ယုံကြည်ချက် တစိတ်တပိုင်းကို ဖွင့်အံဖို့နှင့် လေ့ကျက်မိသမျှ မျှဝေဖို့

  • ကြောက်တတ်တဲ့ အစုမှာလား၊ ဖေါက်ထွက်မယ့် အစုမှာလား။

    (သပြေသီးကောက်) ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်။ မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဘူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့ အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ် သွားကွယ်။ (မင်းသုဝဏ်) ...

    Read More
  • The Lord of the Rings: မြန်မာစာတန်းထိုး

    နဂိုထဲက ကောင်းပြီးသား ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။..

    Read More
  • Prison Break Season 1 မြန်မာစာတန်းထိုး

    Prison Break Season 1 မြန်မာစာတန်းထိုး အကြိမ်ပေါင်းများစွာ ဘယ်နှကြိမ်ပဲ ကြည့်ကြည့် ရိုးမသွားနိုင်တဲ့ စီးရီးကောင်းတကားပါ အတော််များများကြည့်ဖူးပြီးပြီးသားဖြစ်တာမို့ ဇာတ်လမ်းအညွှန်းကိုတော့ မရေးပေးထားတော့ပါဘူး အောက်မှာ Season 01 ကို ဒေါင်းယူနိုင်ပါတယ်

    Read More

Red Cliff II (2009) - မြန်မာစာတန်းထိုး


 Red Cliff II (2009) - မြန်မာစာတန်းထိုး

------------------
ဒီဇာတ်ကားကတော့
မင်မင်းဆက်ခေတ်က လျိုကွမ်းကျုံးရေးသားသော 'သုံးပြည်ထောင်ခေတ် ချစ်ဇာတ်လမ်းများ' သမိုင်းဝင် ဝတ္ထုထဲမှ ကျော်ကြားလှသော
ကမ်းပါးနီ တိုက်ပွဲ အဆက် ဖြစ်ပါတယ်။
ဒီဇာတ်လမ်းက အပိုင်းနှစ်ပိုင်းရှိပါတယ်။
မနေ့က ပထမပိုင်းတင်ပေးထားပြီးပါပြီ။
အထွေအထူးတော့ မညွန်းတော့ပါဘူး။
စစ်ရေးဗျူဟာရှင် "ခုံမင်" ခေါ် "ကျူးကော့လျံ
တယောက်
စွန်းချွမ် လျှိုပေ့တို့ လက်အောက်က
အင်အား ငါးသောင်းခန့်လောက်နဲ့
ချောင်းချောင်ရေတပ် အင်အားနှစ်သိန်းကို ဘယ်လိုရင်ဆိုင်မလဲ ရှုစားကြည့်ရအောင်ပါ။
Telegram ကနေလည်း တင်ပေးသွားပါ့မယ်။
ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။
Telegram ကနေ တိုက်ရိုက် ကြည့်ရှုနိုင်ကြသလို
အောက်က အဆင်ပြေတဲ့ နေရာတွေကလည်း
ဒေါင်းယူနိုင်ပါတယ်။
MediaFire

Red Cliff (2008) မြန်မာစာတန်းထိုး


 Red Cliff (2008) မြန်မာစာတန်းထိုး

----------------
ဒီဇာတ်ကားကတော့
မင်မင်းဆက်ခေတ်က လျိုကွမ်းကျုံးရေးသားသော 'သုံးပြည်ထောင်ခေတ် ချစ်ဇာတ်လမ်းများ' သမိုင်းဝင် ဝတ္ထုထဲမှ ကျော်ကြားလှသော
ကမ်းပါးနီ တိုက်ပွဲအကြောင်း ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ ကျနော်အာရုံကျမိတဲ့သူကတော့
နိုင်ငံရေးသမား၊ စစ်ရေးဗျူဟာရှင်၊ စာရေးဆရာ၊ အင်ဂျင်နီယာ၊ တီထွင်သူ တဦးဟု ခေါ်ကြသည့် "ခုံမင်" ခေါ် "ကျူးကော့လျံ (BC 181-234) ဖြစ်ပါတယ်။
ထိုခေတ်အတွင်း အပြောင်မြောက်ဆုံး ဗျူဟာရှင်ဟူ၍ အသိအမှတ်ပြုကြကာ
သူ့ကွယ်ရာမှာ "ဝို့လုံ (သို့) ဖုလုံ " လို့
ခေါ်ကြပါတယ်။ အဓိပ္ပာယ်ကတော့"ဝပ်နေသော နဂါး" (သို့) အိပ်နေသော နဂါး" ဖြစ်ပါတယ်။
သူဟာ စစ်ပွဲကို ဦးနှောက်နဲ့ တိုက်သူတဦးဖြစ်ပါတယ်။
သူမသေဆုံးမီ စစ်သူကြီး ကျင့်ဝေကို ပေးခဲ့တဲ့ စစ်ရေးဗျူဟာကျမ်း (၂၄) တွဲဟာ
ဆွန်ဇု ရေးသားခဲ့သည့် The Art of War နှင့်
တန်းတူ အသိမှတ်ပြုကြပါတယ်။
ဒီဇာတ်ကားကို အတော်များများကြည့်ဖူးကြမှာပါ။
ကျနော်ကိုယ်တိုင်လည်း အကြိမ်ကြိမ်ကြည့်ဖြစ်ပါတယ်။
ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်တဲ့
ဇာတ်ကားကောင်းလည်း ဖြစ်ပါတယ်။
ဒီဇာတ်ကားက အပိုင်း နှစ်ပိုင်းရှိပါတယ်။
မနက်ဖြန် အပိုင်းနှစ်ကို တင်ပေးပါ့မယ်။
Telegram ကနေလည်း တင်ပေးသွားပါ့မယ်။
ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။
Telegram ကနေ တိုက်ရိုက် ကြည့်ရှုနိုင်ကြသလို
အောက်က အဆင်ပြေတဲ့ နေရာတွေကလည်း
ဒေါင်းယူနိုင်ပါတယ်။
Google Drive

UsersDrive

One Drive

နွားတွေ ဘယ်တော့မှ အသိဉာဏ်ရှိမည်မဟုတ်


 နွားတွေ ဘယ်တော့မှ အသိဉာဏ်ရှိမည်မဟုတ်

------------------
တခါက ကိုလံဘီယာနိုင်ငံထုတ် သားရေပစ္စည်းတွေ ဈေးကွက်မှာ
ဘာကြောင့် ဈေးကောင်းမရလဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လေ့လာမှုတခု လုပ်ကြသည်။
ပထမဆုံး သားရေပစ္စည်းလုပ်ငန်းရှင်များထံ
သွားရောက်မေးမြန်းရာ
"စက်ရုံလုပ်သားတွေ အသုံးမကျလို့" ဟုဖြေသည်။
စက်ရုံလုပ်သားတွေထံ သွားရောက်မေးမြန်းကြသည်။
သူတို့က " သားသတ်ရုံက လူတွေကြောင့်" ဟု ဆိုသည်။
သားသတ်ရုံတွေဆီ မေးမြန်းသည့်အခါ
"နွားခြံပိုင်ရှင်တွေကြောင့်" ဟုဆိုပြန်သည်။
ဒီတခါတော့ ကိစ္စပြတ်ပြီ အဖြေပေါ်ပြီဟု တွက်ကြသည်။
သို့နှင့် နွားခြံတွေဆီ သွားရောက်မေးမြန်းကြသည်။
ထိုအခါ နွားခြံပိုင်ရှင်တွေက တိုတိုပြတ်ပြတ် ဖြေကြသည်မှာ
" နွားတွေဗျ နွားတွေ သူတို့ အသိဉာဏ်မရှိလို့ " ဟူ၏။
ကျနော်တို့တိုင်းပြည်မှာ ဖြစ်ပျက်ခဲ့သမျှအရာရာအားလုံးသည်း
နွားတွေကြောင့်ဟုသာ ဆိုရမည်သာ။
သို့သော် ...
"နွားတွေဗျ နွားတွေ၊ နွားတွေအသိဉာဏ်မရှိလို့" ဟု ဆိုရုံဖြင့် ပြဿနာ ပြီးမည်မဟုတ်ပါ။
နွားတွေကတော့ ဘယ်တော့မှ အသိဉာဏ်ရှိလာမည် မဟုတ်ပါ။

02/01/2022

သွေးထိုးခြင်းနှင့် အစွဲ


 သွေးထိုးခြင်းနှင့် အစွဲ

-----------------
"ဒီမိုကရေစီခေတ်မှာ မကျေနပ်ရင် ဝန်ကြီးချုပ်အိမ်ရှေ့မှာ သွားကော်ဆဲလို့ ရတယ်" ဟူ၍
ကြေးမုံ ဦးသောင်း ရဲ့ ဆောင်းပါးတပုဒ်ထဲမှာ
ဖတ်ဖူးပါသည်။
စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း
ကိုယ့်အိမ်ထဲ ကိုယ်နေရင်တောင် အပြစ်ရှိတယ်လို့
သူတို့ ထင်ရင် ထင်သလို သတ်မှတ်ကြသည်မှာ
ကနေ့ အချိန်ထိဖြစ်ပါသည်။
ကျနော်တို့ငယ်ငယ်ကတည်းက ကြားဖူးတာတခုရှိပါသည်။
BBC သွေးခွဲသည်၊
VOA သွေးထိုးသည်၊
RFA ဘာဖြစ်သည် ညာဖြစ်သည် စသည်တို့ ဖြစ်ပါသည်။
လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို
သွေးထိုးသည်၊ သွေးခွဲသည် စသည်ဖြင့်
"ပရိုကရေးတိစ်" "စံ" မျိုးနဲ့ ကန့်သတ် ပိတ်ပင်ပါသည်။
"ပရိုကရေးတိစ်" စံ ဆိုတာက
ရှေးဂရိခေတ်က ဓါးပြကြီးတဦးရှိသည်။
သူ့အမည်က "ပရိုကရေးတိစ်"။
သူက ဖမ်းမိလာတဲ့သူတွေကို ထူးထူးဆန်းဆန်း
"စံ" တခုထား၍ နှိပ်စက်လေ့ရှိသည်။
ဖမ်းမိလာတဲ့သူတွေကို ကုတင်တခုပေါ် လှဲအိပ်ခိုင်းသည်။
ခုတင်ထက် အရပ်ရှည်သူကို ခြေထောက်ဖြတ်ပစ်သည်။
ခုတင်ထက် အရပ်နိမ့်သူကို ခြေထောက်ဆွဲဆန့်သည်" ဟူ၍။
သွေးထိုးသည်။ သွေးခွဲသည် စသည့်စကားလုံးများသည်။
လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို
ဆိတ်သုဉ်းစေသော စစ်အုပ်စု၏ အနုလက်နက် တခုဟု ကျနော်သတ်မှတ်ပါသည်။
လူတော်တော်များများသည် ထိုအင်မတန်ကြောက်စရာကောင်းသော ရန်သူ့လက်နက်ကို
ညီညွတ်ရေးဟူသော အကြောင်းပြချက်ဖြင့်
ယူငင်သုံးစွဲနေကြပါသည်။
ရန်သူသုံးတုန်းက မတရားဟု သတ်မှတ်ထားလျှင်
မိမိသုံးလျှင်လည်း တရားသည်ဟု ဆိုနိုင်မည်လော။
အခုအချိန်မှာ ကျနော်တို့ ပြည်သူ့အစိုးရ
NUG ကို ကျနော်တို့ ကူညီဖို့ လိုသလို
ထင်မြင်ချက်တွေလည်း
ပေးခွင့်ရှိသည်ဟု ထင်ပါသည်။
ထိုသို့ မဟုတ်ဘဲ အားလုံးကောင်းပါသည်ခင်ဗျာ။
အားလုံးမှန်ပါသည် ခင်ဗျာ ပဲပြောရမယ်ဆိုရင်
ကျနော်တို့ လူနဲ့ မူကို "ဘူးလုံးနားမထွင်း" ဖြစ်လို့ပဲဟု ဆိုချင်ပါသည်။
ကျနော်တို့ဆီမှာ စစ်အုပ်စုအမွေပေးလိုက်တဲ့
အစွဲတွေမပြုတ်သေးဘူးလား။
ကျနော်တို့ လွယ်လွယ်လေး သွေးကွဲရအောင်
သူများပါးစပ်နဲ့ လမ်းဆုံးနေကြတဲ့သူတွေလား။
ကျနော်တို့ လိုချင်တာ ဘာလဲ။
02/03/2022

Bridge of Spies (2015) မြန်မာစာတန်းထိုး


 Bridge of Spies (2015) မြန်မာစာတန်းထိုး

--------------------
စစ်အေးကာလမှာ တကယ်ရှိခဲ့ဖူးတဲ့ လူတယောက်။
သူ့အမည်က ဒိုနိုဗန်၊ အိုင်ရစ်နွယ်ဖွား
အမေရိကန်။
သူက အာမခံလျော်ကြေးဆိုင်ရာရှေ့နေ တယောက်ဖြစ်ပါတယ်။
တနေ့ ...
အေဗယ် ဆိုတဲ့ ဆိုဗီယက်သူလျှိုတယောက်အတွက်
တရားရုံးမှာ လျှောက်လွှဲချက်ပေးဖို့
တာဝန်ပေးခံရတာကနေ ဒီဇာတ်လမ်းက စပါတယ်။
သူဟာ မိသားစု၊ ပတ်ဝန်ကျင်နဲ့ အမေရိကန် အသိုင်းအဝိုင်းတခုလုံးက
ဆန့်ကျင်မှုခံရသည်တိုင်
သူ့အလုပ်ကိုသာ အာရုံစိုက်ခဲ့သူ။
ရုရှားနဲ့ အမေရိကန် နှစ်နိုင်ငံ သူလျှိုချင်း
လဲလှယ်တဲ့ ကိစ္စတွေအထိ ပါဝင်ပတ်သက်ခဲ့ရသူ။
စစ်အေးကာလ ဆိုဗီယက်ရုရှား နဲ့ အမေရိကန်တို့ရဲ့
အခြေအနေတရပ်ကို တွေ့မြင်ကြရမယ့်
စိတ်ဝင်စားဖွယ် ဇာတ်ကားဖြစ်ပါတယ်။
မင်းသားကြီး Tom Hanks ရဲ့ ဇာတ်ကားမို့
အထွေအထူးတော့ မညွန်းတော့ပါဘူး။
ကျနော့်ရဲ့ FB အကောင့်ကိုလည်း
Add ထားပေးကြပါဦး။
Telegram ကနေလည်း တင်ပေးထားပါတယ်။
ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။
အောက်က နှစ်သက်ရာလင့်တွေကနေ
ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။
လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။
Mediafire 1080p 2.4 GB

Mediafire 720p 1.2 GB

UsersDrive 1080p 2.4GB

UsersDrive 720p 1.2 GB

GoogleDrive 720p 1.2 GB

The Imitation Game (2014) မြန်မာစာတန်းထိုး


 The Imitation Game (2014) မြန်မာစာတန်းထိုး

------------------------
အလန် ကျူရင်း (23 June 1912 – 7 June 1954)
ကမ္ဘာ့သမိုင်းကို ပြောင်းလဲခဲ့ကြတဲ့ လူတွေထဲက တယောက် ဖြစ်ပါသည်။
ဒုတိယကမ္ဘာစစ် အစောပိုင်းကာလတွေမှာ
ဂျာမဏီတို့ စစ်ရေးအရ အခြားနိုင်ငံတွေအပေါ် အသာရစေခဲ့တဲ့အချက်တွေထဲမှာ
" အနီဂမာ" လို့ခေါ်တဲ့ လျှို့ဝှက်ကြေးနန်းပို့စနစ်
ဟာလည်း အရေးကြီးတဲ့ အချက်တခု ဖြစ်ပါသည်။
"အနီဂမာ" ကတဆင့် သတင်းပေးပို့မယ်ဆိုရင် အခြားနိုင်ငံတွေအနေနဲ့ ဘယ်လိုမှ "အနီဂမာ" ရဲ့
စကားဝှက်စာတွေကို မဖော်နိုင်ကြပါဘူး။
" ဖြစ်နိုင်ခြေ" သန်းပေါင်း (၁၅၉) သန်းထိရှိတဲ့ စကားလုံးတွဲဖက်မှုတွေပေါ်လာနိုင်လို့ ဖြစ်ပါသည်။
အဲဒီ "ဖြစ်နိုင်ခြေများ" အားလုံးကိုဖော်နိုင်တယ်ထားဦးတော့
ဂျာမန်တို့က ညသန်းခေါင်ကျော်ရင် setting အသစ်တမျိုးထပ်ပြောင်းတာကြောင့် ၂၄ နာရီအတွင်း "စကားဝှက်" စာဖော်ထုတ်ဖို့ဆိုတာ
လုံးဝကို မဖြစ်နိုင်ကိစ္စ ဖြစ်ခဲ့ပါသည်။
ဗြိတိသျှထောက်လှမ်းရေး အေဂျင်စီ ( MI6)က
အဲဒီ " အနီဂမာ" ကိုဖော်နိုင်ဖို့ အတွက်
သင်္ချာပညာရှင်တွေ၊ လျှို့ဝှက်စာ ပါရဂူ တွေကို
စုစည်းပြီး အဖွဲ့တခုဖွဲ့စည်းပါသည်။
ကမ္ဘာစစ်၏ ချိန်ခွင်ရှာကို ပြောင်းလဲစေခဲ့တဲ့
အဖွဲ့အစည်းတခု ဖြစ်ခဲ့ပါသည်။
အဲဒီအဖွဲ့မှာ အလန် ကျူရင်း တယောက်
ခေါင်းဆောင်ဖြစ်လာပါသည်။
ငွေကြေးများစွာ ကုန်ကျခဲ့သလို
အချိန်လည်း အတော်ယူခဲ့ရပါသည်။
တချိန်တည်းမှာပဲ အလန် ကျူရင်း ကို
သူလျှိုတယောက်အဖြစ် သံသယဝင်စရာ
အဖြစ်အပျက်တွေကလည်း ရှိနေပြန်ပါသည်။
သူတို့ အစီစဉ်တွေ အောင်မြင်သည်ထား
ဂျာမန်တွေရဲ့ လျှို့ဝှက်ကြေးနန်းတွေကို
ဖော်ထုတ်နိုင်သည်ကို ဂျာမန်တွေသိသွားရင်
ကြေးနန်းအစီစဉ်တွေ ပြောင်းမည်မှာမလွဲ
ဒါဆို အချိန်ကုန် ငွေကုန်ခံလုပ်ခဲ့ကြတဲ့
စီမံကိန်းဟာ စာတစောင်လောက်နဲ့ နိတ္တိတံ ရမယ့်ကိန်း ဖြစ်မည်။
ဒါဆို ဘယ်လို လုပ်ကြမလဲ။
ဒါကြောင့်ပင် " တုပခြင်း ကစားပွဲ" ဖြစ်လာပါတော့သည်။
ဒီဇာတ်ထဲမှာ ပါဝင်တဲ့ အချက်အလက်အချို့ဟာ
နှစ်ပေါင်း (၅၀) ကျော် ဗြိတိသျှ အစိုးရက
ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် လျှို့ဝှက်ထားခဲ့တဲ့
အရာများဖြစ်ပါသည်။
ဒါကြောင့်ပဲ ဆိုရမလားမသိ ဒေါ်လာ ၁၄ သန်း
အကုန်ကျခံ ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားဟာ
ဝင်ငွေအဖြစ် ဒေါ်လာ 233.6 သန်း ရရှိခဲ့ပါသည်။
ဒီဇာတ်ကားမှာ တွေ့ရတဲ့ အချက်အလက်တွေကို
​ကြည့်ရင် စစ်ပွဲ တပွဲမှာ ရန်သူလှုပ်ရှားမှုသတင်းဟာ
မည်မျှ အရေးကြီးကြောင်း သိရပါမည်။
" ရန်သူအကြောင်း များများသိလေ
တိုက်ပွဲအောင်မြင်ဖို့ နီးစပ်လေ" ဟု
ဆွန်ဇု ကလည်း ပြောဖူးပါသည်။
လက်ရှိကျနော်တို့ နွေဦးတော်လှန်ရေးမှာ
သင်ခန်းစာယူစရာ အဖြစ်အပျက်တွေ မကြာခဏ
တွေ့ရပါသည်။
အသက်နဲ့ရင်းနေသော တိုက်ပွဲဝင် သူရဲကောင်းတွေကို
တန်ဖိုးထားရင် ရန်သူမသိသင့်တဲ့
အရာတွေကို FB ပေါ်တင်ပြီး သတင်းမလုပ်ကြဖို့၊
တော်လှန်ရေး အာသာမဖြေကြဖို့ တိုက်တွန်းချင်ပါသည်။
ကျနော့်ရဲ့ FB အကောင့်ကိုလည်း
Add ထားပေးကြပါဦး။
Telegram ကနေလည်း တင်ပေးထားပါတယ်။
ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။
အောက်က နှစ်သက်ရာလင့်တွေကနေ
ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။
လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။
Mediafire 1080p 1.5 GB

Mediafire 720p 850 MB

UsersDrive 1080p 1.5 GB

UsersDrive 720p 850 MB

GoogleDrive 720p 1.2 GB

Troy (2004) မြန်မာစာတန်းထိုး


 Troy (2004) မြန်မာစာတန်းထိုး

-------------------
ဂရိဒဏ္ဍာရီ တွင် ထရိုဂျန်စစ်ပွဲကို အခီးယန်ဇ် (Achaeans) ခေါ် ဂရိများက ထရွိုင်မြို့ကို ဆင်နွှဲသည့် စစ်ပွဲဖြစ်ပါသည်။
စစ်ဆင်ရခြင်းအကြောင်းမှာ စပါတာဘုရင် မန်နစ်လေးယပ်စ်၏ဇနီးဖြစ်သော ဟယ်လင်ကို ပဲရစ် (ပါရိ) မင်းသားက ခိုးယူခေါ်ဆောင်ခြင်း
ကြောင့်ဖြစ်သည်။
ဒီဇာတ်ကားကတော့
ဟိုးမား၏ အိလိယဒ် ကဗျာရှည်ထဲက ထင်ရှားလှသည့် ဇာတ်ကြောင်းကို
ထုတ်နုတ်ထားသည့် ဇာတ်လမ်းဖြစ်သည်။
ဇာတ်လမ်းအစမှာ အားလုံးသိကြသည့် အတိုင်း
စပါတာဘုရင် မန်နစ်လေးယပ်စ်၏ဇနီးဖြစ်သော ဟယ်လင်ကို ပဲရစ် (ပါရိ) မင်းသားက ခိုးယူခေါ်ဆောင်ခြင်းကနေ စပါသည်။
ဇာတ်ကောင်များ။
အာခိလိ
(အာခိလိ) သည် ဂရိဒဏ္ဍာရီလာ သူရဲကောင်းဖြစ်ပြီး ထရိုဂျန်စစ်ပွဲတွင် ပါဝင်သည်။
ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ကောင် ဖြစ်ပါသည်။
မာမစ်ဒန်ဘုရင် ပီးလိရပ်နှင့် ပင်လယ်စောင့်နတ် သဲတစ်တို့မှ အာခိလိ (သိမ်းပိုက်ချင်စွမ်းကြီးသူဟု အဓိပ္ပာယ်ရ) ကို မွေးသည်။
ချောမောသော သဲတစ်ကို ဇုရော ပိုဆိုင်ဒန်ပါ အပြိုင်ပိုးကြသော်လည်း ဖခင်ထက်စွမ်းသောသား မွေးမည်ဟု ပရိုမီးသီးယပ်က ဟောသဖြင့် နှစ်ဦးလုံး လက်လျှော့သွားသည်။
သို့ဖြင့် သဲတစ်ကို ပီးလိရပ်နှင့် လက်ထပ်ပေးရန် ဇုက စီစဉ်လိုက်သည်။
အာခိလိမွေးကင်းစမှာ သဲတစ်က မသေသူဖြစ်စေရန် မရဏမြစ်၌ ရေနှစ်သည်။
သူ့လက်နှင့် ကိုင်ထားသည့် ဖနောင့်နှစ်ခုသာ ပျော့ကွက်ဟူ၍ ရှိသည်ဟု ဆိုသည်။
ဟတ်တာ
(ဟတ်တာ) သည် ထရိုဂျန်မင်းသားတပါးဖြစ်၍ ထရိုဂျန်စစ်ပွဲတွင် ထရွိုင်မြို့အတွက် အကြီးကျယ်ဆုံး တိုက်ခိုက်ခဲ့သူတဦးလည်းဖြစ်သည်။ ထရွိုင်မြို့ကို ခုခံကာကွယ်ရာတွင် ထရိုဂျန်သားများနှင့် မဟာမိတ်တပ်များအတွက် ခေါင်းဆောင်ဖြစ်ကာ ဂရိဘက်မှ တပ်သား (၃၁,၀၀၀) ကိုသတ်ဖြတ်နိုင်ခဲ့သူ ဖြစ်သည်။
နောက်ဆုံး၌ ဟက်တာသည် အာခိလိ နှင့်
ရင်ဆိုင်ခဲ့ရသည်။
ဒီဇာတ်ကားထဲမှာ ကျနော် အနှစ်သက်ဆုံး
သူရဲကောင်းတယောက် ဖြစ်ပါသည်။
စစ်ပွဲကို ရှောင်ရှားလိုသူ၊
တိုင်းပြည်ကို ချစ်သလို ညီဖြစ်သူကိုလည်း
အလွန်ချစ်သည်။
အာခိလိနဲ့ ရင်ဆိုင်ခါနီး ဇနီးနှင့် သားဖြစ်သူကို
မှာကြားတဲ့ အခန်းဟာ ရင်နင့်ဖွယ်ရာပါ။
သူရင်ဆိုင်ရမည့်သူမှာ ကျော်ကြားလှသည့်
နတ်စစ်သူရဲကောင်း အာခိလိ မဟုတ်ပါကလား။
ဒီဇာတ်ကားကို အတော်များများ ကြည့်ဖူးကြမှာပါ။
ကျနော်ဆီမှာ မကြာခဏဆိုသလို
တောင်းဆိုကြတဲ့ ဇာတ်ကားလည်း ဖြစ်ပါသည်။
အောက်က နှစ်သက်ရာလင့်တွေကနေ
ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။
လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။
ကျနော့်ရဲ့ FB အကောင့်ကိုလည်း
Add ထားပေးကြပါဦး။
Telegram ကနေလည်း တင်ပေးထားပါတယ်။
ကျနော့်ရဲ့ Telegram Channel လေးကိုလည်း Join ထားပေးကြပါဦး။

Mediafire 720p

Mediafire 360p

UsersDrive 720p

UsersDrive 360p

GoogleDrive 1080p

စုပေါင်းစွမ်းအား


 စုပေါင်းစွမ်းအား

---------------
ဆောင်းဦးပေါက်ရောက်တဲ့အခါတိုင်း တောင်အရပ်ဆီကို
ဦးတည်ပျံသန်းသွားကြတဲ့
ဗျိုင်းအုပ်တွေကို တွေ့ဖူးကြပါလိမ့်မည်။
ခပ်မြင့်မြင့်ကနေ အင်္ဂလိပ် (V) အက္ခရာပုံနဲ့
အုပ်စုဖွဲ့ပြီး ပျံသန်းလေ့ရှိကြတာ သတိထားမိကြမှာပါ။
အသိဉာဏ်နိမ့်ပါးလှတဲ့ တိရိစ္ဆာန်တွေမို့
ဒါဟာ ကြုံသလိုပျံကြတယ်လို့ မထင်ပါနဲ့။
ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ
အခုပုံသဏ္ဌာန်နဲ့ ပျံသန်းတာဟာ
သူတို့အတွက် အကျိုး (၅) မျိုးရရှိစေပါသည်။
(၁) တကောင်းချင်း ပျံတာထက် အခုလို အုပ်စုဖွဲ့ပြီး
(V) ပုံသဏ္ဌာန် ပျံတာဟာ (၇၁) ရာခိုင်နှုန်း ပိုမိုခရီးတွင်သည်။
( ရှေ့ဆုံးက ဗျိုင်းရဲ့ တောင်ပျံခတ်ချက်ကြောင့်
ဖြစ်ပေါ်လာတဲ့ လေဟုန်ကို နောက်က အကောင်က အသုံးချနိုင်တာကြောင့်)
(၂) ရှေ့ဆုံးက ဦးဆောင်ပျံသန်းနေတဲ့ ဗျိုင်း
မောလာရင် နောက်ကိုအသာဆုတ်ပြီး
သူ့နောက်က ဗျိုင်းကို အစားထိုးသည်။
( ပုံသဏ္ဌာန်ရော ခေါင်းဆောင်မှုပါ မပြတ်)
(၃) နောက်က ဗျိုင်းတွေရဲ့ အော်သံဟာ
ရှေ့က ဦးဆောင်ပျံသန်းသူအတွက်
ခွန်အားဖြစ်စေတယ်။
( ဗျိုင်းတွေရဲ့ အသံဟာ အလကားအော်သံမဟုတ်
ခရီးရှည်အတွက် အားပေးကြွေးကြော်သံ ဖြစ်နိုင်)
(၄) ဗျိုင်းတကောင်ဟာ အကြောင်းတခုခုကြောင့်
အုပ်စုအပြင်ဘက်ကိုရောက်ရင်
အမြန်ဆုံး သူ့နေရာ ပြန်ဝင်တတ်သည်။
( တကောင်ချင်းပျံတာထက် အုပ်စုလိုက်ပျံသန်းရခြင်းရဲ့
အကျိုးကို သိရှိထားတာကြောင့်)
(၅) တကယ်လို့ ဗျိုင်းတကောင်ဟာ
ဒဏ်ရာရလို့ဖြစ်စေ၊ အကြောင်းတခုခုကြောင့်
နောက်ကျ ကျန်ရစ်ခဲ့လျှင်
အခြားဗျိုင်းနှစ်ကောင်က အုပ်စုကခွဲထွက်ပြီး
သူ့ဘေးနှစ်ဖက်မှ ခြံရံပြီး ဖေးမ ပျံတယ်။
သူကျမ်းမာ မှ (ဒါမှမဟုတ်) သေဆုံးမှ
အဖွဲ့ ပြန်ပူးပေါင်းသည်။
( ရဲဘော် ရဲဘက်စိတ်ဓါတ်၊ သစ္စာတရား)
ကျနော်တို့ လူတွေထက် အသိဉာဏ် နိမ့်ပါးတဲ့
ဗျိုင်းတွေဟာ စုပေါင်းစွမ်းအားကို
အသုံးချပြီး သူတို့လိုရာခရီးကို ချီတတ်ကြပါသည်။
ကျနော်တို့ အနေနဲ့ ညီညွတ်မှု (စုပေါင်းစွမ်းအား) ကို
အလေးဂရုပြုဖို့ လိုပါသည်။
စစ်အုပ်စုရဲ့ အင်အားက ဘာလဲ။
ကျနော်တို့ အင်အားကဘာလဲ။
အားမနာတမ်းပြောရရင် စုပေါင်းစွမ်းအားနေရာမှာ
ကျနော်တို့ စစ်အုပ်စုကို ဘယ်တုန်းကမှ မမီခဲ့ပါ။
တဦးအနေနှင့် ကျနော်တို့ အသာရနိုင်တဲ့
စွမ်းအားတွေ ရှိသည့်တိုင်
စစ်အုပ်စုကို ကျနော်တို့ ဘယ်တုန်းကမှ
အသာစီး မထိုးနှက် နိုင်ခဲ့ပါ။
အကြောင်းက ရှင်းပါသည်။
ပြဿနာကို သိကြပါသည်။
ပြဿနာ ဖြေရှင်းနည်း ကိုလည်းသိကြပါသည်။
သို့သော်
ပြဿနာ ဖြေရှင်းတဲ့ အလုပ်ကို
စုပေါင်း မလုပ်နိုင်ကြခြင်း ဖြစ်ပါသည်။
သဘောတရား နဲ့ ပြဿနာကို ဘယ်ဟာ
အရင်ရှင်းမလဲဆိုတာကို အငြင်းပွားရင်း
ပြဿနာ ကိုလည်း မရှင်းနိုင်၊
သဘောတရားကိုလည်း မဆွေးနွေးနိုင် ဖြစ်နေကြလို့ပါ။
ထား၊ ဒီအကြောင်း နောက်မှ တင်ပြပါမည်။
ကနေ့ နွေဦးတော်လှန်ရေးနှင့်
စုပေါင်းစွမ်းအား အကြောင်းပြောပါမည်။
ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊
မကြိုက်သည်ဖြစ်စေ၊
အားရသည်ဖြစ်စေ၊ အားမရသည်ဖြစ်စေ
ဒီတော်လှန်ရေးကို ဦးဆောင်ပျံသန်းနေတာ
(NUG) ဖြစ်သည်ကို ဘယ်သူမှ မငြင်းနိုင်ပါ။
အဲဒီဦးဆောင်မှုအောက်ကနေ လိုက်ပါမည်ဆိုလျှင် ကျနော်တို့ လိုရာပန်းတိုင်ကို
အမြန်ဆုံး ရောက်မည်ဖြစ်ပါသည်။
အထက်ဖော်ပြပါ အချက်ငါးချက်အရ
(၁) အချက် နဲ့ (၂) အချက်ဟာ
NUG ရဲ့ အပိုင်းဖြစ်ပါသည်။
ကျန်သုံးချက်က ကျနော်တို့ သူသူငါငါတို့
လိုက်နာရမယ့် အချက်များဟု ထင်ပါသည်။
ဗျိုင်း သတ္တဝါတွေထက် အသိဉာဏ်ကြီးသော
ကျနော်တို့ လူသားတွေအတွက်
ဘာကြောင့်များ "စုပေါင်းစွမ်းအား" ကို
အသုံးမချနိုင်ရမည်နည်း။
နိဂုံးချုပ် ရရင်
"သမဂ္ဂါနံ တပေါ သုခေါ" ဟူ၏။
ကိုးကား - Sean Covey by:
The 7 Habits of Highly Effective Teens
03/17/2022