ယုံကြည်ချက် တစိတ်တပိုင်းကို ဖွင့်အံဖို့နှင့် လေ့ကျက်မိသမျှ မျှဝေဖို့

  • ကြောက်တတ်တဲ့ အစုမှာလား၊ ဖေါက်ထွက်မယ့် အစုမှာလား။

    (သပြေသီးကောက်) ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်။ မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဘူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့ အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ် သွားကွယ်။ (မင်းသုဝဏ်) ...

    Read More
  • The Lord of the Rings: မြန်မာစာတန်းထိုး

    နဂိုထဲက ကောင်းပြီးသား ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။..

    Read More
  • Prison Break Season 1 မြန်မာစာတန်းထိုး

    Prison Break Season 1 မြန်မာစာတန်းထိုး အကြိမ်ပေါင်းများစွာ ဘယ်နှကြိမ်ပဲ ကြည့်ကြည့် ရိုးမသွားနိုင်တဲ့ စီးရီးကောင်းတကားပါ အတော််များများကြည့်ဖူးပြီးပြီးသားဖြစ်တာမို့ ဇာတ်လမ်းအညွှန်းကိုတော့ မရေးပေးထားတော့ပါဘူး အောက်မှာ Season 01 ကို ဒေါင်းယူနိုင်ပါတယ်

    Read More

ဘီလူးတို ဇာတ်သိမ်းခန်း


 ဘီလူးတို ဇာတ်သိမ်းခန်း

---------------------

အရူးတို ရပ်ကွက်က

မထူးဇာတ်ကနေတဲ့ ဘီလူးတိုဇာတ်အဖွဲဟာ

ဇာတ်သိမ်းခန်း နီးလာပြီ 

အရုဏ်မတတ်မီ အမှောင်မျိုးနဲ့  

ဇွတ်တိုးမိုက်နေတဲ့ သူတိုရဲ့အမိုက်ဇာတ် 

အပြီးအပိုင် ရပ်ရတော့မယ်။

နွေဦးရဲ့ ရောင်နီဟာ သားရဲတကောင်လို

သူတိုကို ခုန်အုပ်ဖို စောင့်နေတယ်။

ယမ်းငွေ့ဝနေတဲ့ ကောင်းကင်က 

ညိုမှောင်နေတဲ့ တိမ်ရိပ်တွေက 

သူတိုအပေါ် သိုင်းဖွဲခြုံရစ်

သွေးဓါးတွေအဖြစ် ခုတ်ထစ်ကြမယ်။

လူထုရဲ့ တောက်ခေါက်သံတွေစုရုန်း

သူတိုအပေါ် ထစ်ချုန်းကြမယ်။

သွေးစက်တွေဟာ 

လျှပ်စစ်မြားအလက်လက်တွေအဖြစ်

သူတိုအပေါ် ပစ်ခွင်း 

သွေးကြွေးတွေ နှင်းကြမယ်။


မှုန်သီတဲ့ဆောင်းရဲ့ နှင်းမှုန်တွေမှာ 

မိခင်တွေရဲ့ မျက်ရည်ငွေ့တွေပါတယ်။

အေးစက်တဲ့ မြောက်ပြန်လေမှာ 

ကချင်ပြည်နယ်က နာကျင်မှုတွေပါတယ်။

ကရင်နီပြည်က မီးခိုးရနံ့တွေ ကပ်ညှိပါတယ်။

ချင်းပြည်နယ်က ယမ်းခိုးတွေ တွဲခိုလာတယ်။

ဆောင်းလေဟာ တောင်တန်းတွေလွန်မြောက်လာတဲ့အခါ

တော်လှန်ရေးသေနတ်ပြောင်းမှာ

ယမ်းတောင့်တွေအဖြစ် ဒြပ်ထုဖြစ်သွားတယ်။

ဆောင်းလက်ကျန်ရက်တွေဟာ

သူတိုအတွက် ယတြာမတိုးတဲ့ 

ကြမ္မာဆိုး ဖြစ်တော့မယ်။

သူတိုဟာ သူတိုရန်သူနဲ့ ဘယ်တုန်းကမှ

စီးခြင်းမထိုးရဲခဲ့ကြဘူး။

ဒီအကြောင်းကို 

မြယာတောနဲ့ ရိုးပြတ်ကွင်းတွေက သက်သေခံနိုင်တယ်။

သူတိုဟာ လျှာပြတ်နေတဲ့ မြေခွေးလို

ကိုယ့်သွေးကို ကိုယ်ပြန်သောက်ရင်း

အနာဂတ်ပျောက်နေကြ၊

နွေဦးပုစ္ဆာအတွက် အဖြေရှာရင်း 

မိုက်တွင်းလည်း နက်ပြီးရင်း နက်ခဲ့ကြပြီ။

သူတိုရဲ့ ကံဇာတ်ဆရာဟာ ဖေဖော်ဝါရီကပ်ဆိုးမှာ

နတ်ဆိုးတကောင်ဖြစ်သွားတာ သူတိုမသိခဲ့။

ရွေးကောက်ပွဲ နဖားကြိုးထိုးပွဲက

ငရဲသွားလမ်းမှာ နွားဘယ်နှစ်ကောင်ပဲမိမိ

နောက်ဆုံးတော့ 

ခွေးရေပုရပိုဒ်မှာသာ မှတ်တမ်းကျန်လိမ့်မယ်။


မကြာမီ နွေဦးဟာ ရောက်လာတော့မယ်

ငါတိုရဲ့ နွေဦးဟာ

နှင်းမြူတွေကိုခွင်း ခွာသံပြင်းပြင်းနဲ့

မာန်သွင်းချီတတ်လာပြီ။

နွေဦးရဲ့ စစ်ခရာသံအောက်

ဘီလူးတို ကြောက်ရွံခတွားရမယ်။

နွေဦးရဲ့ သွေးကြွေး

ဘီလူးတို ပြန်ပေးရမယ်။

နွေဦးရဲ့ ရပ်တည်ချက်ဟာ

ဘီလူးတိုဇာတ် အပြီးတိုင် ရပ်ဖို ဖြစ်တယ်။


#CN

01/14/2023

https://www.facebook.com/channyeinmw

Medieval 2022 မြန်မာစာတန်းထိုး


 Medieval 2022 မြန်မာစာတန်းထိုး


Teutonic Order နှင့် Holy Roman အင်ပါယာကို 

အနိုင်ယူခဲ့သော(၁၅) ရာစုခေတ်က 

စစ်ဘုရင် Jan Zizka ရဲ့ ဇာတ်လမ်းဖြစ်ပြီး

သွေးဆာနေတဲ့ ဓားသွားတွေကြားက

သမိုင်းဝင်ဒရာမာတွေ ရောထွေးပေါင်းစပ်ထားတဲ့

Action,Drama,History အမျိုးအစားဇာတ်ကားကောင်းတကားပါ

Jan Zizka က သမိုင်းတလျှောက် သူဦးဆောင်တဲ့ တိုက်ပွဲတိုင်းမှာ 

တကြိမ်မှ မရှုံးဖူးတဲ့ စစ်သူရဲတယောက်ဖြစ်ပါတယ် ဇာတ်လမ်းကတော့ 

ထီးနန်းကို ချုပ်ကိုင်ဖို့ကြံစည်နေသော ညီအစ်ကိုတွေကြားက

တိုက်ပွဲမှာ ရဲရင့်ပြီး ဖြောင့်မတ်သော လူထုခေါင်းဆောင်

 Jan Žižka က တန်ခိုးအာဏာရှိတဲ့ အရှင်တယောက်နဲ့စေ့စပ်ထားသူ

လေဒီ Katherine ကို ပြန်ပေးဆွဲတဲ့အခြေအနေကနေ စတင်လာခဲ့ပါတယ်

Katherine က ဘုရင်တွေကြား 

 အရေးကြီးတဲ့ နိုင်ငံရေးကစားကွက်ထဲမှာ ပါဝင်လာတဲ့အခါ 

Jan က သူမရဲ့ ပြင်းထန်သော စိတ်ဓာတ်နှင့် 

ပြည်သူများကို ကယ်တင်ရန် အပ်နှံမှုကိုအသိအမှတ်ပြုပြီး 

သူမကို လွတ်မြောက်အောင် သတ္တိရှိရှိ ကြိုးပမ်းမှုမှာ

အာဏာရလိုသူများကြားတွင် ပျံ့နှံ့နေသော အကျင့်ပျက်ခြစားမှု

လောဘနှင့် သစ္စာဖောက်မှုတို့ကို တွန်းလှန်ပြီးသူပုန်စစ်တပ်နှင့်

 ပြန်လည်တိုက်ခိုက်ခဲ့ပါသည်..


Gdrive [1080p BluRay]


Download [2.51 GB]


Downlaod [1.17 GB]



ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း




Wonder Woman 1984 (2020) မြန်မာစာတန်းထိုး


 Wonder Woman 1984 (2020) မြန်မာစာတန်းထိုး


Wonder Woman (2017)  ဇာတ်ကားမှာ

ကမ္ဘာကိုကယ်တင်ပြီးနောက် (1984)  ခုနှစ်မှာတော့ 

Themyscira မှ Amazon သူရဲကောင်း မင်းသမီး ဒိုင်ယာနာတယောက် 

Smithsonian ပြတိုက်မှာရှေးဟောင်းသုတေသနပညာရှင်အဖြစ်အလုပ်လုပ်နေပါတယ် 

ရဲရင့်တဲ့ အမေရိကန် လေယာဉ်မှူးCaptain Steve Trevor ကတော့ 

သူမ ရဲ့  စိတ် ထဲ တွင် စွဲထင်နေတုန်းပါပဲ 

ဒီလိုနဲ့တနေ့မှာ ကမ္ဘာကြီးကို ဖျတ်ဆီးပစ်နိုင်တဲ့ 

ထူးဆန်းတဲ့ကျောက်တုံးတတုံးကြောင့် 

ဒိုင်ယာနာ က သူမရဲ့အလုပ်လုပ်ဖော်တဦးနဲ့ အလွန်ကြွယ်ဝလိုသည့်

စီးပွားရေးသမားတယောက်နဲ့ ရင်ဆိုင်ရမည်ဖြစ်သည်။

လှည့်စားမှု၊ လောဘကြီးမှုနဲ့ မှားယွင်းတဲ့ ကတိတွေက

လူတွေအတွက်ပိုဆိုးလာတယ် ဆိုးရွားသောအဖြစ်အပျက်တွေက 

ကမ္ဘာကြီးကိုချောက်ကမ်းပါးအစွန်အဖျားသို့ တွန်းပို့ပေးပြီး 

စိတ်ပိုင်းအရ အားနည်းနေသော ဒိုင်ယာနာတယောက် ရက်စက်ကြမ်းကြုတ်သော 

အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်။ အင်အားကြီးတဲ့

အံ့ဖွယ်အမျိုးသမီးက  လူသားတွေကို နောက်တဖန် ကယ်တင်နိုင်မလား။


Gdrive [1080p WebRip]


Download [3.35 GB]



ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း

Wonder Woman (2017) မြန်မာစာတန်းထိုး

 

Wonder Woman (2017) မြန်မာစာတန်းထိုး


အမေဇုန်မင်းသမီး ဒိုင်ယာနာ တယောက် 

စွမ်းရည်ထက်မြက်တဲ့ စစ်သူရဲတယောက်အဖြစ်လေ့ကျင့်ခဲ့ရပါတယ် 

အမေဇုံ တွေနေထိုင်တဲ့ ကျွန်းပေါ်မှာ ကြီးပြင်းလာခဲ့ပြီး တနေ့မှာ

လေယာဉ်မှူးတဦးက သူတို့ရဲ့ ကမ်းခြေကိုရောက်ရှိလာပြီးတဲ့နောက်မှာ

အပြင်ကမ္ဘာကြီးမှာ လူသားအချင်းချင်း

ကြီးမားသောပဋိပက္ခနဲ့ စစ်ပွဲ ဖြစ်နေကြောင်းပြောပြတဲ့အခါ 

ဒိုင်ယာနာက အဲ့ဒီ ခြိမ်းခြောက်မှုတွေကို သူမ

ရပ်တန့်သွားစေနိုင်သည်ဟု ယုံကြည်ခဲ့သည်

စစ်ပွဲအားလုံးကို အဆုံးသတ်ဖို့ စစ်ပွဲတစ်ခုမှာ 

တိုက်ခိုက်နေရင်း ဒိုင်ယာနာဟာ သူမရဲ့ အစွမ်းတွေနဲ့

စစ်မှန်တဲ့ ကံကြမ္မာကို ရှာဖွေတွေ့ရှိခဲ့ပါတယ် 


Gdrive [1080p BluRay]


Download [2.9 GB]



ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း

SEE Season 2 Complete မြန်မာစာတန်းထိုး

 

SEE SEASON 2 မြန်မာစာတန်းထိုး

Episode 1_BROTHERS AND SISTERS

ဒီ အပိုင်းမှာတော့  Baba တယောက်

သမီးဖြစ်သူ Haniwa ကိုရှာဖွေ ကယ်တင်ဖို့အတွက်

သူ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ကျိန်ဆိုထားတဲ့ 

အန္တရာယ်များတဲ့ နယ်မြေတခုထဲကို ဝင်ရောက်ခဲ့ပါတယ်

တချိန်ထဲမှာပဲ ဘုရင်မKane ကPayan နိုင်ငံရဲ့

မြို့တော်သစ်ကို သတ်မှတ်ပြီး

အံ့အားသင့်ဖွယ် ကြေငြာချက်မှု ပြုလုပ်ခဲ့ပါတယ်

ကြာနေတဲ့အတွက် တောင်းပန်ပါတယ် 


Gdrive [1080p WEBRip]


Episode 1 [1.06 GB]


Episode 2 [721.8MB]


Episode 3 [752.9MB]


Episode 4 [426.5MB]


Episode 5 [573.0MB]


Episode 6 [702.0MB]


Episode 7 [771.9MB]


Episode 8 [1.23 GB] End


Season 2 Complete

ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း

Against the Ice (2022) မြန်မာစာတန်းထိုး


 Against the Ice (2022) မြန်မာစာတန်းထိုး


ဒိန်းမတ်နိုင်ငံရဲ့ ၁၉၀၉ ခုနှစ် ဝင်ရိုးစွန်းစူးစမ်းရှာဖွေရေး

ဇာတ်လမ်းအစစ်အမှန်ကို အခြေခံရိုက်ကူးထားတာပါ

ရေခဲပြင်တွေ ဖုံးလွှမ်းနေပြီး ကျယ်ပြန့်လှတဲ့ဂရင်းလန်းဒေသမှာ

ပျောက်ဆုံးသွားတဲ့ မြေပုံတခုကို ရှာဖွေတဲ့ 

ဒိန်းမတ် စူးစမ်းလေ့လာရှာဖွေရေးခရီးစဉ်မှာ 

ကျန်ရစ်ခဲ့တဲ့ လူ(၂)ယောက်ဟာ

အသက် ဆက်လက်ရှင်သန်ဖို့တိုက်ပွဲဝင်ခဲ့တဲ့အကြောင်း

ရိုက်ကူးတင်ဆက်ထားတဲ့ Drama, Adventure, History အမျိုးအစား

Against the Ice (2022) ကို မြန်မာစာတန်းထိုးနဲ့ တင်ပေးလိုက်ပါတယ်


Gdrive [1080p WebRip]



Download [1.4 GB]



Gdrive [720p WebRip]



Download [748.6 MB]



ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း

Black Adam 2022 မြန်မာစာတန်းထိုး

Black Adam 2022 မြန်မာစာတန်းထိုး


ရှေးခေတ်တုန်းက Kahndaq ဆိုတဲ့ တိုင်းပြည်မှာ 

ကမ္ဘာကြီးကိုကာကွယ်သူမှော်ဆရာတွေက နတ်ဘုရားတွေရဲ့အစွမ်းတွေကို 

Teth Adam ကိုလက်ဆောင်ပေးခဲ့ပါတယ်..ဒါပေမယ့် 

အဲ့ဒီအစွမ်းတွေကို သူ့ရဲ့ ဂလဲ့စားချေဖို့အတွက်

အသုံးချပြီးတဲ့နောက်မှာတော့ သူ အကျဥ်းချခံထားရပါတယ်

နှစ်ပေါင်း 5000 ကြာပြီး ပြန်လည်နိုးထလာတဲ့ Black Adam က

Superman ၊Wonder Woman တို့နဲ့ လိုက်လျောညီထွေဖြစ်စေပြီး 

ဒေါသကြောင့် ပေါက်ဖွားလာတဲ့ သူ့ရဲ့ထူးခြားတဲ့ အစွမ်းတွေက

ကမ္ဘာကြီးရဲ့ ရက်စက်တဲ့ ကာကွယ်သူဖြစ်လာပါတယ် 

အခု 21 ရာစုမှာတော့ Black Adam တယောက်  

Justice Society အဖွဲ့ဝင် သူရဲကောင်းတွေဖြစ်တဲ့ 

Doctor Fate၊ Hawkman၊ Atom Smasher နှင့် 

Cyclone တို့ကို ရင်ဆိုင်ရမှာဖြစ်ပါတယ် 

အဲ့ဒီအပြင်---


Gdrive [1080p Bluray]


Downlaod [3.08GB]


Gdrive [720p Bluray]


Download [1.43GB]


ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း

 

ဆောင်းမှတ်တမ်း


ဆောင်းမှတ်တမ်း

---------------

အလင်းမှုန်တွေ မှုန်မှိုင်းနေတဲ့ဒီဇင်ဘာဟာ
ဆောင်းကို သိမ်းပိုက်ဖို့
ရေခဲစစ်သည်တွေနဲ့ ချီတက်လာတယ်။
အလင်းထောင့်ချိုးတွေ ကျဉ်းမြောင်းလာတဲ့အခါ
မိသားစုတွေ နွေးထွေးဖို့
လူတချို့ဟာ နှင်းတောထဲမှာ အလင်းရှာထွက်ကြ၊
တချို့ အလုပ်ဆင်းရဦးမတဲ့၊
တချို့ အလုပ်နားလို့ မရဘူးတဲ့။
အလုပ်သမားတွေရဲ့ သက်ပြင်းချသံမှာ
ကိုယ်ခန္ဓာက ရေငွေ့တွေ ပါသွားတယ်။

ဦးတည်ရာမသိရတဲ့ ခရုပတ်သဏ္ဍာန်
လေထုနဲ့ နှင်းရနံ့သင်းသင်း နမ်းရှိုက်ခံလိုက်ရတဲ့
နောက်ဆုံးလက်ကျန်
သစ်ရွက်လေးဟာ တုန်ရီဖျော့တော့စွာ
တွဲခိုနေရှာ၊
ကောင်းကင်မှာ လွှင့်မျောနေတဲ့ ရေခဲတောင်ကြီးဟာ
မိုးအဖြစ်၊ နှင်းအဖြစ်
လက်နက်ပုန်းတွေလို ပစ်လွှတ်လာမှာ
သူစိုးရိမ်နေရှာပုံရတယ်။
ဒီဇင်ဘာဆောင်းညမှာ ငွေနှင်းမှုန်ရဲ့
အလင်းယဲ့ယဲ့ဟာ အားနွှဲ့နေရှာတယ်။
တံစက်မြိတ်မှာ ခိုတွဲလာတဲ့ မိုးစက်တချို့ဟာ
ခဏချင်းမှာပဲ အေးစက်စက် ဒါးတလက်လို
ထက်မြတောက်ပလာတယ်။
နှင်းတွေကို ထမ်းပိုးထားတဲ့ ငါ့အိမ်ရှေ့က
နှင်းဆီပင်ပျိုလေးဟာ
ကတိမ်းကယိမ်းနဲ့ သူ့အိန္ဒြေကို ထိန်းဖို့ မတတ်နိုင်ရှာဘူး။

White River မြစ်ရေတွေ ခဲသွားတဲ့အခါ
ငါးတွေ အချမ်းလုံအောင် ဘယ်လိုစောင်ခြုံအိပ်ကြသလဲလို့
မဆိုင်တာ ငါတွေးရင်း
ငါနဲ့ဆိုင်တဲ့ ဗမာပြည်က စစ်ဘေးရှောင်ကလေးတွေ
ဘယ်လို အိပ်ကြသလဲပါ တွေးမိတော့
ငါ့စိတ်တွေ မှုန်မှိုင်းအေးခဲ သွားရတယ်။
ဧရာနဲ့ ချင်းတွင်း သံလွင်မြစ်ရေတွေ
နွေးပါစေလို့ ငါဆုတောင်းမိတယ်။
အသက်ရှုထုတ်လိုက်တဲ့အခါ
ငါ့စိတ်ဟာ အခိုးအငွေ့တွေအဖြစ်
ငါနဲ့ဝေးရာကို လွှင့်ပါးသွားကြတယ်။

ချမ်းငြိမ်း-မှော်၀န်း
#CN
12/22/2022