ယုံကြည်ချက် တစိတ်တပိုင်းကို ဖွင့်အံဖို့နှင့် လေ့ကျက်မိသမျှ မျှဝေဖို့

  • ကြောက်တတ်တဲ့ အစုမှာလား၊ ဖေါက်ထွက်မယ့် အစုမှာလား။

    (သပြေသီးကောက်) ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်။ မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဘူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့ အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ် သွားကွယ်။ (မင်းသုဝဏ်) ...

    Read More
  • The Lord of the Rings: မြန်မာစာတန်းထိုး

    နဂိုထဲက ကောင်းပြီးသား ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။..

    Read More
  • Prison Break Season 1 မြန်မာစာတန်းထိုး

    Prison Break Season 1 မြန်မာစာတန်းထိုး အကြိမ်ပေါင်းများစွာ ဘယ်နှကြိမ်ပဲ ကြည့်ကြည့် ရိုးမသွားနိုင်တဲ့ စီးရီးကောင်းတကားပါ အတော််များများကြည့်ဖူးပြီးပြီးသားဖြစ်တာမို့ ဇာတ်လမ်းအညွှန်းကိုတော့ မရေးပေးထားတော့ပါဘူး အောက်မှာ Season 01 ကို ဒေါင်းယူနိုင်ပါတယ်

    Read More

Wonder Woman (2017) မြန်မာစာတန်းထိုး

 

Wonder Woman (2017) မြန်မာစာတန်းထိုး


အမေဇုန်မင်းသမီး ဒိုင်ယာနာ တယောက် 

စွမ်းရည်ထက်မြက်တဲ့ စစ်သူရဲတယောက်အဖြစ်လေ့ကျင့်ခဲ့ရပါတယ် 

အမေဇုံ တွေနေထိုင်တဲ့ ကျွန်းပေါ်မှာ ကြီးပြင်းလာခဲ့ပြီး တနေ့မှာ

လေယာဉ်မှူးတဦးက သူတို့ရဲ့ ကမ်းခြေကိုရောက်ရှိလာပြီးတဲ့နောက်မှာ

အပြင်ကမ္ဘာကြီးမှာ လူသားအချင်းချင်း

ကြီးမားသောပဋိပက္ခနဲ့ စစ်ပွဲ ဖြစ်နေကြောင်းပြောပြတဲ့အခါ 

ဒိုင်ယာနာက အဲ့ဒီ ခြိမ်းခြောက်မှုတွေကို သူမ

ရပ်တန့်သွားစေနိုင်သည်ဟု ယုံကြည်ခဲ့သည်

စစ်ပွဲအားလုံးကို အဆုံးသတ်ဖို့ စစ်ပွဲတစ်ခုမှာ 

တိုက်ခိုက်နေရင်း ဒိုင်ယာနာဟာ သူမရဲ့ အစွမ်းတွေနဲ့

စစ်မှန်တဲ့ ကံကြမ္မာကို ရှာဖွေတွေ့ရှိခဲ့ပါတယ် 


Gdrive [1080p BluRay]


Download [2.9 GB]



ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း

SEE Season 2 Complete မြန်မာစာတန်းထိုး

 

SEE SEASON 2 မြန်မာစာတန်းထိုး

Episode 1_BROTHERS AND SISTERS

ဒီ အပိုင်းမှာတော့  Baba တယောက်

သမီးဖြစ်သူ Haniwa ကိုရှာဖွေ ကယ်တင်ဖို့အတွက်

သူ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ကျိန်ဆိုထားတဲ့ 

အန္တရာယ်များတဲ့ နယ်မြေတခုထဲကို ဝင်ရောက်ခဲ့ပါတယ်

တချိန်ထဲမှာပဲ ဘုရင်မKane ကPayan နိုင်ငံရဲ့

မြို့တော်သစ်ကို သတ်မှတ်ပြီး

အံ့အားသင့်ဖွယ် ကြေငြာချက်မှု ပြုလုပ်ခဲ့ပါတယ်

ကြာနေတဲ့အတွက် တောင်းပန်ပါတယ် 


Gdrive [1080p WEBRip]


Episode 1 [1.06 GB]


Episode 2 [721.8MB]


Episode 3 [752.9MB]


Episode 4 [426.5MB]


Episode 5 [573.0MB]


Episode 6 [702.0MB]


Episode 7 [771.9MB]


Episode 8 [1.23 GB] End


Season 2 Complete

ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း

Against the Ice (2022) မြန်မာစာတန်းထိုး


 Against the Ice (2022) မြန်မာစာတန်းထိုး


ဒိန်းမတ်နိုင်ငံရဲ့ ၁၉၀၉ ခုနှစ် ဝင်ရိုးစွန်းစူးစမ်းရှာဖွေရေး

ဇာတ်လမ်းအစစ်အမှန်ကို အခြေခံရိုက်ကူးထားတာပါ

ရေခဲပြင်တွေ ဖုံးလွှမ်းနေပြီး ကျယ်ပြန့်လှတဲ့ဂရင်းလန်းဒေသမှာ

ပျောက်ဆုံးသွားတဲ့ မြေပုံတခုကို ရှာဖွေတဲ့ 

ဒိန်းမတ် စူးစမ်းလေ့လာရှာဖွေရေးခရီးစဉ်မှာ 

ကျန်ရစ်ခဲ့တဲ့ လူ(၂)ယောက်ဟာ

အသက် ဆက်လက်ရှင်သန်ဖို့တိုက်ပွဲဝင်ခဲ့တဲ့အကြောင်း

ရိုက်ကူးတင်ဆက်ထားတဲ့ Drama, Adventure, History အမျိုးအစား

Against the Ice (2022) ကို မြန်မာစာတန်းထိုးနဲ့ တင်ပေးလိုက်ပါတယ်


Gdrive [1080p WebRip]



Download [1.4 GB]



Gdrive [720p WebRip]



Download [748.6 MB]



ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း

Black Adam 2022 မြန်မာစာတန်းထိုး

Black Adam 2022 မြန်မာစာတန်းထိုး


ရှေးခေတ်တုန်းက Kahndaq ဆိုတဲ့ တိုင်းပြည်မှာ 

ကမ္ဘာကြီးကိုကာကွယ်သူမှော်ဆရာတွေက နတ်ဘုရားတွေရဲ့အစွမ်းတွေကို 

Teth Adam ကိုလက်ဆောင်ပေးခဲ့ပါတယ်..ဒါပေမယ့် 

အဲ့ဒီအစွမ်းတွေကို သူ့ရဲ့ ဂလဲ့စားချေဖို့အတွက်

အသုံးချပြီးတဲ့နောက်မှာတော့ သူ အကျဥ်းချခံထားရပါတယ်

နှစ်ပေါင်း 5000 ကြာပြီး ပြန်လည်နိုးထလာတဲ့ Black Adam က

Superman ၊Wonder Woman တို့နဲ့ လိုက်လျောညီထွေဖြစ်စေပြီး 

ဒေါသကြောင့် ပေါက်ဖွားလာတဲ့ သူ့ရဲ့ထူးခြားတဲ့ အစွမ်းတွေက

ကမ္ဘာကြီးရဲ့ ရက်စက်တဲ့ ကာကွယ်သူဖြစ်လာပါတယ် 

အခု 21 ရာစုမှာတော့ Black Adam တယောက်  

Justice Society အဖွဲ့ဝင် သူရဲကောင်းတွေဖြစ်တဲ့ 

Doctor Fate၊ Hawkman၊ Atom Smasher နှင့် 

Cyclone တို့ကို ရင်ဆိုင်ရမှာဖြစ်ပါတယ် 

အဲ့ဒီအပြင်---


Gdrive [1080p Bluray]


Downlaod [3.08GB]


Gdrive [720p Bluray]


Download [1.43GB]


ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း-မှော်ဝန်း

 

ဆောင်းမှတ်တမ်း


ဆောင်းမှတ်တမ်း

---------------

အလင်းမှုန်တွေ မှုန်မှိုင်းနေတဲ့ဒီဇင်ဘာဟာ
ဆောင်းကို သိမ်းပိုက်ဖို့
ရေခဲစစ်သည်တွေနဲ့ ချီတက်လာတယ်။
အလင်းထောင့်ချိုးတွေ ကျဉ်းမြောင်းလာတဲ့အခါ
မိသားစုတွေ နွေးထွေးဖို့
လူတချို့ဟာ နှင်းတောထဲမှာ အလင်းရှာထွက်ကြ၊
တချို့ အလုပ်ဆင်းရဦးမတဲ့၊
တချို့ အလုပ်နားလို့ မရဘူးတဲ့။
အလုပ်သမားတွေရဲ့ သက်ပြင်းချသံမှာ
ကိုယ်ခန္ဓာက ရေငွေ့တွေ ပါသွားတယ်။

ဦးတည်ရာမသိရတဲ့ ခရုပတ်သဏ္ဍာန်
လေထုနဲ့ နှင်းရနံ့သင်းသင်း နမ်းရှိုက်ခံလိုက်ရတဲ့
နောက်ဆုံးလက်ကျန်
သစ်ရွက်လေးဟာ တုန်ရီဖျော့တော့စွာ
တွဲခိုနေရှာ၊
ကောင်းကင်မှာ လွှင့်မျောနေတဲ့ ရေခဲတောင်ကြီးဟာ
မိုးအဖြစ်၊ နှင်းအဖြစ်
လက်နက်ပုန်းတွေလို ပစ်လွှတ်လာမှာ
သူစိုးရိမ်နေရှာပုံရတယ်။
ဒီဇင်ဘာဆောင်းညမှာ ငွေနှင်းမှုန်ရဲ့
အလင်းယဲ့ယဲ့ဟာ အားနွှဲ့နေရှာတယ်။
တံစက်မြိတ်မှာ ခိုတွဲလာတဲ့ မိုးစက်တချို့ဟာ
ခဏချင်းမှာပဲ အေးစက်စက် ဒါးတလက်လို
ထက်မြတောက်ပလာတယ်။
နှင်းတွေကို ထမ်းပိုးထားတဲ့ ငါ့အိမ်ရှေ့က
နှင်းဆီပင်ပျိုလေးဟာ
ကတိမ်းကယိမ်းနဲ့ သူ့အိန္ဒြေကို ထိန်းဖို့ မတတ်နိုင်ရှာဘူး။

White River မြစ်ရေတွေ ခဲသွားတဲ့အခါ
ငါးတွေ အချမ်းလုံအောင် ဘယ်လိုစောင်ခြုံအိပ်ကြသလဲလို့
မဆိုင်တာ ငါတွေးရင်း
ငါနဲ့ဆိုင်တဲ့ ဗမာပြည်က စစ်ဘေးရှောင်ကလေးတွေ
ဘယ်လို အိပ်ကြသလဲပါ တွေးမိတော့
ငါ့စိတ်တွေ မှုန်မှိုင်းအေးခဲ သွားရတယ်။
ဧရာနဲ့ ချင်းတွင်း သံလွင်မြစ်ရေတွေ
နွေးပါစေလို့ ငါဆုတောင်းမိတယ်။
အသက်ရှုထုတ်လိုက်တဲ့အခါ
ငါ့စိတ်ဟာ အခိုးအငွေ့တွေအဖြစ်
ငါနဲ့ဝေးရာကို လွှင့်ပါးသွားကြတယ်။

ချမ်းငြိမ်း-မှော်၀န်း
#CN
12/22/2022

ကျနော်တို့မြို့လေးရဲ့ ဆောင်းဦးမှတ်တမ်း

 


ကျနော်တို့မြို့လေးရဲ့ ဆောင်းဦးမှတ်တမ်း

---------------------------
ဒီနှစ်ဆောင်းက ကျနော်မြို့လေးဆီကို ယုန်တကောင်ပြေးလွှားသလို၊
တိုးရစ် ဇာတ်ကားထဲမှာ
အင်ဒီယာနာဂျိုးလီ ရဲ့ ကင်မရာကိုကျောပေးပြီး
လမ်းလျှောက်ပုံလို၊
ဆောင်းဦးဟာ အပူချိန် နိမ့်တုံ မြင့်တုံနဲ့ ရောက်လာခဲ့တယ်။
သစ်ရွက်စိမ်းစိမ်းတွေဟာ သတိမထားမိစဉ်မှာပဲ
ကလေးငယ်တယောက်ဆွဲတဲ့ ပန်းချီကားတချပ်လိုဖြစ်သွားတယ်။
တခါတခါ ကျနော်အမည်မသိတဲ့ ငှက်တအုပ်ဟာ
နီညိုရောင် တိမ်တိုက်တခုလို အလင်းမဖေါက်အောင် စုစုစည်းစည်းလွှင့်မျောလာတတ်တယ်။
ကျနော်စဉ်းစားမိတယ်။
ရိုးတံကျဲကျဲ ဆောင်းမှာ သူတို့ ဘယ်မှာအသိုက်ဖွဲ့ကြသလဲပေါ့။
ဒီအရပ်မှာ ထင်းရူး၊ မေပယ်နဲ့ ဝက်သစ်ချကလွဲရင် ကျန်တာကျနော်မသိတဲ့ အပင်တွေချည်း။
ဆောင်းဦးမှာ ဒီအပင်တော်တော်များက
လိပ်ပြာတွေ ပင်လုံးပြည့် နားနေသလို၊
သင်္ကြန်မိုးတပြိုက်ကျအပြီး ငုနဲ့ ပိတောက်ပန်းတွေ ပင်လုံးပြည့်ပွင့်နေသလို၊ တချို့အပင်တွေက
မီးတောက်တွေ လျှံထွက်နေသလို မြင်ရတယ်။
အဲဒါက သိပ်တော့ မကြာလှဘူးရယ်။
ဆောင်းဦးလေပြင်းတွေက ရေခဲမြားတွေလို
သူတို့အပေါ် ကျရောက်လာတဲ့အခါ၊
လိပ်ပြာတွေလွှင့်ပျောက်၊ ပန်းတွေမြေခ၊
မီးလောင်ကျွမ်းပြီးစ မြင်ကွင်းကို မြင်ရသလို
ရိုးတံကျဲကျဲနဲ့ အကျည်းတန်သွားတော့တယ်။
အအေးဒဏ်ကြောင့် ကန်ရေပြင်တွေက အပျိုစင်တယောက်ရဲ့
ရင်သားလို တင်းတင်းရင်းရင်းဖြစ်လာတဲ့အခါ
ဘဲငန်းတွေက ကျနော့်သူငယ်ချင်းတယောက်
မူးပြီးသီချင်းဆိုသလို စည်းချက်မကျတဲ့
ဂီဂီဂေါ်ဂေါ် အသံပေးပြီး အိန္ဒြေကြီး
တခွဲသားတွေနဲ့ ကားလမ်းတွေပေါ်
မီးရထားတွဲကြီးခုတ်မောင်းသလို တန်းစီပြီး လမ်းသလားကြတယ်။
အဲဒါ အတော်မုန်းစရာကောင်းတယ်ဗျ။
သူတို့ လမ်းသလားချိန်မှာ အစိုးရယာဉ်တန်းနဲ့
တွေ့သလို ကျနော်တို့ကားတွေက ရပ်ပေးကြရတယ်။
ဒီနှစ်ဆောင်းဦးမှာ နှင်းတွေက ၁၀ လပိုင်းမှာ
အလစ်ငိုက်ဝင်တိုက်ခိုက်လာတယ်။
ကြည့်လိုက်ရင် စံပယ်ပန်းတွေဖြူဖြူလွှလွှ
လွင့်မျောနေသလို ထင်ရပေမယ့်
အမျိုးသမီးတယောက် ဒေါသထွက်နေတဲ့အကြည့်လို အေးစက်စက်နဲ့ စူးရဲလှတယ်။
ရေခဲမှတ်အောက်ရောက်နေတဲ့ အပူချိန်ဒီဂရီမှာ
နှင်းစက်တွေ အနမ်းခံရတဲ့အခါ သူ့အထိအတွေ့က ပါးပြင်ကနေ ခြေသန်းလေးအထိ 
အအေးဓါတ်ခံစားမှုက သက်ရောက်တယ်။
အလင်းဖေါက်တဲ့ ပြတင်းကနေ နောက်ဖေးနှင်းမြေပြင်မှာ 
ရှဉ့်ကောင်လေးတွေ နှင်းနဲ့ဆော့ကစားတာကို ချောင်းကြည့်ရတာ အရသာတမျိုးဗျ။
ဒီကောင်တွေက ဆောင့်ကြောင့်ထိုင်ပြီး လက်နှစ်ဖက် ရင်ဘက်ကပ်ပြီး
လုပ်ခုပ်တီးသလို လုပ်နေပုံက ချစ်စရာကောင်းလှတယ်။
နှင်းလွှမ်းနေတဲ့ညရဲ့ အရောင်ဟာ ငွေရောင်လဲ့လဲ့။
ဆောင်းဦးကို ကျနော်မကြိုက်တာတခုက
ကျနော့် ချဉ်ပေါင်ခင်းတွေခဗျာ စုန်းစုပ်သလို
ရိုးတံနီနီလေးတွေ တွန့်လိမ်ညွှတ်ကျသွားရလို့ပဲ။
ကျနော်တို့ မြို့လေးရဲ့ ရာသီဥတုကိုခန့်မှန်းရတာက
ကမ္ဘာ့ဖလားပွဲ ခန့်မှန်းရသလို ခက်လှတယ်။
ဆောင်းဦးဟာ ဆင်တကောင်ရဲ့ ခွန်အားနဲ့ ကျိုးနွံမှုလို
အပူချိန်ဒီဂရီဟာ အချိုးမကျလှ။
ဒီမြို့လေးရဲ့ ဆောင်းဦးဟာ အရမ်းလှတယ်။
ပြီးတော့အရမ်းလည်း အကျည်းတန်တယ်။
အရမ်းလည်း ချစ်စရာကောင်းတယ်။

ချမ်းငြိမ်း-မှော်၀န်း
#CN
11/24/2022 

Prison Break Season 4 Complete မြန်မာစာတန်းထိုး


မိုက်ကယ်က Whistler နဲ့ Gretchen

လက်စားချေဖို့ ကြိုးစားခဲ့ပြီး

လင်ကွန်းနဲ့ မိုက်ကယ် တို့ အဖွဲ့သားတွေ 

ပြန်လည် ပေါင်းစည်း ပြီး

နိုင်ငံ အေးဂျင့် တယောက်ဆီကနေ

ကမ်းလှမ်း ချက် တခုကို ရရှိခဲ့ပါတယ်


 ကျေးဇူးတင်ပါတယ်


Gdrive 


Episode 1+2


Episode 3


Episode 4


Episode 5


Episode 6


Episode 7


Episode 8


Episode 9


Episode 10


Episode 11


Episode 12


Episode 13


Episode 14


Episode 15


Episode 16


Episode 17


Episode 18


Episode 19


Episode 20


Episode 21


Episode 22 End


Final Break


Download [1 GB]


Season 4 Complete


 

Prey for the Devil 2022 မြန်မာစာတန်းထိုး




Prey for the Devil 2022 မြန်မာစာတန်းထိုး


ကက်သလစ် ဘုရားကျောင်းက နတ်ဆိုးပူးကပ်မှု

တိုးပွားလာတာကို တုံ့ပြန်သည့်အနေနဲ့ 

ကက်သလစ် ဘုရားကျောင်းက ပြင်ပမှ ခရစ်ယာန်ဘုန်းကြီးများကို 

လေ့ကျင့်ပေးရန် သင်တန်းတွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ် 

ဝိညာဉ် တိုက်ပွဲမြေပြင်မှာ မယုံကြည်နိုင်လောက်တဲ့ 

လူတဦးပေါ်ထွက်လာပါတယ်

စစ်စတာ  အန်း (Jacqueline Beers) ကတော့ 

ပထမဆုံး အမျိုးသမီး နတ်ဆိုးနှင်သူ ဖြစ်ဖို့

 ဖိတ်ခေါ် ချက် တခု ကို ရရှိခဲ့တယ်လို့  ယုံကြည်နေခဲ့ပါတယ် 

... ဒါပေမယ့် သူ့ကို ဘယ်သူ ဖိတ်ခေါ်ခဲ့တာလဲ--

စစ်စတာ အန်း က လွန်ခဲ့တဲ့ နှစ်တွေက 

သူ့ရဲ့ မိခင်ကို နှိပ်စက်ညှဉ်းပန်းခဲ့သည့် နတ်ဆိုးများ

ပူးဝင်နေတယ်လို့ ယုံကြည်တဲ့ ကလေးတဦးကို ကယ်တင်ဖို့ကြိုးစားရင်း 

ကြုံရတဲ့ ထိတ်လန့်ဖွယ်အခြေအနေကို ရိုက်ကူးတင်ဆက်ထားတဲ့ 

Horror/Thriller အမျိုးအစား ဇာတ်ကားတကားကို တင်ပေးလိုက်ပါတယ် 


Gdrive [1080p WEBRip]


Download [1.3 GB]


ကျေးဇူးတင်ပါတယ်  ချမ်းငြိမ်း-မှော်ဝန်း