Asura - 2012 မြန်မာစာတန်းထိုး

Posted by ချမ်းငြိမ်း-မှော်ဝန်း on 8:36 PM with No comments


 Asura - 2012 မြန်မာစာတန်းထိုး


ဆင်းရဲမွဲတေမှု၊ငတ်မွတ်ခေါင်းပါးမှုတွေကြောင့်

လူတွေဟာ တခါတလေ ဆင်ခြင်တုံတရားမဲ့ပြီး

ကိုယ်တွင်းက သားရဲဗီဇမကောင်းဆိုးဝါးကပေါ်လာတက်ပါတယ်..

ဆာလောင်မှုဖြေဖျောက်ဖို့နဲ့ အသက်ဆက်လက်ရှင်သန်ဖို့အတွက်

ကိုယ့်ရဲ့သားသမီးကိုတောင် ပြန်သတ်စားတဲ့ သားရဲ စိတ်ပေါ့ ...

ဒီဇာတ်ကားကတော့ 

ဒီလိုအခြေအနေမျိုး၊ဒီလိုနေရာမျိုးမှာမွေးဖွားလာတဲ့ 

ကလေးတယောက်အကြောင်း ရိုက်ကူးထားတဲ့

Animation ဇာတ်ကားကောင်း တကားပါ

ဇာတ်လမ်းက အရမ်းရိုးရှင်းပေမယ့် တကယ့်ကိုကောင်းမွန်ပါတယ်

အထူးသဖြင့် Asura လေး ဘုန်းတော်ကြီးကို 

ဒုတိယအကြိမ် ပြန်တွေ့ဆုံတဲ့အချိန်

ဒီဇာတ်ကားထဲက မမေ့နိုင်တဲ့ အခိုက်အတန့်ပါပဲ

ဘုန်းတော်ကြီးက လက်ကိုဖြတ်ပြီး Asura ကို 

ပေးလိုက်တဲ့အခါ Asura အရမ်းဝမ်းနည်းပြီး စိတ်ထိခိုက်သွားပါတယ်

ဒီဇာတ်ကားထဲက Asura ရဲ့ ဇာတ်ကောင်က 

ဇာတ်လမ်းနဲ့ အရမ်းလိုက်ဖက်ပါတယ်..

ကလေးတစ်ယောက်ရဲ့ အပြစ်ကင်းစင်တဲ့ အသံ..

သူ့မျက်လုံးတွေ၊ ခွေးသွားတွေနဲ့ ဘီလူးတစ်ကောင်လို 

ရှည်လျားတဲ့  လက်သည်းတွေ၊

နောက် ရက်စက်မှု..ဒါတွေဟာ Asura ကို ပိုပြီးပီပြင်စေပါတယ်

ဒါပေမယ့် ဒီဇာတ်ကားက 

ကလေးတွေ အတွက်မဟုတ်တာ သေချာပါတယ်..

မကြည့်ရသေးတဲ့သူတွေအတွက် 

မြန်မာစာတန်းထိုးနဲ့ တင်ပေးလိုက်ပါတယ်



Downlaod[1080p BluRay]


Mega Link


Download [720pBluRay]


Gdrive


ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း

Categories: