ယုံကြည်ချက် တစိတ်တပိုင်းကို ဖွင့်အံဖို့နှင့် လေ့ကျက်မိသမျှ မျှဝေဖို့

  • ကြောက်တတ်တဲ့ အစုမှာလား၊ ဖေါက်ထွက်မယ့် အစုမှာလား။

    (သပြေသီးကောက်) ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်။ မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဘူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့ အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ် သွားကွယ်။ (မင်းသုဝဏ်) ...

    Read More
  • The Lord of the Rings: မြန်မာစာတန်းထိုး

    နဂိုထဲက ကောင်းပြီးသား ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။..

    Read More
  • Prison Break Season 1 မြန်မာစာတန်းထိုး

    Prison Break Season 1 မြန်မာစာတန်းထိုး အကြိမ်ပေါင်းများစွာ ဘယ်နှကြိမ်ပဲ ကြည့်ကြည့် ရိုးမသွားနိုင်တဲ့ စီးရီးကောင်းတကားပါ အတော််များများကြည့်ဖူးပြီးပြီးသားဖြစ်တာမို့ ဇာတ်လမ်းအညွှန်းကိုတော့ မရေးပေးထားတော့ပါဘူး အောက်မှာ Season 01 ကို ဒေါင်းယူနိုင်ပါတယ်

    Read More
Showing posts with label 2023. Show all posts
Showing posts with label 2023. Show all posts

John Wick: Chapter 4 (2023) မြန်မာစာတန်းထိုး


 John Wick တယောက် High Table ကို

အနိုင်ယူပြီး သူ့လွတ်လပ်ခွင့်ကို ပြန်ရဖို့အတွက် 

လမ်းကြောင်းတခုကို ရှာဖွေဖော်ထုတ်ခဲ့ပါတယ်

ဒါပေမယ့်  သူရဲ့ လွတ်လပ်မှုကို မရခင်မှာ

 Wick တယောက် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ 

မဟာမိတ်တွေနဲ့ မိတ်ဆွေဟောင်းများကို

ရန်သူအဖြစ် ပြောင်းလဲစေနိုင်တဲ့ အင်အားကြီးမားတဲ့ 

ထိပ်ပိုင်းအင်အားစုကို ရင်ဆိုင်ရမှာဖြစ်ပါတယ်

IMDb Rating: 7.9 

Genre: Action

Original Language: English

Director: Chad Stahelski

Producer: Basil Iwanyk, Erica Lee, Chad Stahelski

Writer: Shay Hatten, Michael Finch

Release Date (Theaters): Mar 24, 2023  Wide

Release Date (Streaming): May 23, 2023

Box Office (Gross USA): $187.1M

Runtime: 2h 49m

Distributor: Lionsgate

Production Co: Summit Entertainment, 87eleven, Thunder Road Pictures

Sound Mix: Dolby Atmos

Aspect Ratio: Digital 2.39:1

Movie Quality : 1080p BluRay(3.53 GB)

Movie Quality : 720p BluRay(1.78 GB)

Nowhere (2023) မြန်မာစာတန်းထိုး


 Survival-themed ရုပ်ရှင်တွေ အများကြီးထဲမှာ 

မင်းသားကြီး Tom Hanks ပါဝင်ထားတဲ့ 

Castaway (2000) ရုပ်ရှင်ဇာတ်ကားဟာ 

အကောင်းဆုံးဖြစ်နိုင်ပေမယ့် Jungle (2017) 

127 Hours (2010)နဲ့ Everest (2015) စတဲ့ 

ရုပ်ရှင်တွေကလည်း လူသားတို့ရဲ့ အဆုံးစွန်တဲ့

ခံနိုင်ရည်စွမ်းနဲ့ ကျော်ဖြတ်နိုင်ခဲ့တဲ့ 

Survival ရုပ်ရှင်ကားကောင်းတွေ ဖြစ်ပါတယ်..

ဒီ Nowhere (2023) ရုပ်ရှင်မှာတော့ ငတ်မွတ်ခေါင်းပါးမှု ဖြစ်နေတဲ့ 

ကမ္ဘာကြီးကို ဇာတ်အိမ်တည်ထားပါတယ်..

တခြားနိုင်ငံတွေလိုပဲ စပိန်နိုင်ငံကလည်း 

ဒီငတ်မွတ်ခေါင်းပါးမှုဒဏ်ကိုခံစားနေရပါတယ်..

ဒီအခြေအနေကို ထိန်းသိမ်းဖို့ စစ်တပ်က အာဏာသိမ်းယူပြီး..

စီမံချက်တွေ လုပ်ဆောင်ပြီး အခြေအနေတွေကို ထိန်းသိမ်းဖို့ ကြိုးစားရာမှာ

အရင်ဆုံး သက်ကြီးရွယ်အိုတွေကိုကို ရှင်းပစ်ပါတယ်..နောက်တော့ 

ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ..

အဲ့ဒီအထဲမှာMia ရဲ့ သမီးဖြစ်သူ ပါဝင်သွားခဲ့ပါတယ် 

အဲ့ဒီနောက် Mia နဲ့ သူမရဲ့ ယောက်ျားဖြစ်သူ Nico တို့ဟာ နိုင်ငံကနေ 

တိတ်တဆိတ် ထွက်ခွာဖို့ကြိုးစားခဲ့ကြပါတယ် ..

အဲ့ဒီအချိန်မှာ Mia မှာလည်း ကိုယ်ဝန်အရင့်အမာနဲ့ပါ..

ကွန်တိန်နာသင်္ဘော နဲ့ ခိုးထွက်ဖို့ ကြိုးစားရင်း

Mia တယောက် ခင်ပွန်းဖြစ်သူ Nico နဲ့ တယောက်တကွဲစီဖြစ်သွားပါတယ် 

သူမ တယောက်သာ ကျန်တော့တဲ့ ကွန်တိန်နာဟာ ပင်လယ်ထဲမှာ 

မုန်တိုင်းမိပြီး သင်္ဘော ပေါ်ကနေ ပင်လယ်ထဲကျသွားပါတော့တယ်

အဲ့ဒီနောက်မှာတော့ .....

Mia တယောက် လင်းနို့တကောင်ထက်ကို အရာရာကျွမ်းကျင်လာခဲ့ပါတယ်

သူမ အမဲလိုက်နိုင်တယ် ၊ ပိုက်ကွန်ပြုလုပ်နိုင်တယ်

သူမငတ်နေချိန်မှာ စတီးလ်ကိုတောင် ကွေးညွှတ်စေနိုင်တယ် 

ဒီနေရာမှာ သူမ ရင်ဆိုင်နေရတာက 

တကယ့်လူသတ်သမားတွေမဟုတ်ပါဘူး..

သူမ ရှိနေတာကိုတောင် အသိအမှတ်ပြုချင်မှပြုမယ့် 

အေးစက်နေတဲ့ ရေပြင်ကြီးပဲ ဖြစ်ပါတယ်

ဇာတ်လမ်းရဲ့တချို့နေရာတွေက ယုတ္တိမဆန်မေးခွန်းထုတ်စရာတွေ

ရှိနေ‌ပေမယ့်..Survival ရုပ်ရှင်ဇာတ်ကားကောင်းတကားဆိုတာ 

ပြောစရာမလိုပါဘူး..

မြန်မာစာတန်းထိုးနဲ့ဒေါင်းယူကြည့်ရှု့နိုင်ပါတယ်


No One Will Save You (2023) မြန်မာစာတန်းထိုး


 မြန်မာစာတန်းထိုးလို့ ဆိုပေမယ့် 

စကားတခွန်းမှ မပြောထားတဲ့ ဇာတ်ကား တကားပါ

ငယ်ငယ်တုန်းက တောအုပ်ထဲမှာ ဆော့ကစားရင်း Brynn နဲ့ 

သူငယ်ချင်းဖြစ်သူ Maude တို့ စကားများခဲ့ကြပါတယ်။ 

ဒီလိုရုပ်ရှင်မျိုးတွေက တိတ်တိတ်ဆိတ်ဆိတ်နဲ့ 

ဇာတ်အိမ်တည်ထားတာမို့ သူတို့ဘာတွေပြောလဲဆိုတာ အတိအကျ မသိရပါဘူး

မြင်ရသလောက် Maude က Brynn ကို တွန်းချလိုက်လို့ Brynn က 

ကျောက်တုံးတစ်တုံးကို ကောက်ကိုင်လိုက်ပြီး Maude ရဲ့ 

ခေါင်းနဲ့ရိုက်လိုက်ခြင်းအားဖြင့် တုံ့ပြန်ခဲ့ပါတယ်။ Maude က

အဲ့ဒါကြောင့် သေဆုံးသွားတယ်လို့  ယူဆရပါတယ်..

ဒါက Brynn တယောက် အထီးကျန်ပြီး အပယ်ခံဖြစ်နေရတဲ့ 

အကြောင်းအရင်းဖြစ်ပုံရပြီးMaude ရဲ့အမေက 

သူမကို ရဲစခန်းမှာ ဘာဖြစ်လို့  

တံတွေးထွေးတာလဲဆိုတာက အချစ်ဆုံးသူငယ်ချင်းကို

ရက်ရက်စက်စက် သတ်ပစ်ခဲ့သူမို့လို့ ရွံ့ရှာတဲ့သဘောမျိုးလို့ထင်ပါတယ်..

ဒါကလည်း ကျွန်တော့်ရဲ့ ထင်မြင်ချက်သက်သက်ပါ..

နောက်ထပ် ပါဝင်တာက ဂြိုလ်သားတွေပါပဲ 

သူတို့တွေက တစ်ခုခုကို အမြဲလိုချင်နေတာလား မပြောတက်ဘူး..

ဂြိုလ်သားတွေက လူတွေရဲ့လည်ချောင်းထဲကို

မနှစ်မြို့စရာကောင်းတဲ့ကပ်ပါးကောင်တစ်ကောင်ကို ထည့်ပြီး

လူတွေရဲ့အမှတ်တရတွေကို တူးဆွနေကြတာ ဘာကြောင့်မှန်းမသိ..

သူတို့အားလုံးရဲ့ရည်ရွယ်ချက်ကရော ဘာဖြစ်နိုင်မလဲ ..

ဂြိုလ်သားတွေက အပယ်ခံ Brynn ရဲ့ ငယ်ဘဝ အမှတ်တရတွေကို 

တွေ့မြင်ရပြီးတဲ့နောက် ဇာတ်လမ်းရဲ့ နောက်ဆုံးခန်းမှာ 

Brynn ဟာ ပျော်ရွှင်စရာကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ 

ထိုက်တန်ပါတယ်ဆိုတဲ့ သဘောနဲ့ 

ဂြိုလ်သားတွေ ဖန်တီးပေးခဲ့သလားဆိုတာကတော့ ဒီဇာတ်ကားကို 

ကိုယ်တိုင်ကြည့်ပြီးမှပဲ ဆက်စပ်ယူလို့ရနိုင်မှာပါ  


Sisu-2023 မြန်မာစာတန်းထိုး


 Sisu-2023 မြန်မာစာတန်းထိုး

ရှရှားစစ်သားအယောက်(၃၀၀) ထက်မနည်း သတ်ခဲ့ပြီး

မသေမျိုး လို့ ရှရှားတွေ စစ်သားတွေခေါ်တဲ့ Aatami Korpi ဆိုတဲ့ 

မရိမ်းစစ်သားဟောင်းတယောက်က ဖင်လန်နိုင်ငံရဲ့ Lapland ကန္တာရထဲမှာ 

ရွှေ ရှာဖွေနေချိန် ဒုတိယကမ္ဘာစစ်ကြီးရှုံးလို့ 

ဆုတ်ခွာသွားတဲ့ ရှရှားကင်းလှည့်ယာဥ်တွေနဲ့တွေ့ဆုံပြီး

သဲထိတ်ရင်ဖို့စွန့်စားခန်းအကြောင်းရိုက်ကူးတင်ဆက်ထားတဲ့ 

Sisu-2023 ဆိုတဲ့ ဇာတ်ကားကို မြန်မာစာတန်းထိုးနဲ့ 

တင်ပေးလိုက်ပါတယ် 

" Prison Break အပါအဝင် တခြားဇာတ်ကား

တော်တော်များများရဲ့ download link တွေ

ပျက်သွားတဲ့ တောင်းပန်ပါတယ်

download link တွေကို

မကြာခင် ပြန်တင်ပေးသွားပါ့မယ်""


Downlad [1080p WebRip]


Mega link


Download [720p WebRip]


Mega link


ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း

Teen Wolf: The Movie 2023 မြန်မာစာတန်းထိုး


 Teen Wolf: The Movie 2023  မြန်မာစာတန်းထိုး


လွန်ခဲ့တဲ့ (၁၅) နှစ်ကသေဆုံးသွားတဲ့ Allison Argent

တယောက်က ရှေးဟောင်းမှော်အစွမ်းတွေကြောင့်

ပြန်လည် အသက်ရှင်လာခြင်းနဲ့ အတူ

ထိတ်လန့်စရာကောင်းတဲ့ ဆိုးဝါးရက်စက်မှုတွေ ပြန်ပေါ်လာခဲ့ပါတယ် 

သမန်းဝံပုလွေ Scott McCall တယောက်ကပဲ 

 မဟာမိတ် အသစ်တွေနဲ့ယုံကြည် စိတ်ချ ရတဲ့

 မိတ်ဆွေတွေကို ပြန်လည် စုစည်း နိုင် ပြီး အစွမ်းထက် ဆုံးနဲ့ 

သေဆုံးနိုင်မှုအများဆုံး  ဖြစ်နိုင်တဲ့ ရန်သူကို 

ဆန့်ကျင် တိုက်ခိုက်ဖို့ ကြိုးစားတဲ့ 

Teen Wolf: The Movie 2023 ကို မြန်မာစာတန်းထိုးနဲ့ 

တင်ပေးလိုက်ပါတယ် 



Mega [1080p WebRip]



Download [2.84 GB]


ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း