Troy (2004) မြန်မာစာတန်းထိုး

Posted by ချမ်းငြိမ်း-မှော်ဝန်း on 6:39 AM with No comments


 Troy (2004) မြန်မာစာတန်းထိုး

-------------------
ဂရိဒဏ္ဍာရီ တွင် ထရိုဂျန်စစ်ပွဲကို အခီးယန်ဇ် (Achaeans) ခေါ် ဂရိများက ထရွိုင်မြို့ကို ဆင်နွှဲသည့် စစ်ပွဲဖြစ်ပါသည်။
စစ်ဆင်ရခြင်းအကြောင်းမှာ စပါတာဘုရင် မန်နစ်လေးယပ်စ်၏ဇနီးဖြစ်သော ဟယ်လင်ကို ပဲရစ် (ပါရိ) မင်းသားက ခိုးယူခေါ်ဆောင်ခြင်း
ကြောင့်ဖြစ်သည်။
ဒီဇာတ်ကားကတော့
ဟိုးမား၏ အိလိယဒ် ကဗျာရှည်ထဲက ထင်ရှားလှသည့် ဇာတ်ကြောင်းကို
ထုတ်နုတ်ထားသည့် ဇာတ်လမ်းဖြစ်သည်။
ဇာတ်လမ်းအစမှာ အားလုံးသိကြသည့် အတိုင်း
စပါတာဘုရင် မန်နစ်လေးယပ်စ်၏ဇနီးဖြစ်သော ဟယ်လင်ကို ပဲရစ် (ပါရိ) မင်းသားက ခိုးယူခေါ်ဆောင်ခြင်းကနေ စပါသည်။
ဇာတ်ကောင်များ။
အာခိလိ
(အာခိလိ) သည် ဂရိဒဏ္ဍာရီလာ သူရဲကောင်းဖြစ်ပြီး ထရိုဂျန်စစ်ပွဲတွင် ပါဝင်သည်။
ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ကောင် ဖြစ်ပါသည်။
မာမစ်ဒန်ဘုရင် ပီးလိရပ်နှင့် ပင်လယ်စောင့်နတ် သဲတစ်တို့မှ အာခိလိ (သိမ်းပိုက်ချင်စွမ်းကြီးသူဟု အဓိပ္ပာယ်ရ) ကို မွေးသည်။
ချောမောသော သဲတစ်ကို ဇုရော ပိုဆိုင်ဒန်ပါ အပြိုင်ပိုးကြသော်လည်း ဖခင်ထက်စွမ်းသောသား မွေးမည်ဟု ပရိုမီးသီးယပ်က ဟောသဖြင့် နှစ်ဦးလုံး လက်လျှော့သွားသည်။
သို့ဖြင့် သဲတစ်ကို ပီးလိရပ်နှင့် လက်ထပ်ပေးရန် ဇုက စီစဉ်လိုက်သည်။
အာခိလိမွေးကင်းစမှာ သဲတစ်က မသေသူဖြစ်စေရန် မရဏမြစ်၌ ရေနှစ်သည်။
သူ့လက်နှင့် ကိုင်ထားသည့် ဖနောင့်နှစ်ခုသာ ပျော့ကွက်ဟူ၍ ရှိသည်ဟု ဆိုသည်။
ဟတ်တာ
(ဟတ်တာ) သည် ထရိုဂျန်မင်းသားတပါးဖြစ်၍ ထရိုဂျန်စစ်ပွဲတွင် ထရွိုင်မြို့အတွက် အကြီးကျယ်ဆုံး တိုက်ခိုက်ခဲ့သူတဦးလည်းဖြစ်သည်။ ထရွိုင်မြို့ကို ခုခံကာကွယ်ရာတွင် ထရိုဂျန်သားများနှင့် မဟာမိတ်တပ်များအတွက် ခေါင်းဆောင်ဖြစ်ကာ ဂရိဘက်မှ တပ်သား (၃၁,၀၀၀) ကိုသတ်ဖြတ်နိုင်ခဲ့သူ ဖြစ်သည်။
နောက်ဆုံး၌ ဟက်တာသည် အာခိလိ နှင့်
ရင်ဆိုင်ခဲ့ရသည်။
ဒီဇာတ်ကားထဲမှာ ကျနော် အနှစ်သက်ဆုံး
သူရဲကောင်းတယောက် ဖြစ်ပါသည်။
စစ်ပွဲကို ရှောင်ရှားလိုသူ၊
တိုင်းပြည်ကို ချစ်သလို ညီဖြစ်သူကိုလည်း
အလွန်ချစ်သည်။
အာခိလိနဲ့ ရင်ဆိုင်ခါနီး ဇနီးနှင့် သားဖြစ်သူကို
မှာကြားတဲ့ အခန်းဟာ ရင်နင့်ဖွယ်ရာပါ။
သူရင်ဆိုင်ရမည့်သူမှာ ကျော်ကြားလှသည့်
နတ်စစ်သူရဲကောင်း အာခိလိ မဟုတ်ပါကလား။
ဒီဇာတ်ကားကို အတော်များများ ကြည့်ဖူးကြမှာပါ။
ကျနော်ဆီမှာ မကြာခဏဆိုသလို
တောင်းဆိုကြတဲ့ ဇာတ်ကားလည်း ဖြစ်ပါသည်။
အောက်က နှစ်သက်ရာလင့်တွေကနေ
ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။
လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။
ကျနော့်ရဲ့ FB အကောင့်ကိုလည်း
Add ထားပေးကြပါဦး။
Telegram ကနေလည်း တင်ပေးထားပါတယ်။
ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။

Mediafire 720p

Mediafire 360p

UsersDrive 720p

UsersDrive 360p

GoogleDrive 1080p
Categories: