မီးလျှံပြင်က ဆောင်းရာသီ၊ ယူကရိန်း လွတ်လပ်ရေး တိုက်ပွဲ

Posted by ချမ်းငြိမ်း-မှော်ဝန်း on 7:29 AM with No comments


 Winter on Fire: Ukraine's Fight for Freedom (2015) မြန်မာစာတန်းထိုး

-----------------------

မီးလျှံပြင်က ဆောင်းရာသီ၊ ယူကရိန်း လွတ်လပ်ရေး တိုက်ပွဲ ....
ကနေ့ လူတိုင်း စိတ်ဝင်စားနေတဲ့ ယူကရိန်းနိုင်ငံဟာ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ယူနီယံ လက်အောက်ကနေ လွတ်လပ်တဲ့ နိုင်ငံအဖြစ်
ခွဲထွက်ခဲ့ပေမယ့် ရုရှားရဲ့ နှောင်ကြိုးကနေ
တကယ်လွတ်မြောက်ခဲ့တာတော့ မဟုတ်ပါဘူး။
ယူကရိန်းနိုင်ငံအနေနဲ့ တကယ်လွတ်လပ်တဲ့
နိုင်ငံအဖြစ် ရပ်တည်နိုင်ဖို့
21 နိုဝင်ဘာ 2013 ကနေ 23 ဖေဖော်ဝါရီ 2014 ခုနှစ်၊ မှာ ပေါ်ပေါက်ခဲ့တဲ့ လူထုတော်လှန်ရေးကနေမှ တကယ်လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတခု
အဖြစ်ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကတော့
၂၀၁၃ ခုနှစ် နိုင်ဝင်ဘာ ၂၁ ရက်နေ့က
Maidan ( ကိယက်ဗ်မြို့တော်ရှိ လွတ်လပ်ရေးရင်ပြင်) ကနေစတင်တဲ့ ရက်ပေါင်း (၉၀) ကျော်ကြာ ဖြစ်ပျက်ခဲ့တဲ့ ယူကရိန်းလွတ်လပ်ရေးတိုက်ပွဲအခြေအနေတွေကို စုစည်းထားတဲ့
မှတ်တမ်းရုပ်ရှင် ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကို ၂၀၁၆ ခုနှစ်တုန်းက ကျနော်တင်ပေးခဲ့ဖူးပါတယ်။
အခုအချိန်မှာ တစုံတရာ စိတ်ဝင်စားမှု ရှိကြမယ်ထင်လို့ ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။
ကျနော့်ရဲ့ FB အကောင့်ကိုလည်း
Add ထားပေးကြပါဦး။
Telegram ကနေလည်း တင်ပေးထားပါတယ်။
ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။
အောက်က နှစ်သက်ရာလင့်တွေကနေ
ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။
လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။
Mediafire 720p 1.4 GB

GoogleDrive 720p 1.4 GB

OneDrive 720p 1.4 GB

UsersDrive 720p 1.4 GB

Categories: ,