နွားတွေ ဘယ်တော့မှ အသိဉာဏ်ရှိမည်မဟုတ်

Posted by ချမ်းငြိမ်း-မှော်ဝန်း on 7:03 AM with No comments


 နွားတွေ ဘယ်တော့မှ အသိဉာဏ်ရှိမည်မဟုတ်

------------------
တခါက ကိုလံဘီယာနိုင်ငံထုတ် သားရေပစ္စည်းတွေ ဈေးကွက်မှာ
ဘာကြောင့် ဈေးကောင်းမရလဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လေ့လာမှုတခု လုပ်ကြသည်။
ပထမဆုံး သားရေပစ္စည်းလုပ်ငန်းရှင်များထံ
သွားရောက်မေးမြန်းရာ
"စက်ရုံလုပ်သားတွေ အသုံးမကျလို့" ဟုဖြေသည်။
စက်ရုံလုပ်သားတွေထံ သွားရောက်မေးမြန်းကြသည်။
သူတို့က " သားသတ်ရုံက လူတွေကြောင့်" ဟု ဆိုသည်။
သားသတ်ရုံတွေဆီ မေးမြန်းသည့်အခါ
"နွားခြံပိုင်ရှင်တွေကြောင့်" ဟုဆိုပြန်သည်။
ဒီတခါတော့ ကိစ္စပြတ်ပြီ အဖြေပေါ်ပြီဟု တွက်ကြသည်။
သို့နှင့် နွားခြံတွေဆီ သွားရောက်မေးမြန်းကြသည်။
ထိုအခါ နွားခြံပိုင်ရှင်တွေက တိုတိုပြတ်ပြတ် ဖြေကြသည်မှာ
" နွားတွေဗျ နွားတွေ သူတို့ အသိဉာဏ်မရှိလို့ " ဟူ၏။
ကျနော်တို့တိုင်းပြည်မှာ ဖြစ်ပျက်ခဲ့သမျှအရာရာအားလုံးသည်း
နွားတွေကြောင့်ဟုသာ ဆိုရမည်သာ။
သို့သော် ...
"နွားတွေဗျ နွားတွေ၊ နွားတွေအသိဉာဏ်မရှိလို့" ဟု ဆိုရုံဖြင့် ပြဿနာ ပြီးမည်မဟုတ်ပါ။
နွားတွေကတော့ ဘယ်တော့မှ အသိဉာဏ်ရှိလာမည် မဟုတ်ပါ။

02/01/2022
Categories: