PK (2014) မြန်မာစာတန်းထိုး

Posted by ချမ်းငြိမ်း-မှော်ဝန်း on 2:48 AM with No comments


 PK (2014) မြန်မာစာတန်းထိုး

ဒီဇာတ်ကားထွက်ရှိခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက ၂ ပတ်အတွင်းမှာပဲ

အိန္ဒိယရုပ်ရှင်သမိုင်းတလျှောက် ဝင်ငွေအကောင်းဆုံး စံချိန်တင်ခဲ့ပါတယ်။

PK 

သူဟာ ကိုယ်လုံးတီးနဲ့ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာခဲ့ပြီး

ခဏအတွင်းမှာပဲ လူသားတို့ရဲ့ ပညာရပ်တခုနဲ့ မိတ်ဆက်ခံလိုက်ရတယ်။

အဲဒါကတော့ သူ့ယာဉ်ပျံနဲ့ပြန်လည်ဆက်သွယ်ရာမှာအသုံးပြုတဲ့ remote control အဖြစ်

သူ့လည်ပင်းမှာ ဆွဲထားတဲ့  အလင်းရောင်တွေထွက်နေတဲ့အဝိုင်းပြားတပြားကို 

သူနဲ့ ပထမဆုံး တွေ့တဲ့လူသားက လုယူသွားတာပါပဲ။

သူပြန်လည် ရယူဖို့ကြိုးစားပေမယ့် သူရလိုက်တာကတော့ ကက်ဆက် တလုံးပါပဲ။

အဲဒီနောက်မှာတော့ ကိုယ်လုံးတီးနဲ့ လူတယောက် ကက်ဆက်တလုံးကိုလွယ်ပြီး

သူ့ရဲ့ remote control ကိုပြန်လည်ရရှိဖို့ ရှာဖွေနေရင်းကနေ

အိန္ဒိယရဲ့ များပြားလှတဲ့ ဘုရားတွေနဲ့ PK စတွေ့ပါတော့တယ်။

အဲဒီနောက်မှာ  သတင်းထောက်မလေး ဂျက်ဂူး၊

ဘုရားတွေနဲ့ လုပ်စားဘာသာရေးခေါင်းဆောင်တွေ၊ 

အဲဒီနောက် PK ရဲ့ အလွဲ အလွဲတွေ၊

နောက်ဆုံး လူသားတွေဆီကနေ PK ဘာတွေ သင်ယူသွားနိုင်ခဲ့လဲ။

ဘာသာရေးနဲ့ ပတ်သက်ပြီး သရော်ထားတဲ့ဇာတ်ဝင်ခန်းတွေကြောင့် ဝေဖန်ခံရမှုတွေရှိခဲ့ပေမယ့် 

PK ဇာတ်ကားဟာ ဘာသာရေးကိုခုတုံးလုပ်မှုတွေ၊

လွဲမှားစွာကိုးကွယ်ယုံကြည်နေကြတဲ့ ဘာသာရေး

အစွန်းရောက်အယူအဆအချို့ကိုပါ လှပစွာမီးမောင်းထိုးပြထားပါတယ်။

ကျနော်တို့ PK နဲ့အတူ  ဦးနှောက် မုန်တိုင်းဆင်လိုက်ကြရအောင်။

ကျနော့်ရဲ့ FB အကောင့်ကိုလည်း  Add ထားပေးကြပါဦး။

https://www.facebook.com/channyeinmw

Telegram ကနေလည်း တင်ပေးထားပါတယ်။

ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။

https://t.me/channyeinmw

အောက်မှာ မိမိတို့ အဆင်ပြေမယ့် ဒေါင်းလုတ်လင့် တွေကနေ

ကြည့်ရှုဒေါင်းယူနိုင်ပါတယ်။


  • Download

  • ချမ်းငြိမ်း-မှော်၀န်း
    Categories: