Saving Private Ryan (1998) မြန်မာစာတန်းထိုး

Posted by ချမ်းငြိမ်း-မှော်ဝန်း on 12:49 PM with No comments


 Saving Private Ryan (1998) မြန်မာစာတန်းထိုး


ဒီဇာတ်ကားကို ဒုတိယကမ္ဘာစစ်ရဲ့ နောက်ဆုံးအဆုံးသတ်တိုက်ပွဲဖြစ်တဲ့ ၁၉၄၄ (D-Day) 

နော်မန်ဒီ တိုက်ပွဲကြီးကနေစတင်ထားပါတယ်။

နော်မန်ဒီ ကမ်းခြေတိုက်ပွဲမှာ ဗိုလ်ကြီးမီလာတို့ တပ်ခွဲဟာ အိုမာဟာ ကမ်းခြေကနေ ဝင်ရောက်ရတာဖြစ်လို့ အထိအခိုက်၊ အကျအဆုံးများတဲ့နေရာဖြစ်ပါတယ်။

D – Dayဆိုတာ ကြောင့် မဟာမိတ်တပ်တွေဖြစ်တဲ့ အင်္ဂလန် အမေရိကန် ကနေဒါနိုင်ငံတို့က အဓိက တိုက်ခိုက်တာဖြစ်ပြီးတော့ နာဇီ ဂျာမနီ တို့သိမ်းထားတဲ့ ပြင်သစ် ဆိပ်ကမ်းဖြစ်တဲ့ နော်မန်ဒီ ဖက်က ကုန်းကြောင်း ဝင်ပြီးအဖက်ဖက်မှလည်း လေကြောင်း‌၊ ရေကြောင်းနဲ့တိုက်ခိုက်ကြပါတယ်။

ဒီလိုတိုက်ပွဲတွေကြားမှာ အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်သားတွေဖြစ်တဲ့ ရိုင်ယန်ညီအစ်ကို ၄ ယောက်မှာ ၃ ယောက်ဟာ တိုက်ပွဲမှာကျပြီးတော့ အငယ်ဆုံးဖြစ်တဲ့ ဂျိမ်းဖရန်စစ် ရိုင်ယန်တဦးသာ ကျန်ခဲ့ပြီး သူတို့ဟာ မိခင်နှင့်အတူ နေထိုင်ကြသူတွေဖြစ်ပါတယ်။

ဒါကြောင့် စစ်ဘက်ဆိုင်ရာ အရာရှိတွေဟာ တဦးတည်းအသက်ရှင်ကျန်ရစ်နေသေးတဲ့

ဂျိမ်းဖရန်စစ် ရိုင်ယန်ကို ကယ်တင်ဖို့ ဗိုလ်ကြီးမီလာကို တာဝန်ပေးပါတယ်။

ရိုင်ယန်ဟာ အမှတ် (၁၀၁) လေထီးတပ်နဲ့အတူ နော်မန်ဒီစစ်မျက်နှာက 

ရန်သူ့နယ်မြေထဲကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ဗိုလ်ကြီးမီလာဟာ ရိုင်ယန်ကို ကယ်တင်ဖို့ စစ်သား ၈ ယောက်နဲ့အတူ

စွန့်စားခန်း ဝင်ရပါတော့တယ်။

ဒီဇာတ်ကားဟာ စစ်ကားတကားထက်ပိုပါတယ်။

ဒုတိယကမ္ဘာစစ်ရဲ့ပုံရိပ်တွေကိုထင်ဟပ်အောင်ရိုက်ကူးထားတာဖြစ်သလို၊ လူသားတယောက်အပေါ် ထားရှိရမယ့် စံနှုန်း၊

စစ်မြေပြင်က စစ်သည်တော်တွေရဲ့ စရိုက်ကိုပါ မြင်တွေ့ခံစားရမှာပါ။

ဒီဇာတ်ကားဟာ အနုပညာစံနှုန်းနဲ့ပဲ တိုင်းတိုင်း၊

သမိုင်းဆိုင်ရာစံနှုန်းနဲ့ တိုင်းတိုင်း မှတ်ကျောက်တင်နိုင်တဲ့ ဇာတ်ကားဖြစ်ပါတယ်။

ကျနော့်ရဲ့ FB အကောင့်ကိုလည်း  Add ထားပေးကြပါဦး။

https://www.facebook.com/channyeinmw

Telegram ကနေလည်း တင်ပေးထားပါတယ်။

ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။

https://t.me/channyeinmw

အောက်မှာ မိမိတို့ အဆင်ပြေမယ့် ဒေါင်းလုတ်လင့် တွေကနေ

ကြည့်ရှုဒေါင်းယူနိုင်ပါတယ်။


  • Download

  • ချမ်းငြိမ်း-မှော်၀န်း
    Categories: