ယုံကြည်ချက် တစိတ်တပိုင်းကို ဖွင့်အံဖို့နှင့် လေ့ကျက်မိသမျှ မျှဝေဖို့

  • ကြောက်တတ်တဲ့ အစုမှာလား၊ ဖေါက်ထွက်မယ့် အစုမှာလား။

    (သပြေသီးကောက်) ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်။ မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဘူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့ အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ် သွားကွယ်။ (မင်းသုဝဏ်) ...

    Read More
  • The Lord of the Rings: မြန်မာစာတန်းထိုး

    နဂိုထဲက ကောင်းပြီးသား ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။..

    Read More
  • Prison Break Season 1 မြန်မာစာတန်းထိုး

    Prison Break Season 1 မြန်မာစာတန်းထိုး အကြိမ်ပေါင်းများစွာ ဘယ်နှကြိမ်ပဲ ကြည့်ကြည့် ရိုးမသွားနိုင်တဲ့ စီးရီးကောင်းတကားပါ အတော််များများကြည့်ဖူးပြီးပြီးသားဖြစ်တာမို့ ဇာတ်လမ်းအညွှန်းကိုတော့ မရေးပေးထားတော့ပါဘူး အောက်မှာ Season 01 ကို ဒေါင်းယူနိုင်ပါတယ်

    Read More

Nowhere (2023) မြန်မာစာတန်းထိုး


 Survival-themed ရုပ်ရှင်တွေ အများကြီးထဲမှာ 

မင်းသားကြီး Tom Hanks ပါဝင်ထားတဲ့ 

Castaway (2000) ရုပ်ရှင်ဇာတ်ကားဟာ 

အကောင်းဆုံးဖြစ်နိုင်ပေမယ့် Jungle (2017) 

127 Hours (2010)နဲ့ Everest (2015) စတဲ့ 

ရုပ်ရှင်တွေကလည်း လူသားတို့ရဲ့ အဆုံးစွန်တဲ့

ခံနိုင်ရည်စွမ်းနဲ့ ကျော်ဖြတ်နိုင်ခဲ့တဲ့ 

Survival ရုပ်ရှင်ကားကောင်းတွေ ဖြစ်ပါတယ်..

ဒီ Nowhere (2023) ရုပ်ရှင်မှာတော့ ငတ်မွတ်ခေါင်းပါးမှု ဖြစ်နေတဲ့ 

ကမ္ဘာကြီးကို ဇာတ်အိမ်တည်ထားပါတယ်..

တခြားနိုင်ငံတွေလိုပဲ စပိန်နိုင်ငံကလည်း 

ဒီငတ်မွတ်ခေါင်းပါးမှုဒဏ်ကိုခံစားနေရပါတယ်..

ဒီအခြေအနေကို ထိန်းသိမ်းဖို့ စစ်တပ်က အာဏာသိမ်းယူပြီး..

စီမံချက်တွေ လုပ်ဆောင်ပြီး အခြေအနေတွေကို ထိန်းသိမ်းဖို့ ကြိုးစားရာမှာ

အရင်ဆုံး သက်ကြီးရွယ်အိုတွေကိုကို ရှင်းပစ်ပါတယ်..နောက်တော့ 

ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ..

အဲ့ဒီအထဲမှာMia ရဲ့ သမီးဖြစ်သူ ပါဝင်သွားခဲ့ပါတယ် 

အဲ့ဒီနောက် Mia နဲ့ သူမရဲ့ ယောက်ျားဖြစ်သူ Nico တို့ဟာ နိုင်ငံကနေ 

တိတ်တဆိတ် ထွက်ခွာဖို့ကြိုးစားခဲ့ကြပါတယ် ..

အဲ့ဒီအချိန်မှာ Mia မှာလည်း ကိုယ်ဝန်အရင့်အမာနဲ့ပါ..

ကွန်တိန်နာသင်္ဘော နဲ့ ခိုးထွက်ဖို့ ကြိုးစားရင်း

Mia တယောက် ခင်ပွန်းဖြစ်သူ Nico နဲ့ တယောက်တကွဲစီဖြစ်သွားပါတယ် 

သူမ တယောက်သာ ကျန်တော့တဲ့ ကွန်တိန်နာဟာ ပင်လယ်ထဲမှာ 

မုန်တိုင်းမိပြီး သင်္ဘော ပေါ်ကနေ ပင်လယ်ထဲကျသွားပါတော့တယ်

အဲ့ဒီနောက်မှာတော့ .....

Mia တယောက် လင်းနို့တကောင်ထက်ကို အရာရာကျွမ်းကျင်လာခဲ့ပါတယ်

သူမ အမဲလိုက်နိုင်တယ် ၊ ပိုက်ကွန်ပြုလုပ်နိုင်တယ်

သူမငတ်နေချိန်မှာ စတီးလ်ကိုတောင် ကွေးညွှတ်စေနိုင်တယ် 

ဒီနေရာမှာ သူမ ရင်ဆိုင်နေရတာက 

တကယ့်လူသတ်သမားတွေမဟုတ်ပါဘူး..

သူမ ရှိနေတာကိုတောင် အသိအမှတ်ပြုချင်မှပြုမယ့် 

အေးစက်နေတဲ့ ရေပြင်ကြီးပဲ ဖြစ်ပါတယ်

ဇာတ်လမ်းရဲ့တချို့နေရာတွေက ယုတ္တိမဆန်မေးခွန်းထုတ်စရာတွေ

ရှိနေ‌ပေမယ့်..Survival ရုပ်ရှင်ဇာတ်ကားကောင်းတကားဆိုတာ 

ပြောစရာမလိုပါဘူး..

မြန်မာစာတန်းထိုးနဲ့ဒေါင်းယူကြည့်ရှု့နိုင်ပါတယ်


No One Will Save You (2023) မြန်မာစာတန်းထိုး


 မြန်မာစာတန်းထိုးလို့ ဆိုပေမယ့် 

စကားတခွန်းမှ မပြောထားတဲ့ ဇာတ်ကား တကားပါ

ငယ်ငယ်တုန်းက တောအုပ်ထဲမှာ ဆော့ကစားရင်း Brynn နဲ့ 

သူငယ်ချင်းဖြစ်သူ Maude တို့ စကားများခဲ့ကြပါတယ်။ 

ဒီလိုရုပ်ရှင်မျိုးတွေက တိတ်တိတ်ဆိတ်ဆိတ်နဲ့ 

ဇာတ်အိမ်တည်ထားတာမို့ သူတို့ဘာတွေပြောလဲဆိုတာ အတိအကျ မသိရပါဘူး

မြင်ရသလောက် Maude က Brynn ကို တွန်းချလိုက်လို့ Brynn က 

ကျောက်တုံးတစ်တုံးကို ကောက်ကိုင်လိုက်ပြီး Maude ရဲ့ 

ခေါင်းနဲ့ရိုက်လိုက်ခြင်းအားဖြင့် တုံ့ပြန်ခဲ့ပါတယ်။ Maude က

အဲ့ဒါကြောင့် သေဆုံးသွားတယ်လို့  ယူဆရပါတယ်..

ဒါက Brynn တယောက် အထီးကျန်ပြီး အပယ်ခံဖြစ်နေရတဲ့ 

အကြောင်းအရင်းဖြစ်ပုံရပြီးMaude ရဲ့အမေက 

သူမကို ရဲစခန်းမှာ ဘာဖြစ်လို့  

တံတွေးထွေးတာလဲဆိုတာက အချစ်ဆုံးသူငယ်ချင်းကို

ရက်ရက်စက်စက် သတ်ပစ်ခဲ့သူမို့လို့ ရွံ့ရှာတဲ့သဘောမျိုးလို့ထင်ပါတယ်..

ဒါကလည်း ကျွန်တော့်ရဲ့ ထင်မြင်ချက်သက်သက်ပါ..

နောက်ထပ် ပါဝင်တာက ဂြိုလ်သားတွေပါပဲ 

သူတို့တွေက တစ်ခုခုကို အမြဲလိုချင်နေတာလား မပြောတက်ဘူး..

ဂြိုလ်သားတွေက လူတွေရဲ့လည်ချောင်းထဲကို

မနှစ်မြို့စရာကောင်းတဲ့ကပ်ပါးကောင်တစ်ကောင်ကို ထည့်ပြီး

လူတွေရဲ့အမှတ်တရတွေကို တူးဆွနေကြတာ ဘာကြောင့်မှန်းမသိ..

သူတို့အားလုံးရဲ့ရည်ရွယ်ချက်ကရော ဘာဖြစ်နိုင်မလဲ ..

ဂြိုလ်သားတွေက အပယ်ခံ Brynn ရဲ့ ငယ်ဘဝ အမှတ်တရတွေကို 

တွေ့မြင်ရပြီးတဲ့နောက် ဇာတ်လမ်းရဲ့ နောက်ဆုံးခန်းမှာ 

Brynn ဟာ ပျော်ရွှင်စရာကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ 

ထိုက်တန်ပါတယ်ဆိုတဲ့ သဘောနဲ့ 

ဂြိုလ်သားတွေ ဖန်တီးပေးခဲ့သလားဆိုတာကတော့ ဒီဇာတ်ကားကို 

ကိုယ်တိုင်ကြည့်ပြီးမှပဲ ဆက်စပ်ယူလို့ရနိုင်မှာပါ  


Totsukuni No Shojo (2022) မြန်မာစာတန်းထိုး

 

ဟိုးရှေးရှေးတုန်းက ဝေးကွာတဲ့ အရပ်မှာ နယ်မြေ(၂)ခုရှိခဲ့ပါတယ်

ကမ္ဘာကြီးကို အတွင်းနယ်မြေနဲ့ အပြင်နယ်မြေဆိုပြီး ပိုင်းခြားထားခဲ့တယ်

အတွင်းနယ်မြေက လူသားတွေက အပြင်နယ်မြေကို ကြောက်ရွံ့ကြတယ်

ကြောက်မက်ဖွယ်ကောင်းတဲ့သတ္တဝါတွေ့ရဲ့  ကျိန်စာသင့်ခံရတယ်ဆိုတာကြောင့်ပါ

တစ်နေ့မှာ လူသားတွေနေထိုင်တဲ့အတွင်းနယ်မြေ နယ်စပ် 

အလောင်းတွေ စွန့်ပစ်တဲ့ နေရာမှာမိန်းကလေးတစ်ဦးကို တွေ့ရှိခဲ့တယ်

ကောင်မလေး နာမည်က Shiva လို့ ဆိုပြီး“ဆရာ”လို့ ခေါ်တဲ့ 

သူမကို တွေ့ခဲ့တဲ့ “အပြင်လူ”တယောက်ကို ရင်းနှီးချစ်ခင်ကြောင်း ပြသခဲ့ပါတယ်

ဒါကတော့ နေ့နဲ့ညပိုင်းခြားကာလ အုံ့ဆိုင်းနေတဲ့ မနက်အာရုံတက်မှာ

လူသားတဦးနဲ့  လူသားမဆန်တဲ့လူသားတစ်ယောက်တို့ 

စတင်တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ် 

ကလေးတယောက်နဲ့ လူသားဘဝကို မမှတ်မိတော့ဘဲ

လူသားတွေကို ကျိန်စာသင့်စေတဲ့ အပြင်လူတယောက်တို့ရဲ့ 

ဖြူစင်တဲ့ သံယောဇဥ်၊ ကိုယ့်လိုဖြစ်လာတော့မယ့် ကလေးမလေးကို

ကယ်တင်ချင်တဲ့စိတ်နဲ့ တက်နိုင်သမျှကြိုးစားတဲ့ 'အပြင်လူ'..

သူ ကလေးမလေးကို ကျိန်စာတွေက လွတ်အောင်ကယ်တင်နိုင်မလားဆိုတာ..

အောက်က လင့်မှာဒေါင်းယူ ကြည့်ရှု့နိုင်ပါတယ် 


Black Panther: Wakanda Forever (2022) မြန်မာစာတန်းထိုး

 




ဘုရင်ကြီး T'Challa ကွယ်လွန်ပြီးနောက် 

ကမ္ဘာ့အင်အားကြီးနိုင်ငံများကို ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ဖို့

 ဘုရင်မ Ramonda၊ Shuri၊ M'Baku၊ Okoye နှင့်

 Dora Milaje တို့ တိုက်ပွဲဝင်ခဲ့ကြပါတယ်

ဒီဇာတ်ကားမှာ အံ့သြစရာကောင်းတာက 

ဦးဆောင်သူ Black Panther မရှိပဲ စတင်ခဲ့ရတာပါပဲ..

Black Panther အဖြစ် သရုပ်ဆောင်ခဲ့တဲ့ 

[မင်းသား Chadwick Boseman ဟာ အသက်(၄၃) နှစ်

August 28, 2020 ခုနှစ်မှာ Los Angeles က သူ့ရဲ့နေအိမ်မှာပဲ 

အူမကြီး ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာပါ..]

ဘုရင်ကြီး T'Challa ကွယ်လွန်ပြီးတဲ့နောက် 

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်တာကနေ

ကာကွယ်ဖို့ ဘုရင်မ Ramonda၊ Shuri၊ M'Baku၊ Okoye နဲ့ 

Dora Milaje တို့ အတူရင်ဆိုင်နေကြပါတယ်

အမေရိကန်နိုင်ငံကVibranium ကို သမုဒ္ဒရာရေအောက်မှာ 

ထောက်လှမ်းမိချိန်မှာပဲ သဘ်ောတစီးလုံးနဲ့ အဖွဲသားတွေအားလုံ
း 
အသတ်ခံလိုက်ရပြီးVibranium ရှာဖွေထောက်လှမ်းတဲ့ 

တစီးတည်းသော စက်ကြီးပါ ပျောက်ဆုံးသွားပါတယ် 

အမေရိကန်ကတော့ ဒါဟာ Wakanda လက်ချက်လို့ ယူဆပါတယ်

ဒီဇာတ်ကားထဲမှာတော့ Talokan/Atlantis ဆိုတဲ့ သမုဒ္ဒရာရေအောက်

တိုင်းပြည်က Wakanda ကို ခြိမ်းခြောက်လာပါတယ် 

Vibranium ပေါကြွယ်ဝပြီး စစ်ရေးစွမ်းရည်ကို ရှိတဲ့ Wakanda လို နိုင်ငံကို 

ကမ္ဘာပေါ်က ဘယ်နိုင်ငံကမှ ရင်မဆိုင်ဝံ့ပေမယ့် 

Talokan မျိုးနွယ်ခေါင်းဆောင် Namor က

အလွယ်တကူကျူးကျော် ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပါတယ်...

မကြည့်ရသေးရင် 

အောက်ကလင့်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါတယ်



Doctor Strange ..(2022) မြန်မာစာတန်းထိုး




 Doctor Strange In The Multiverse Of Madness (2022) မြန်မာစာတန်းထိုး

စကြာဝဌာတွေကို အလွယ်တကူ သွားနိုင်တဲ့

ကလေးမလေးတယောက်ရဲ့ အစွမ်းကို 

ရယူဖို့ ကြိုးစားနေတဲ့  စုန်းမတယောက်က 

နည်းလမ်းအမျိုးမျိုးနဲ့ ကလေးမလေးကို ဖမ်းဖို့ 

ကြိုးစားတဲ့ အကြောင်းကို ရိုက်ကူးတင်ဆက်ထားပါ

အဲဒါကို ရင်ဆိုင်ဖို့အတွက် doctor strange နဲ့ မှော်ဆရာတွေက

ကလေးမလေးကို စုန်းမလက်ထဲမရောက်အောင်

ကာကွယ်ဖို့ ကြိုးစားကြပါတယ် သူတို့ အောင်မြင်နိုင်မလားဆိုတာကတော့ 

အောက်က လင့်ကနေ ဒေါင်းယူနိုင်ပါတယ်

ကြည့်ပြီးသားသူတွေအတွက်ကတော့ ကျော်သွားလိုက်ပါ

မကြည့်ရသေးဘူးဆိုရင် အောက်ကလင့်မှာ 

ဒေါင်းယူကြည့်ရှုနိုင်ပါတယ်


Doctor Strange (2016) မြန်မာစာတန်းထိုး

 



Doctor Strange (2016) မြန်မာစာတန်းထိုး

မတော်တဆမှုတစ်ခုမှာ နာမည်ကျော် အာရုံကြောခွဲစိတ်ဆရာဝန် 

Stephen Strange သည် သူရဲ့ လက်များကို အသုံးပြုနိုင်စွမ်း 

ဆုံးရှုံးသွားခဲ့သည်။ သူသည် သူ့ကိုယ်သူ ကုသရန် လျှို့ဝှက်ဆန်းကြယ်သော 

ရှေးဆရာကြီး(Ancient One) ထံ သွားရောက်ပြီးတဲ့နောက်

သူမရဲ့ သွန်သင်ပေးမှုတွေကြောင့် 

ဆရာဝန်တယောက် ဖြစ်မလာတော့ပဲ

ကမ္ဘာကြီးကို ကယ်တယ်မယ့် 

မှော်ဆရာတယောက် ဖြစ်လာပါတော့တယ်

မကြည့်ရသေးလို့ ပြန်ကြည့်ချင်တာပဲ ဖြစ်ဖြစ်

အောက်ကလင့်မှာ

ဒေါင်းယူကြည့်ရှု့နိုင်ပါတယ်


Species.1995 မြန်မာစာတန်းထိုး

 


သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က  

လူသားမျိုးနွယ်တစ်ခုလုံးကို ပျက်စီးစေနိုင်တဲ့ 

လူသားDNA နဲ့ အမျိုးအမည်မသိရတဲ့ ဂြိုလ်သားDNA တို့ 

ပေါင်းစပ်ဖန်တီးထားပြီး ကြီးထွားမှုနှုန်း အဆမတန်မြန်တဲ့ 

Sil  ဆိုတဲ့ စမ်းသပ်ခံသတ္တဝါတကောင်လွတ်မြောက်သွားပြီးနောက်.. 

အဲ့ဒီSil က လူသားယောက်ျားတွေနဲ့ မိတ်မလိုက်နိုင်ခင်

အမြန်ဆုံးရှင်းပစ်ဖို့ ကြိုးစားရတဲ့ 

သိပ္ပံဇာတ်ကား ကောင်းတကားပါ နောက်ဆက်တွဲကားတွေလည်း

ဆက်လက်ထွက်ရှိထားသေးပါတယ် 

အခုက ပထမဆုံးဇာတ်ကားပါ

အောက်မှာ မြန်မာစာတန်းထိုးနဲ့ ဒေါင်းယူနိုင်ပါတယ်



Picture.Of.Beauty.2017 မြန်မာစာတန်းထိုး


 Picture.Of.Beauty.2017 မြန်မာစာတန်းထိုး

20 ရာစုအစောပိုင်း  ရွာတစ်ရွာမှာ 

မိန်းကလေးတွေက သူတို့ရဲ့ လိင်စိတ်ကို 

စူးစမ်းလေ့လာကာ ဖိနှိပ်ခံထားရတဲ့ လူ့အဖွဲ့အစည်းအတွင်းကနေ

လွတ်မြောက်မှုကို ရှာဖွေရင်း တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာကြပါတယ်

အဲ့ဒီအချိန်မှာ ထူးဆန်းတဲ့အလုပ်ရှင် တဦးက

ပန်းချီဆရာတစ်ယောက်ကို  သူ့အလုပ်အတွက် လိုအပ်နေတဲ့ 

ပန်းချီကားတချပ်ဆွဲဖို့ အလုပ်အပ်ခဲ့ပါတယ်..

ပန်းချီဆရာအတွက် လိုအပ်နေတဲ့  ကိုယ်ဟန်ပြမယ်အတွက်

လှပတဲ့မိန်းခလေးတွေကို ရှာဖွေရပါတော့တယ် 

နောက်ဆုံးမှာ အလုပ်အပ်တဲ့ သူစိတ်တိုင်းကျတဲ့ 

ပန်းချီကားတချပ်ဖြစ်လာမလားဆိုတာ ဇာတ်လမ်းထဲမှာ

ကြည့်ကြရမှာပါ အဝတ်အစားမပါတဲ့ အခန်းတွေပါတာမို့ 

အသက်မပြည့်သေးသူတွေကြည့်ဖို့ မသင့်တော်ပါဘူး