဲ့ Sam, Marry, Pippin တို့က Bree မရောက်ခင်မှာ Sauron ရဲ့ တပည့်တွေဖြစ်တဲ့ Nazgul (Undead Human Kings) တွေလက်က လက်မလေးတင် လွတ်ခဲ့ပြီး၊ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင်တစ်ဦးဖြစ်လာမယ့် Aragorn နဲ့ ဆုံတွေ့ခဲ့ပြီး၊ Nazgul တွေလက်က လွတ်အောင်ပြေးရင်းနဲ့ Rivendell ကိုရောက်သွားခဲ့ပါတယ်။ ဒီလက်စွပ်က သူ့ကိုယ်ပိုင် အစွမ်းရှိသလို Sauron ကိုပဲ သစ္စာရှိပြီး၊ Sauron ထံပြန်ရောက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်သူ့ကိုမဆို ဖမ်းစားနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် Frodo ကတော့ ဒီလက်စွပ်ကို စိတ်ဝင်စားမှုမပြသလို၊ သူ့အပေါ်ကို သိပ်ပြီး သက်ရောက်မှုမရှိတဲ့အတွက်၊ လက်စွပ်ကို Frodo ကိုပဲ ပေးထားပြီး၊ ဖျက်ဆီးဖို့ တာဝန်ပေးခဲ့ပါတယ်။ ဒီလက်စွပ်ကို ဘယ်လက်နှက်နဲ့ မှဖျက်စီးလို့ မရပါပဲ လက်စွပ်ကို ပန်းထိမ်လုပ်ခဲ့တဲ့ Mount Doom လို့ခေါ်တဲ့မီးတောင်ထဲကို
    ပစ်ချမှပဲ ဖျက်ဆီးလို့ရမှာဖြစ်ပါတယ်။ ဒီလို သွားရာမှာ Frodo ကိုလမ်းပြဖို့ Gandalf က တာဝန်ယူသလို၊ မင်းသား Aragornရယ် Legolas (Elf), Gimli (Dwarf) နဲ့ Boromir (Human) တို့က လိုက်ပါစောင့်လျှောက်ဖို့တာဝန်ယူခဲ့ပါတယ်။ ဒါ့အပြင် Frodo ရဲ့ သူငယ်ချင်းသုံးယောက်ကလည်း လိုက်ပါမှာဖြစ်တာကြောင့် 9 members of the Fellowship of The Ring ဆိုပြီး တာဝန်ပေးလိုက်ပါတယ်။ ဒီကနေစလို့ သူတို့ရဲ့ ခရီးစဉ်စတင်မှာဖြစ်ပြီး စိတ်ဝင်စားစရာ Action/Adventure ဇာတ်ကားကောင်း တကားဖြစ်လာမှာဖြစ်ပါတယ်။ ဒီကားက လူကြီးလူငယ်မရွေးကြည့်နိုင်ပြီး၊ မိသားစုတူတူကြည့်ဖို့လည်းအစဉ်ပြေပါတယ်။ No Sex, No Nudity ဖြစ်ပြီး၊ ဇာတ်ကားကောင်းတကားဖြစ်သလို၊ ကြည့်ပြီးသားကိုပြန်ကြည့်ရင်တောင် မရိုးရအောင် ကောင်းတဲ့ကားဖြစ်ပြီး၊
    မကြည့်ဖူးသေးဖူးဆိုရင် အခုပဲကြည့်ကြ ဖို့ တိုက်တွန်းလိုက်ပါတယ်။

    အောက်က အဆင်ပြေတဲ့ နေရာကနေကြည့်ရှုဒေါင်းယူနိုင်ပါတယ်။

    ချမ်းငြိမ်း-မှော်၀န်း

    တပ်မတော်နေ့ မရှိခဲ့ပါ


     တပ်မတော်နေ့ မရှိခဲ့ပါ

    -------------------
    ၁၉၅၅ ခုနှစ်မှ ကနေ့အထိ မတ်လ (၂၇) ရက်နေ့
    ရောက်တိုင်း တပ်မတော်နေ့ဟုဆိုကာ
    "မအလ" တို့ ပြည်သူကို " ဂျင်း" ထည့်ကြပါသည်။
    ဗမာ့ တပ်မတော်သက်တမ်းတလျှောက်တွင်
    ဖက်ဆစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သည် ဟူသော
    ကိစ္စမှတပါး အခြားကောင်းသည့် အစဉ်အလာ
    တခုမှ မရှိပါ။
    ထိုဖက်ဆစ်တော်လှန်ရေးတွင်လည်း
    နောက်လိုက်၏ နောက်လိုက်နောက်ပါးမှ
    နောက်လိုက်၏ နောက်လိုက်မျှသာ ဖြစ်ခဲ့ပါသည်။
    "ခါချဉ်ကောင် မာန်ကြီးလို့
    တောင်ကြီးဖြိုရန်" ကြံသကဲ့သို့ " သိန်းဖေတယောက်
    အိန္ဒိယသို့ ခြေကျင်လျှောက်သော
    ခရီးစဉ်သည် ဖက်ဆစ်အကူကိုယူမိသော
    တပ်မတော်ကို ကယ်တင်လိုက်လေသည်။"
    ဟု ရောဘတ်တေလာ၏ မြန်မာ့တော်လှန်ရေး
    သမိုင်းစာအုပ်တွင် ဆိုပါသည်။
    ဖက်ဆစ်တော်လှန်ရေးအကြောင်းပြောရရင်
    ၁၉၄၀ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့မှာ ကျင်းပတဲ့
    တို့ဗမာအစည်းအရုံး ကွန်ဖရင့်( ဗဟိုကော်မတီအစည်းအဝေး) မှာ
    သခင်သန်းမြိုင်(ကျောက်ဆည်) တင်ပြဆွေးနွေးခဲ့ကြသည့်
    အင်းစိန်ထောင်အတွင်းမှာ သခင်စိုးတို့ ရေးသားသည့်
    အင်းစိန်စစ်တမ်း ကနေ အစကောက်ရပါမည်။
    ထိုစစ်တမ်းပါ သဘောတရားမှာ
    "ကမ္ဘာ့ဖက်ဆစ်ဝါဒကို တိုက်ဖျက်ရေး၊
    ကမ္ဘာစစ်ကြီးအတွင်းမှာ မဟာမိတ်များနဲ့
    တွဲဖက်တိုက်ခိုက်ပြီး ဗမာ့လွတ်လပ်ရေးကို
    အရယူရန်" ဖြစ်သည်။
    အင်းစိန်စစ်တမ်း၏ အဆက်လို့ ဆိုရမယ့်
    မြင်းခြံစစ်တမ်းကို မြင်းခြံထောင်မှာ
    သခင်စိုး ရေးပြီး အဲဒီစစ်တမ်းပါ သဘောတရားအတိုင်း သခင်ခေါင်းဆောင်တွေ
    ထောင်ကလွတ်တဲ့အခါမှာ တာဝန်ခွဲပြီး အလုပ်လုပ်ကြပါတယ်။
    သခင်သိန်းဖေက မဟာမိတ်တို့နှင့် ဆက်သွယ်ရန်
    အိန္ဒိယကို သွားပါတယ်။
    သခင်စိုးက ပြည်တွင်းမှာ ကျန်ရစ်ပြီး
    မြေအောက်ဖက်ဆစ်တော်လှန်ရေးလုပ်ပါသည်။
    သခင်သန်းထွန်း၊ သခင်နုတို့က ဂျပန်နဲ့ အာဏာခွဲဝေယူပြီး
    လွတ်လပ်တိုက်ပွဲအတွက် ပြင်ဆင်ရန်တို့ ဖြစ်ပါတယ်။
    ၁၉၄၂ ခုနှစ်ထဲမှာ သခင်စိုး၏
    လွတ်လပ်ရေးကျေညာစာတမ်း အမှတ် (၁) နဲ့ အမှတ် (၂) တို့ ထွက်ခဲ့တယ်။
    ၁၉၄၄ ခုနှစ် ဩဂုတ်လ မှာ
    ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး
    (ဖတပလ) ဖွဲ့စည်းပြီး
    နိုင်ငံရေးတာဝန်ခံ သခင်စိုး၊
    စစ်ရေးတာဝန်ခံ ဗိုလ်ချုပ်အောင်ဆန်း နဲ့
    နိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံ
    သခင်သန်းထွန်း တို့ ပူးပေါင်းပြီး
    ဖက်ဆစ်တော်လှန်ရေးအတွက် တရားဝင်ဖွဲ့စည်းပါတယ်။
    ၁၉၄၄ ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့မှာ
    တော်လှန်ရေးတပ်ဦး ဖွဲ့စည်းပါတယ်။
    ၁၉၄၅ ခုနှစ် မတ်လ (၁) ရက်နေ့
    ဗိုလ်ချူပ်အောင်ဆန်းနေအိမ်၌ ကျင်းပသော
    (ဖတပလ) အစည်းအဝေးမှ
    တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ကို
    မတ်လ (၂၅) ရက်နေ့ဟု
    သတ်မှတ်ခဲ့ကြပါတယ်။
    နောက် ဧပြီလ ( ၂ ) ရက်နေ့ ဟု ပြောင်းလဲသတ်မှတ်ခဲ့ပေမယ့်
    မြန်မာပြည်အထက်ပိုင်းမှာ မတ်လ ( ၈ ) ရက်နေ့မှာ ဗိုလ်မှူးဗထူးက စတင်တော်လှန်ပါသည်။
    မတ်လ (၂၁) ရက်မှာ မန္တလေးကို မဟာမိတ်တို့
    သိမ်းပါတယ်။
    မတ်လ (၂၄ ) ရက်နေ့မှာ ဗိုလ်ကျော်ဇောက
    မတ်လ (၂၇) ရက်နေ့မှာ တော်လှန်ရေးစတင်ရန်
    တင်ပြခဲ့တာကြောင့် မတ်လ (၂၇) ရက်နေ့ကို
    တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။
    သို့ပေမယ့် ၁၉၄၄ ခုနှစ် မကုန်မီကပင်
    ရခိုင်မှာ ၁၉၃၆ ကျောင်းသားခေါင်းဆောင်
    ကိုညိုထွန်း ဦးဆောင်ပြီး ဖက်ဆစ်ဂျပန်ကို
    စတင်တော်လှန်ပါသည်။
    ဖက်ဆစ်တော်လှန်ရေးတွင် "ကရင် မြန်မာ ပြောက်ကျားတပ်များ"က ဖက်ဆစ်ဂျပန် (၁၂,၅၀၀) ကို
    သတ်နိုင်ခဲ့သည်ဟုသာ သမိုင်းမှတ်တမ်း
    ကျန်ရစ်ခဲ့ပေမယ့်
    တပ်မတော်၏ ဖက်ဆစ်တော်လှန်ရေးတွင်
    ထူးခြားပြောင်မြောက်သော လုပ်ဆောင်ချက်များ
    ကိုမူ သမိုင်းတင်စရာ မရှိခဲ့ပေ။
    ထို့ကြောင့်ပင် တပ်မတော် ဖွဲ့စည်းပြီး
    (၁၀) နှစ်ကျော်သည်အထိ တပ်မတော်နှင့်
    ပတ်သက်သော နေ့ထူးနေ့မြတ်ဟူ၍ မရှိခဲ့
    မသတ်မှတ် နိုင်ခဲ့ပေ။
    မတ်လ (၂၇) ရက်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့ အဖြစ် ၁၉၄၆ ခုနှစ်မှ စတင် ကျင်းပခဲ့ပါသည်။
    သို့သော် ဖက်ဆစ်တော်လှန်ရေး (၁၀) နှစ်ပြည့်
    ၁၉၅၅ ခုနှစ် အရောက်မှာတော့
    ဖက်ဆစ်တော်လှန်ရေးနေ့ကို " တပ်မတော်နေ့" အဖြစ် လိမ်လည်သတ်မှတ် လိုက်ပါတော့သည်။
    ဘာကြောင့်ဟု ထင်ပါသလဲ ။
    ရှင်းပါသည်
    အထက်မှာ ကျနော် တင်ပြခဲ့သလို
    "ဗမာ့ တပ်မတော်သက်တမ်းတလျှောက်တွင်
    ဖက်ဆစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သည် ဟူသော
    ကိစ္စမှတပါး အခြားကောင်းသည့် အစဉ်အလာ
    တခုမှ မရှိ၍" ဖြစ်ပါသည်။
    တပ်မတော်သည် စိန်နားကပ်အရောင်ကြောင့်
    ​ပါးပြောင်နေသော ပြည်တန်ဆာမ တဦးနှင့်
    တူပါသည်။
    ထိုစိန်နားကပ် (ဝါ) ဖက်ဆစ်တော်လှန်ရေး
    ကိုသာ တသသ လုပ်နေရပါသည်။
    အနီးကပ်ကြည့်မှ ထိုစိန်နားကပ် သည်ပင်
    စိန်အစစ် မဟုတ် ပုလင်းကွဲ တစသာ
    ဖြစ်နေပါတော့သည်။
    ကိုးကား -
    ဝင်းတင့်ထွန်း - အမှောင်ကြားကဗမာပြည်
    ကြေးမုံဦးသောင်း - ခေတ်ပြိုင်၏ စစ်ဝါဒီတိုက်ပွဲ
    ဗိုလ်မှူးဘရှင် - သမိုင်းစာတမ်းများ
    သခင်တင်မြ - ဘုံ ဘဝမှာဖြင့်


    The Reader (2008) မြန်မာစာတန်းထိုး


    The Reader (2008) မြန်မာစာတန်းထိုး
    -----------------
    ဒီဇာတ်ကားလေးကို အတော်များများသိကြမှာပါ။
    ရုပ်ရှင်မကြည့်ဖူးကြရင်တောင်
    "စာမဖတ်ကြသူများ" ဆိုတဲ့ စာစုလေးတခုကို
    FB မှာ ဖတ်ဖူးကြမယ် ထင်ပါတယ်။
    " ဟန်နာ ခြောက်သိန်း" ဆိုပြီး ဒီရုပ်ရှင်နဲ့
    ပတ်သက်တဲ့ စာစုလေးတခုလည်း ကျနော်ရေးဖူးပါတယ်။
    အခု ဒီဇာတ်ကားလေးကို မြန်မာစာတန်းထိုးနဲ့
    ကြိုးစားတင်ဆက်ပေးလိုက်ပါတယ်။
    ဇာတ်လမ်းကတော့ ....
    မိုက်ကယ်လို့ ခေါ်တဲ့ ၁၅ နှစ်အရွယ် ကောင်လေးတယောက်နဲ့ ဟန်နာ လို့ ခေါ်တဲ့
    အသက် ၄၀ ဝန်းကျင် အမျိုးသမီးတယောက်တို့ရဲ့ အမှတ်မထင် တွေ့ဆုံမှုကနေ
    ဆွတ်ပျံ့လှိုက်မောဖွယ် အချစ်ဇာတ်လမ်းလေး
    တပုဒ် ဖြစ်လာပါတယ်။
    "ဟန်နာ" ဟာ စာဖတ်ပြတာကို နားထောင်ရတာ
    အင်မတန်နှစ်သက်တဲ့ အမျိုးသမီးတယောက်ပါ။
    ဒါဟာ ဒီဇာတ်လမ်းရဲ့ အဓိကကျတဲ့
    အကြောင်းရင်းဆိုတာ ကြည့်ရင်းသိလာပါလိမ့်မယ်။
    သူတို့နှစ်ရဲ့ လှိုက်ဖိုရင်ခုန်ဖွယ် ချစ်တင်းနှောခန်းတွေ ပါတာမို့ အရွယ်မရောက်သေးသူတွေ
    ကြည့်ဖို့ မသင့်ဘူးလို့ ကြိုတင်သတိပေးပါရစေ။
    ဟန်နာဟာ ဘယ်လို အမျိုးသမီးလဲ။
    သူဘာတွေလုပ်ခဲ့သလဲ။
    သူဘာကြောင့် စာဖတ်ပြတာကို နားထောင်ရတာ
    နှစ်သက်သလဲ။
    စတဲ့ စတဲ့ အကြောင်းအရာတွေကို
    ရုပ်ရှင်ခံစားသူတွေ အရသာပျက်မှာ စိုးတာမို့
    မပြောပြတော့ပါဘူး။
    ကျနော်ပြောချင်တာက
    တရားခွင်ပေါ်က ဟန်နာ ကိုကြည့်ပြီး
    မိုက်ကယ်နဲ့ ထပ်တူ ကျနော် ရင်နင့်ကြေကွဲရပါတယ် ဆိုတာပါပဲ။
    သူသိတာကို သူရွေးချယ်ခဲ့လို့
    လူ ၃၀၀ လောက်သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်။
    ငါတို့ တာဝန်ဆိုပြီး
    ရွာလုံးကျွတ် မီးလောင်တိုက်သွင်းနေတဲ့
    သူတို့ သိတာပဲ သူတို့ရွေးချယ်နေကြတဲ့
    ဗမာပြည်က ...... တွေကို တွေ့ရတဲ့အခါ။
    ဒီဇာတ်ကားလေးကို မြန်မာစာတန်းထိုး လုပ်ဖို့
    တွန်းအားဖြစ်လာခဲ့ပါတယ်။
    အချိန်မရတာမို့ သေချာပြန်မစစ်ကြည့်နိုင်တာကြောင့်
    စာလုံးပေါင်း အကျအပေါက်
    ရှိနိုင်ပါတယ်။ အဲဒါတွေကြောင့်
    ဇာတ်လမ်း လွဲချော်နိုင်တာတော့ မဖြစ်ပါဘူး။
    ဘာဖြစ်ဖြစ် နားလည်ပေးဖို့ ကြိုတင်မေတ္တာရပ်ခံပါရစေ။
    Telegram ကနေလည်း တင်ပေးသွားပါ့မယ်။
    ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။
    Telegram ကနေ တိုက်ရိုက် ကြည့်ရှုနိုင်ကြသလို
    အောက်က အဆင်ပြေတဲ့ နေရာတွေကလည်း
    ဒေါင်းယူနိုင်ပါတယ်။
    Meadiafire 1080p

    Mediafire 720p

    UsersDrive 1080p

    UsersDrive 720p

    Google Drive 720p

    OneDrive 720p

     

    မီးလျှံပြင်က ဆောင်းရာသီ၊ ယူကရိန်း လွတ်လပ်ရေး တိုက်ပွဲ


     Winter on Fire: Ukraine's Fight for Freedom (2015) မြန်မာစာတန်းထိုး

    -----------------------

    မီးလျှံပြင်က ဆောင်းရာသီ၊ ယူကရိန်း လွတ်လပ်ရေး တိုက်ပွဲ ....
    ကနေ့ လူတိုင်း စိတ်ဝင်စားနေတဲ့ ယူကရိန်းနိုင်ငံဟာ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ယူနီယံ လက်အောက်ကနေ လွတ်လပ်တဲ့ နိုင်ငံအဖြစ်
    ခွဲထွက်ခဲ့ပေမယ့် ရုရှားရဲ့ နှောင်ကြိုးကနေ
    တကယ်လွတ်မြောက်ခဲ့တာတော့ မဟုတ်ပါဘူး။
    ယူကရိန်းနိုင်ငံအနေနဲ့ တကယ်လွတ်လပ်တဲ့
    နိုင်ငံအဖြစ် ရပ်တည်နိုင်ဖို့
    21 နိုဝင်ဘာ 2013 ကနေ 23 ဖေဖော်ဝါရီ 2014 ခုနှစ်၊ မှာ ပေါ်ပေါက်ခဲ့တဲ့ လူထုတော်လှန်ရေးကနေမှ တကယ်လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတခု
    အဖြစ်ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
    ဒီရုပ်ရှင်ကတော့
    ၂၀၁၃ ခုနှစ် နိုင်ဝင်ဘာ ၂၁ ရက်နေ့က
    Maidan ( ကိယက်ဗ်မြို့တော်ရှိ လွတ်လပ်ရေးရင်ပြင်) ကနေစတင်တဲ့ ရက်ပေါင်း (၉၀) ကျော်ကြာ ဖြစ်ပျက်ခဲ့တဲ့ ယူကရိန်းလွတ်လပ်ရေးတိုက်ပွဲအခြေအနေတွေကို စုစည်းထားတဲ့
    မှတ်တမ်းရုပ်ရှင် ဖြစ်ပါတယ်။
    ဒီရုပ်ရှင်ကို ၂၀၁၆ ခုနှစ်တုန်းက ကျနော်တင်ပေးခဲ့ဖူးပါတယ်။
    အခုအချိန်မှာ တစုံတရာ စိတ်ဝင်စားမှု ရှိကြမယ်ထင်လို့ ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။
    ကျနော့်ရဲ့ FB အကောင့်ကိုလည်း
    Add ထားပေးကြပါဦး။
    Telegram ကနေလည်း တင်ပေးထားပါတယ်။
    ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။
    အောက်က နှစ်သက်ရာလင့်တွေကနေ
    ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။
    လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။
    Mediafire 720p 1.4 GB

    GoogleDrive 720p 1.4 GB

    OneDrive 720p 1.4 GB

    UsersDrive 720p 1.4 GB