Totsukuni No Shojo (2022) မြန်မာစာတန်းထိုး

Posted by ချမ်းငြိမ်း-မှော်ဝန်း on 5:50 AM with No comments

 

ဟိုးရှေးရှေးတုန်းက ဝေးကွာတဲ့ အရပ်မှာ နယ်မြေ(၂)ခုရှိခဲ့ပါတယ်

ကမ္ဘာကြီးကို အတွင်းနယ်မြေနဲ့ အပြင်နယ်မြေဆိုပြီး ပိုင်းခြားထားခဲ့တယ်

အတွင်းနယ်မြေက လူသားတွေက အပြင်နယ်မြေကို ကြောက်ရွံ့ကြတယ်

ကြောက်မက်ဖွယ်ကောင်းတဲ့သတ္တဝါတွေ့ရဲ့  ကျိန်စာသင့်ခံရတယ်ဆိုတာကြောင့်ပါ

တစ်နေ့မှာ လူသားတွေနေထိုင်တဲ့အတွင်းနယ်မြေ နယ်စပ် 

အလောင်းတွေ စွန့်ပစ်တဲ့ နေရာမှာမိန်းကလေးတစ်ဦးကို တွေ့ရှိခဲ့တယ်

ကောင်မလေး နာမည်က Shiva လို့ ဆိုပြီး“ဆရာ”လို့ ခေါ်တဲ့ 

သူမကို တွေ့ခဲ့တဲ့ “အပြင်လူ”တယောက်ကို ရင်းနှီးချစ်ခင်ကြောင်း ပြသခဲ့ပါတယ်

ဒါကတော့ နေ့နဲ့ညပိုင်းခြားကာလ အုံ့ဆိုင်းနေတဲ့ မနက်အာရုံတက်မှာ

လူသားတဦးနဲ့  လူသားမဆန်တဲ့လူသားတစ်ယောက်တို့ 

စတင်တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ် 

ကလေးတယောက်နဲ့ လူသားဘဝကို မမှတ်မိတော့ဘဲ

လူသားတွေကို ကျိန်စာသင့်စေတဲ့ အပြင်လူတယောက်တို့ရဲ့ 

ဖြူစင်တဲ့ သံယောဇဥ်၊ ကိုယ့်လိုဖြစ်လာတော့မယ့် ကလေးမလေးကို

ကယ်တင်ချင်တဲ့စိတ်နဲ့ တက်နိုင်သမျှကြိုးစားတဲ့ 'အပြင်လူ'..

သူ ကလေးမလေးကို ကျိန်စာတွေက လွတ်အောင်ကယ်တင်နိုင်မလားဆိုတာ..

အောက်က လင့်မှာဒေါင်းယူ ကြည့်ရှု့နိုင်ပါတယ် 


Categories: